ဗဟုတုသ

ဘယ်သူပဲလာခိုးခိုး မူလနေရာကို ပြန်ရောက်လာတယ်ဆိုတဲ့ တလားခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ အံ့ဖွယ်ဆင်စွယ်ကြီး

ဘယ်သူပဲလာခိုးခိုး မူလနေရာကို ပြန်ရောက်လာတယ်ဆိုတဲ့ ကရင်လူမျိုးတွေရဲ့ အထွဋ်အမြတ် အံ့ဖွယ်

ဘယ်သူပဲလာခိုးခိုး မူလနေရာကို ပြန်ရောက်လာတယ်ဆိုတဲ့ တလားခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ အံ့ဖွယ်ဆင်စွယ်ကြီး။

ဘယ်သူဘဲယူယူ ဘယ်သူဘဲခိုးခိုး ဘယ်သူဘဲဝှက်ဝှက် မူလတည်ရှိနေရာကို မပျက်မကွက် ပြန်ရောက်လာတဲ့ မြတ်ဗုဒ္ဓပုံတော်ပါရှိတဲ့ တလာခုံးဘာသာဝင် ကရင်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ဆင်စွယ်တော်။ ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းက လေးတောခိုကျေးရွာမှာ နေထိုင်ကြတဲ့ တာလခုန်းဘာသာဝင်တွေ။ သူတို့ရွာမှာ အထဋ်အမြတ်ထားကိုးကွယ်တဲ့ ရှေးဟောင်းဆင်စွယ်တော်ကို မသူတော်အချို့က သူတို့ပိုင်သလိုလို ဘာလိုလိုနဲ့ အကြောင်းအမျိုးမျိုးပြပြီး လာရောက်ယူဆောင်တာတွေ ရှိခဲ့ပါတယ်။ မသူတော်တွေဟာ ဆင်စွယ်တော်ကို ရေခြား မြေခြားထိတိုင်အောင် ယူဆောင်သွားတာမျိုးလည်း ရှိခဲ့ပါတယ်။ သို့ပေမဲ့ အချိန်တန်တော့လည်း မူလတည်နေရာကိုပဲ ပြန်လည်လို့ ရောက်ရှိလာတာကတော့ ထူးခြားမှု ဖြစ်စဉ်တရပ် ဖြစ်တယ်လို့ ဒေသခံအချို့က သုံးသပ်ပြောဆိုကြပါတယ်။

သက်သတ်လွတ်စားတဲ့ တလာခုံးတွေ ကိုးကွယ်ကြတဲ့ ဆင်စွယ်တော်ကို အများပြည်သူတွေ မြင်တွေ့ရလေအောင် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ လေးတောခိုရွာက တလာခုံးဘာသာဝင်တွေဟာ လမ်းပန်းခရီး ခက်ခဲလှတဲ့ တောကြီးမျက်မည်းထဲမှာ သီးသန့်ရွာတည်ပြီး နေထိုင်ကြတာဖြစ်ပါတယ်။ အခုတော့ လေးတောခိုမှာနေထိုင်ကြတဲ့ တလာခုံးဘာသာဝင် အများစုဟာ ထိုင်းနိုင်ငံသားတွေ ဖြစ်နေကြပါပြီ။ သူတို့ပြောတဲ့စကားကတော့ ပိုးကရင် ဘာသာစကား ဖြစ်ပါတယ်။

တလာခုံးဘာသာဝင် ကရင်လူမျိုးတွေကို လူသိများစေတာကတော့ မီးပုံပွဲ ပူဇော်ကျင်းပတာဘဲဖြစ်ပါတယ်။ မီးပုံပူဇော်တဲ့ ပွဲတွေထဲမှာတော့ ကရင်ပြည်နယ် ကျုံဒိုးမြို့က မီးပုံပူဇော်ပွဲဆိုရင် ထူးခြားတဲ့ဝိသေသတွေနဲ့အတူ မြန်မာနိုင်ငံမှာ အထူးထင်ရှား လူသိများပါတယ်။ တလာခုံးဘာသာဝင်တွေကနေ တာဝတိံသာမှာတည်ရှိတဲ့ စူဋ္ဌာမဏိဘုရားကို ရည်စူးပြီးတော့ ကျင်းပကြတဲ့ မီးပုံပူဇော်ပွဲအကြောင်းကို သီးသန့်ရေးသားပါမည်။

Credit-Original Uploader

(Zawgyi)

ဘယ္သူပဲလာခိုးခိုး မူလေနရာကို ျပန္ေရာက္လာတယ္ဆိုတဲ့ ကရင္လူမ်ိဳးေတြရဲ႕ အထြဋ္အျမတ္ အံ့ဖြယ္

ဘယ္သူပဲလာခိုးခိုး မူလေနရာကို ျပန္ေရာက္လာတယ္ဆိုတဲ့ တလားခုံးဘာသာဝင္ ကရင္လူမ်ိဳးေတြ အထြဋ္အျမတ္ထားတဲ့ အံ့ဖြယ္ဆင္စြယ္ႀကီး။

ဘယ္သူဘဲယူယူ ဘယ္သူဘဲခိုးခိုး ဘယ္သူဘဲဝွက္ဝွက္ မူလတည္ရွိေနရာကို မပ်က္မကြက္ ျပန္ေရာက္လာတဲ့ ျမတ္ဗုဒၶပုံေတာ္ပါရွိတဲ့ တလာခုံးဘာသာဝင္ ကရင္လူမ်ိဳးေတြ အထြဋ္အျမတ္ထားတဲ့ဆင္စြယ္ေတာ္။ ထိုင္း-ျမန္မာနယ္စပ္ ထိုင္းဘက္ျခမ္း တာ့ခ္ခ႐ိုင္ အုန္းဖန္ၿမိဳ႕နယ္အတြင္းက ေလးေတာခိုေက်း႐ြာမွာ ေနထိုင္ၾကတဲ့ တာလခုန္းဘာသာဝင္ေတြ။ သူတို႔႐ြာမွာ အထဋ္အျမတ္ထားကိုးကြယ္တဲ့ ေရွးေဟာင္းဆင္စြယ္ေတာ္ကို မသူေတာ္အခ်ိဳ႕က သူတို႔ပိုင္သလိုလို ဘာလိုလိုနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး လာေရာက္ယူေဆာင္တာေတြ ရွိခဲ့ပါတယ္။ မသူေတာ္ေတြဟာ ဆင္စြယ္ေတာ္ကို ေရျခား ေျမျခားထိတိုင္ေအာင္ ယူေဆာင္သြားတာမ်ိဳးလည္း ရွိခဲ့ပါတယ္။ သို႔ေပမဲ့ အခ်ိန္တန္ေတာ့လည္း မူလတည္ေနရာကိုပဲ ျပန္လည္လို႔ ေရာက္ရွိလာတာကေတာ့ ထူးျခားမႈ ျဖစ္စဥ္တရပ္ ျဖစ္တယ္လို႔ ေဒသခံအခ်ိဳ႕က သုံးသပ္ေျပာဆိုၾကပါတယ္။ သက္သတ္လြတ္စားတဲ့ တလာခုံးေတြ ကိုးကြယ္ၾကတဲ့ ဆင္စြယ္ေတာ္ကို အမ်ားျပည္သူေတြ ျမင္ေတြ႕ရေလေအာင္ ေဖာ္ျပေပးလိုက္တာျဖစ္ပါတယ္။ ေလးေတာခို႐ြာက တလာခုံးဘာသာဝင္ေတြဟာ လမ္းပန္းခရီး ခက္ခဲလွတဲ့ ေတာႀကီးမ်က္မည္းထဲမွာ သီးသန႔္႐ြာတည္ၿပီး ေနထိုင္ၾကတာျဖစ္ပါတယ္။ အခုေတာ့ ေလးေတာခိုမွာေနထိုင္ၾကတဲ့ တလာခုံးဘာသာဝင္ အမ်ားစုဟာ ထိုင္းႏိုင္ငံသားေတြ ျဖစ္ေနၾကပါၿပီ။ သူတို႔ေျပာတဲ့စကားကေတာ့ ပိုးကရင္ ဘာသာစကား ျဖစ္ပါတယ္။ တလာခုံးဘာသာဝင္ ကရင္လူမ်ိဳးေတြကို လူသိမ်ားေစတာကေတာ့ မီးပုံပြဲ ပူေဇာ္က်င္းပတာဘဲျဖစ္ပါတယ္။ မီးပုံပူေဇာ္တဲ့ ပြဲေတြထဲမွာေတာ့ ကရင္ျပည္နယ္ က်ဳံဒိုးၿမိဳ႕က မီးပုံပူေဇာ္ပြဲဆိုရင္ ထူးျခားတဲ့ဝိေသသေတြနဲ႔အတူ ျမန္မာႏိုင္ငံမွာ အထူးထင္ရွား လူသိမ်ားပါတယ္။ တလာခုံးဘာသာဝင္ေတြကေန တာဝတႎသာမွာတည္ရွိတဲ့ စူ႒ာမဏိဘုရားကို ရည္စူးၿပီးေတာ့ က်င္းပၾကတဲ့ မီးပုံပူေဇာ္ပြဲအေၾကာင္းကို သီးသန႔္ေရးသားပါမည္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *