ဗဟုတုသ

နတ်တွေဖွတ်ထားတဲ့ ရတနာမျိုးစုံထွက်တဲ့ သပိတ်ကျင်းနယ်ထဲက ကျောက်တွင်းကြီး

သပိတ်ကျင်းနယ်ထဲက နတ်တွေဖွတ်ထားတဲ့ ရတနာမျိုးစုံထွက်တဲ့ ကျောက်တွင်းကြီး

ရတနာတွင်းကြီးလို့ ခေါ်လိုက်ပါရစေနော်။ တကယ်တမ်းကတော့ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ လူးတွင်းကြီးပါ။ အဲ့ဒီအထဲမှာတော့ ကျောက်မျက်ရတနာမျိုးစုံ ပြည့်နှက်နေပါတယ်နော်။ အဲ့တွင်းကြီးက ကျောက်ကြီးရွာရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်နော်။ ကျောက်ကြီးရွာဆိုတာဟာ ကျောက်ကြီး နည်းပညာတပ်ရဲ့ ဘေးနားကပါ။ အဲ့ဒီနားက ဒေသတစ်ဝိုက်ဟာ ရွှေ ငွေ သယံဇာတ ကျောက်မျက်ရတနာတွေများစွာ ထွက်ရှိတဲ့ ရတနာနယ်မြေဖြစ်ပါတယ်။

သပိတ်ကျင်းနယ်ထဲကနေ ထွက်တဲ့ ပတ္တမြား၊ နီလာတို့ဟာ ဝါးဖြူတောင်ကျောက်လို့ သိကြပါသည်။ ကျောက်ကြီး နည်းပညာတပ်ဟာလည်း ယူရေနီယမ်အတွက်ဘဲ တည်ထားတာလို့ ပြောကြတာပါ။ ကျောက်ကြီးနည်းပညာတပ်ရဲ့ ဝင်ပေါက်က နီလာကျောက်ကျောကြီးဟု ကျောက်ကြီးရွာရဲ့ ရှေ့မှီနောက်မှီ လူကြီးတွေက ပြောကြတာပါ။ တစ်နေ့မှာ ကျောက်ကြီးရွာကနေ မုဆိုးကြီး ခြောက်ယောက်က တောလည် ထွက်လာတာပါ။ မုဆိုးတေဟာ သူတို့ရွာရဲ့ အရှေ့ဘက်ကို တောလိုက်ကြတာ ဖြစ်ပါတယ်။ အရင်တုန်းက ကျောက်ကြီးရွာဆိုတာဟာ တောကြီး မျက်မဲကြီး ဖြစ်ပါတယ်။ ကျွန်းတွေ ပိတောက်တွေ အရမ်းပေါတယ်။ ယခုချိန်မှာ ကားလမ်းဘေးတစ်ဝိုက်မှာတော့ တောင်ကတုံးတွေပဲ ကျန်တော့တာပါ။ တောလည်ထွက်လာရင်း မုဆိုးကြီး ခြောက်ယောက်ဟာ မျက်စိလည် လမ်းမှားကြပါတယ်။ လမ်းပျောက်ရှာဖွေရင်းနဲ့ ကျောက်မျက်ရတနာမျိုးစုံတွေ ပြည့်နေတဲ့ လူးတွင်းကြီးကို တွေ့လိုက်ကြတာပါ။ အဲ့ဒီနယ်ဘက်က မုဆိုးတွေဟာ ကျောက်ရတနာ သယံဇာတနယ်မြေမှာ နေသူတွေ ဖြစ်ကြတဲ့အတွက် ကျောက်အကြောင်းတွေကို အတန်သင့် နားလည်တတ်မြောက်ထားကြတာပါ။ မုဆိုးခြောက်ယောက်ဟာလည်း ရတနာတွင်းကြီးထဲကနေ အကောင်းဆုံးဖြစ်နိုင်မဲ့ ကျောက်တွေကို ရွေးချယ်ပြီး နေရာဒေသကို မှတ်ထားခဲ့ကာ ရွာကို ပြန်လာကြပါတော့တယ်နော်။ သို့သော်လည်း မုဆိုးတွေဟာ သယ်ယူလာတဲ့ ကျောက်မျက်ရတနာတွေကို သယ်ယူချင်စိတ် မရှိလောက်အောင်ကို လေးလံလာတာပါ။ သူတို့တွေကလည်း ဆက်လက်သယ်ယူဖို့ အားမရှိတော့ပဲ လွှင့်ပစ်ခဲ့ကြပြီး နောက်ဆုံးမှာ နီလာကျောက်တစ်တုံးပဲ ကျန်ပါတော့တယ်။ မှောင်ရီပျိုးစ အချိန်မှာ သူတို့တွေရာကို ပြန်ရောက်လာကြပါတယ်။

နောက်ဆုံးပြန်ရောက်ချိန်မှ သိလိုက်တာဟာ သူတို့မျက်စိလည် လမ်းမှားနေတာက သူတို့ရွာခေါင်းရင်း တောင်ပေါ်မှာပဲ ဖြစ်နေတာပါ။ သူတို့တွေလည်း နောက်တစ်ခါ ပြန်လည်ရှာဖွေရာမှာတော့ မတွေ့ရတော့ပါဘူး။ သူတို့အရင် အဲ့တွင်းကြီးကို ရောက်ဖူးသူတွေ ရှေးလူကြီးတွေပြောပြတာကတော့ အဲ့တွင်းကြီးကို ခွေးနတ်တွေ စောင့်ရှောက်တာပါတဲ့နော်။ တစ်ခေါက် ပြန်ရောက်ချင်တယ်ဆိုရင် ခွေးနတ်တွေကို ပူဇော်ပသရတယ်လို့ ဆိုပါတယ်။မုဆိုး ခြောက်ယောက်ထဲမှာ ယခုချိန်မှာ တစ်ယောက်ပဲ ကျန်ရှိတော့တာပါ။ ကျောက်ကြီးနယ် ကျောက်ကြီးရွာဟာလည်း အခုထိ နီလာ ပတ္တမြား မျိုးစုံ ထွက်နေဆဲဖြစ်ပါတယ်နော်။ လေ့လာချင်ရင်တော့ သွားကြည့်ကြပါနော်။ ဗဟု သုတရစေရန် ပြန်လည် မျှဝေလိုက်ပါတယ်နော်။

Credit-Original Uploader

(Zawgyi)

သပိတ္က်င္းနယ္ထဲက နတ္ေတြဖြတ္ထားတဲ့ ရတနာမ်ိဳးစုံထြက္တဲ့ ေက်ာက္တြင္းႀကီး

ရတနာတြင္းႀကီးလို႔ ေခၚလိုက္ပါရေစေနာ္။ တကယ္တမ္းကေတာ့ သဘာဝအတိုင္း ျဖစ္တည္ေနတဲ့ လူးတြင္းႀကီးပါ။ အဲ့ဒီအထဲမွာေတာ့ ေက်ာက္မ်က္ရတနာမ်ိဳးစုံ ျပည့္ႏွက္ေနပါတယ္ေနာ္။ အဲ့တြင္းႀကီးက ေက်ာက္ႀကီး႐ြာရဲ႕ အေရွ႕ဘက္မွာ တည္ရွိပါတယ္ေနာ္။ ေက်ာက္ႀကီး႐ြာဆိုတာဟာ ေက်ာက္ႀကီး နည္းပညာတပ္ရဲ႕ ေဘးနားကပါ။ အဲ့ဒီနားက ေဒသတစ္ဝိုက္ဟာ ေ႐ႊ ေငြ သယံဇာတ ေက်ာက္မ်က္ရတနာေတြမ်ားစြာ ထြက္ရွိတဲ့ ရတနာနယ္ေျမျဖစ္ပါတယ္။

သပိတ္က်င္းနယ္ထဲကေန ထြက္တဲ့ ပတၱျမား၊ နီလာတို႔ဟာ ဝါးျဖဴေတာင္ေက်ာက္လို႔ သိၾကပါသည္။ ေက်ာက္ႀကီး နည္းပညာတပ္ဟာလည္း ယူေရနီယမ္အတြက္ဘဲ တည္ထားတာလို႔ ေျပာၾကတာပါ။ ေက်ာက္ႀကီးနည္းပညာတပ္ရဲ႕ ဝင္ေပါက္က နီလာေက်ာက္ေက်ာႀကီးဟု ေက်ာက္ႀကီး႐ြာရဲ႕ ေရွ႕မွီေနာက္မွီ လူႀကီးေတြက ေျပာၾကတာပါ။ တစ္ေန႔မွာ ေက်ာက္ႀကီး႐ြာကေန မုဆိုးႀကီး ေျခာက္ေယာက္က ေတာလည္ ထြက္လာတာပါ။ မုဆိုးေတဟာ သူတို႔႐ြာရဲ႕ အေရွ႕ဘက္ကို ေတာလိုက္ၾကတာ ျဖစ္ပါတယ္။ အရင္တုန္းက ေက်ာက္ႀကီး႐ြာဆိုတာဟာ ေတာႀကီး မ်က္မဲႀကီး ျဖစ္ပါတယ္။ ကြၽန္းေတြ ပိေတာက္ေတြ အရမ္းေပါတယ္။ ယခုခ်ိန္မွာ ကားလမ္းေဘးတစ္ဝိုက္မွာေတာ့ ေတာင္ကတုံးေတြပဲ က်န္ေတာ့တာပါ။ ေတာလည္ထြက္လာရင္း မုဆိုးႀကီး ေျခာက္ေယာက္ဟာ မ်က္စိလည္ လမ္းမွားၾကပါတယ္။ လမ္းေပ်ာက္ရွာေဖြရင္းနဲ႔ ေက်ာက္မ်က္ရတနာမ်ိဳးစုံေတြ ျပည့္ေနတဲ့ လူးတြင္းႀကီးကို ေတြ႕လိုက္ၾကတာပါ။ အဲ့ဒီနယ္ဘက္က မုဆိုးေတြဟာ ေက်ာက္ရတနာ သယံဇာတနယ္ေျမမွာ ေနသူေတြ ျဖစ္ၾကတဲ့အတြက္ ေက်ာက္အေၾကာင္းေတြကို အတန္သင့္ နားလည္တတ္ေျမာက္ထားၾကတာပါ။ မုဆိုးေျခာက္ေယာက္ဟာလည္း ရတနာတြင္းႀကီးထဲကေန အေကာင္းဆုံးျဖစ္ႏိုင္မဲ့ ေက်ာက္ေတြကို ေ႐ြးခ်ယ္ၿပီး ေနရာေဒသကို မွတ္ထားခဲ့ကာ ႐ြာကို ျပန္လာၾကပါေတာ့တယ္ေနာ္။ သို႔ေသာ္လည္း မုဆိုးေတြဟာ သယ္ယူလာတဲ့ ေက်ာက္မ်က္ရတနာေတြကို သယ္ယူခ်င္စိတ္ မရွိေလာက္ေအာင္ကို ေလးလံလာတာပါ။ သူတို႔ေတြကလည္း ဆက္လက္သယ္ယူဖို႔ အားမရွိေတာ့ပဲ လႊင့္ပစ္ခဲ့ၾကၿပီး ေနာက္ဆုံးမွာ နီလာေက်ာက္တစ္တုံးပဲ က်န္ပါေတာ့တယ္။ ေမွာင္ရီပ်ိဳးစ အခ်ိန္မွာ သူတို႔ေတြရာကို ျပန္ေရာက္လာၾကပါတယ္။

ေနာက္ဆုံးျပန္ေရာက္ခ်ိန္မွ သိလိုက္တာဟာ သူတို႔မ်က္စိလည္ လမ္းမွားေနတာက သူတို႔႐ြာေခါင္းရင္း ေတာင္ေပၚမွာပဲ ျဖစ္ေနတာပါ။ သူတို႔ေတြလည္း ေနာက္တစ္ခါ ျပန္လည္ရွာေဖြရာမွာေတာ့ မေတြ႕ရေတာ့ပါဘူး။ သူတို႔အရင္ အဲ့တြင္းႀကီးကို ေရာက္ဖူးသူေတြ ေရွးလူႀကီးေတြေျပာျပတာကေတာ့ အဲ့တြင္းႀကီးကို ေခြးနတ္ေတြ ေစာင့္ေရွာက္တာပါတဲ့ေနာ္။ တစ္ေခါက္ ျပန္ေရာက္ခ်င္တယ္ဆိုရင္ ေခြးနတ္ေတြကို ပူေဇာ္ပသရတယ္လို႔ ဆိုပါတယ္။မုဆိုး ေျခာက္ေယာက္ထဲမွာ ယခုခ်ိန္မွာ တစ္ေယာက္ပဲ က်န္ရွိေတာ့တာပါ။ ေက်ာက္ႀကီးနယ္ ေက်ာက္ႀကီး႐ြာဟာလည္း အခုထိ နီလာ ပတၱျမား မ်ိဳးစုံ ထြက္ေနဆဲျဖစ္ပါတယ္ေနာ္။ ေလ့လာခ်င္ရင္ေတာ့ သြားၾကည့္ၾကပါေနာ္။ ဗဟု သုတရေစရန္ ျပန္လည္ မွ်ေဝလိုက္ပါတယ္ေနာ္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *