ဗဟုတုသ

အိမ်စားယုံမက ဝင်ငွေပါရနိုင်တဲ့ အိမ်တွင်းကန်စွန်းဥ စိုက်နည်း

အိမ်စားယုံမက ဝင်ငွေပါရနိုင်တဲ့ အိမ်တွင်းကန်စွန်းဥ စိုက်နည်း

သင့်မှာ အစားအစာအတွက် စိုက်စရာ မြေကြီးမရှိလည်း မပူပါနဲ့။ လူ့ဦးနှောက်က ကြံဆဖန်တီးနိုင်စွမ်း ရှိပြီးသားပါ။ ကိုယ်ကြိုက်တဲ့ကန်စွန်းဥ အမျိုးအစားကို အရင်ရှာဖွေပါ။

ကန်စွန်းဥဟာ မျက်လုံး၊ အသားအရေ၊ အာရုံကြော၊ အရိုး၊ ကြွက်သားများကို သန်စွမ်းစေသလို အမျှင်ဓာတ်ပါဝင်လို့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

ကန်စွန်းဥ အရွက်ကိုလည်းစားသုံးနိုင်တယ်။ ကန်စွန်းဥကိုလည်း ဟင်းချက်စားနိုင်တယ်။ ပြုတ်မယ်၊ မီးနဲ့ဖုတ်မယ် သို့မဟုတ် ဆန်မှုန့်နဲ့ ကြော်စားမယ်။ မိမိ တီထွင်သလို ပြုလုပ်စားသုံးလို့ ရပါတယ်။

ဘိလပ်မြေ အိတ်ခွံထဲကိုမြေကြီး (၅) ပြည်လောက်ထည့်ပါ။ နွားချေး (၁)ပြည် ထည့်ပါ။ ကန်စွန်းဥ တလုံးနှလုံးထည့်ပါ။ မြေကြီး (၃) ပြည်လောက်ပြန်ထည့်ပါ။ နေ့စဉ် ရေစွတ် ရေဖြန်းပေးပါ။ နေရောင်ခြည်ရမယ့် နေရာဆီ ရွှေ့ပေးပါ။

ဘိလပ်မြေအိတ် မကြိုက်ရင် ဆီပုံးအဟောင်း၊ ပန်းအိုးတွေနဲ့ စိုက်လို့ရတယ်။ အောက်ခြေမှာ ရေစိမ့်ဖို့ အပေါက်ဖောက်ပေးရမယ်။ အိုးကို ကြိုးနဲ့ချိတ်ထားရင်လည်း ရပါတယ်။

(နည်းပညာပံ့ပိုးပေးသူ ဆရာလှမြင့်ကျော်ရွှေ မြေကြီးအော်ဂဲနစ်ခြံ)

(Zawgyi)

အိမ္စားယုံမက ဝင္ေငြပါရႏိုင္တဲ့ အိမ္တြင္းကန္စြန္းဥ စိုက္နည္း

သင့္မွာ အစားအစာအတြက္ စိုက္စရာ ေျမႀကီးမရွိလည္း မပူပါနဲ႔။ လူ႔ဦးေႏွာက္က ႀကံဆဖန္တီးႏိုင္စြမ္း ရွိၿပီးသားပါ။ ကိုယ္ႀကိဳက္တဲ့ကန္စြန္းဥ အမ်ိဳးအစားကို အရင္ရွာေဖြပါ။ ကန္စြန္းဥဟာ မ်က္လုံး၊ အသားအေရ၊ အာ႐ုံေၾကာ၊ အ႐ိုး၊ ႂကြက္သားမ်ားကို သန္စြမ္းေစသလို အမွ်င္ဓာတ္ပါဝင္လို႔ အစာေျခစနစ္ကို ေကာင္းမြန္ေစပါတယ္။ ကန္စြန္းဥ အ႐ြက္ကိုလည္းစားသုံးႏိုင္တယ္။ ကန္စြန္းဥကိုလည္း ဟင္းခ်က္စားႏိုင္တယ္။ ျပဳတ္မယ္၊ မီးနဲ႔ဖုတ္မယ္ သို႔မဟုတ္ ဆန္မႈန႔္နဲ႔ ေၾကာ္စားမယ္။ မိမိ တီထြင္သလို ျပဳလုပ္စားသုံးလို႔ ရပါတယ္။

ဘိလပ္ေျမ အိတ္ခြံထဲကိုေျမႀကီး (၅) ျပည္ေလာက္ထည့္ပါ။ ႏြားေခ်း (၁)ျပည္ ထည့္ပါ။ ကန္စြန္းဥ တလုံးႏွလုံးထည့္ပါ။ ေျမႀကီး (၃) ျပည္ေလာက္ျပန္ထည့္ပါ။ ေန႔စဥ္ ေရစြတ္ ေရျဖန္းေပးပါ။ ေနေရာင္ျခည္ရမယ့္ ေနရာဆီ ေ႐ႊ႕ေပးပါ။ ဘိလပ္ေျမအိတ္ မႀကိဳက္ရင္ ဆီပုံးအေဟာင္း၊ ပန္းအိုးေတြနဲ႔ စိုက္လို႔ရတယ္။ ေအာက္ေျခမွာ ေရစိမ့္ဖို႔ အေပါက္ေဖာက္ေပးရမယ္။ အိုးကို ႀကိဳးနဲ႔ခ်ိတ္ထားရင္လည္း ရပါတယ္။

(နည္းပညာပံ့ပိုးေပးသူ ဆရာလွျမင့္ေက်ာ္ေ႐ႊ ေျမႀကီးေအာ္ဂဲနစ္ၿခံ)

Leave a Reply

Your email address will not be published. Required fields are marked *