Month: May 2018

ကျန်းမာရေးဗဟုသုတ

ရှောက်သီးနဲ့ ပျားရည်ဆေးနည်းက အကောင်းဆုံးချောင်းဆိုးပျောက်ဆေးဖြစ်

ရှောက်သီးနဲ့ ပျားရည်ဆေးနည်းက အကောင်းဆုံးချောင်းဆိုးပျောက်ဆေးဖြစ် ဆောင်းရာသီဝင်လာတာမို့ လူတွေ အအေးမိ၊ချောင်းဆိုးတွေ အဖြစ်များနေပြီဖြစ်ပါတယ်။ အအေးမိချောင်းဆိုး တဲ့အခါ ပိုက်ဆံအကုန်ခံပြီး နာမည်ကြီးတံဆိပ်နဲ့ ချောင်းဆိုးပျောက်ဆေးဝယ်သောက်နေမယ့်အစား ဗြိတိန်ရဲ့ နာမည်ကြီးဆရာဝန်တစ်ယောက်က သဘာဝဆေးနည်းကိုသာ သောက်ဖို့ ညွှန်းလိုက်ပါတယ်။ ချောင်းဆိုးပျောက်ဆေးတွေဟာအလကား၊ပိုက်ဆံဖြုန်းမှုသက်သက်ဖြစ်ပြီး၊ ချောင်းဆိုးပျောက်ဆေးတွေရဲ့ နောက်ကွယ်မှာ ဆေးပညာဆိုင်ရာအထောက်အထားပြစရာကောင်းကောင်းမရှိဘူးလို့ အထွေထွေရောဂါကု ဆရာဝန်များတော်ဝင်ကောလိပ်ရဲ့ ဒုတိယပါမောက္ခ Dr Tim Ballard က အကြံပြုပြောကြားလိုက်ပါတယ်။ အလားတူစွာပဲ NGS ရဲ့ ပြည်သူတွေကို ကျန်းမာရေးဆိုင်ရာအကြံပေးချက်တွေဖော်ပြတဲ့ဝက်ဘ်ဆိုဒ်မှာလည်း “ ဗိုင်းရပ်စ်ကူးစက်မှုကြောင့်ချောင်းဆိုးတာကို အမြန်တိုက်ဖျက်နိုင်တဲ့နည်းလမ်းဆိုတာမရှိသေးပါဘူး။ ပုံမှန် အားဖြင့် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ဗိုင်းရပ်စ်ကို ရှင်းထုတ်လိုက်ပြီးချိန်မှာမှ ချောင်းဆိုးပျောက်သွားမှာ ဖြစ်ပါတယ်။ ချောင်းကြာရှည်ဆိုးရတဲ့နောက်ကွယ်မှာအကြောင်းရင်းတစ်ခုခုရှိမယ်ဆိုရင်လည်း၊ သီးခြားကုသမှု ခံယူဖို့ လိုပါတယ်” “ ကာလတိုချောင်းဆိုးတာကို ကုသဖို့ အလွယ်ကူဆုံးနည်းနဲ့ ကုန်ကျစရိတ်အနည်းဆုံးနည်းကတော့ ပျားရည်နဲ့ ရှောက်သီး […]

ဗဟုတုသ

ကောင်းကျိုးပြုတဲ့ အဆီဓာတ်

ကောင်းကျိုးပြုတဲ့ အဆီဓာတ် လူ့ခန္ဓာကိုယ်ရှိ ကလာပ်စည်းဆဲတိုင်းမှာ အဆီပါဝင်တယ်။ အဆီဟာ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါတွေကို အထိုင်ချအောင်ဆောင်ရွက်ပေးတယ်။ ကလေးငယ်တွေအတွက် ဖွံ့ဖြိုးကြီးထွားစေဖို့ လူကြီးထက်ပိုလိုအပ်တယ်။ အဆီဟာ အနွေးဓာတ်နဲ့စွမ်းအင်ပေးတယ်။ အဆီဓာတ်ချို့တဲ့ရင် အဆီမှာပျော်ဝင်တဲ့ ဗီတာမင်ချို့တဲ့နိုင်ပါတယ်။ အဆီမှာပျော်ဝင်တဲ့ဗီတာမင်တွေက ဗီတာမင် အေ၊ ဒီ၊အီး၊ ကေ တို့ဖြစ်တယ်။ လူတို့ဦး နှောက်ဆဲကလာပ်စည်းတွေဖွံ့ဖြိုးဖို့အတွက် အဆီ ဓာတ် လို တယ်။ အဆီဓာတ်ဟာ အန္တရာယ်ဖြစ်စေတဲ့အစားအသောက်တစ်ခုအဖြစ် အမြဲမရှုမြင်သင့်ပါဘူး။ ခန္ဓာ ကိုယ် တွင်းရှိ အဆီဓာတ်ဟာ အများမှတ်သားထားသလို ဆိုးဝါးတဲ့ဓာတ်သဘာဝတစ်ခုမဟုတ်ဘူး။ ဆိုးရွား တဲ့ အဆီ (LDL)က ကျန်းမာရေးဆိုးဝါးစေနိုင်တယ်။ ခန္ဓာကိုယ် ကျန်းမာစွာနေထိုင်လှုပ်ရှားနိုင်ဖို့ အဆီဓာတ် (HDL) လိုအပ်ပါတယ်။အဆီကို လူတို့ရဲ့အသည်းက ထုတ်လုပ်ပေးပြီး သွေးအတွင်းလှည့် ပတ်စေ တယ်။ ကို လက် […]

ဗဟုတုသ

သက်သတ်လွတ်သမားများ အားထားစရာ ပဲပုပ်ဟင်းလျာ

သက်သတ်လွတ်သမားများ အားထားစရာ ပဲပုပ်ဟင်းလျာ မြန်မာပြည်တွင် ပဲပုပ်ကို မည်သည့် သက္ကရာဇ်တွင် စတင်စိုက်ပျိုးခဲ့သည်ကို သီးနှံသမိုင်းတွင် မတွေ့ ရသော်လည်း ဂန္ဓာလရာဇ်ပြည် ရှေးဟောင်း စာပေများတွင် ထိုတိုင်းပြည်၌ ပဲပုပ်ပင်အမြောက်အမြား စိုက်ပျိုး၍ အလွန်အဖိုးထိုက်တန်သော အစားအစာ တစ်ခုအဖြစ် လူတို့ စားသုံးခဲ့ကြောင်း ရေးသားဖော်ပြထားတာကို လေ့လာ မှတ်သား ရပါတယ်။ ပဲပုပ်မှာ အရောင် အသွေးအမျိုးမျိုးရှိရာ အဝါရောင်၊ အညိုရောင်၊ အနက်ရောင်နှင့် အစိမ်းရောင် ရှိသော ပဲမျိုးမှာ လူသိအများဆုံး ဖြစ်ပြီး အထူးသဖြင့် အဝါရောင်နှင့် အစိမ်းရောင်ပဲမျိုးကို စားသုံးမှု ပိုပါတယ်။ ပဲပုပ်ကို ပြည်ထောင်စုဖွား ရှမ်းတိုင်းရင်းသားများ အလွန်ကြိုက်နှစ်သက်စွာ စားလေ့ရှိသော အစားအစာ တစ်မျိုး ဖြစ်တာကြောင့် ”ရှမ်းရိုးရာအစားအစာ”ဟူ၍ လူသိ များခဲ့သော်လည်း ယနေ့ခေတ်မှာတော့ ရှမ်းတိုင်းရင်းသားများ […]

ဗဟုတုသ

ငါးစားသုံးခြင်း၏ အကျိုးကျေးဇူးများ

ငါးစားသုံးခြင်း၏ အကျိုးကျေးဇူးများ ငါးတွင် အဆီပါဝင်မှု နည်းပါးပြီး အသားဓာတ်(Protein)ပါဝင်မှု မြင့်မားသည်။ ထို့ပြင်အိုမီဂါ ၃ ဖက်တီးအက်စစ် ရရှိနိုင်သည့် အရင်းအမြစ်ကောင်း တစ်ခုလည်းဖြစ်သည်။ ငါးကိုပုံမှန် စားသုံးခြင်းဖြင့် ရောဂါအမျိုးမျိုး ဖြစ်ပွား မှုကို လျှော့ချပေးနိုင်သည်။ငါးသည် လူသားတို့အတွက် အလွန်ကောင်းသော အစားအစာ တစ်မျိုးဖြစ်သည်။ဗီတာမင်၊ သတ္တုဓာတ်နှင့် အဆီဓာတ်ကြွယ်ဝသော အိုမီဂါ ၃ အက်စစ်တို့ပါဝင်သောကြောင့် ကင်ဆာ ရောဂါမှစ၍ နှလုံးရောဂါ၊ စိတ်ကျ ရောဂါနှင့် အဆစ်ရောင် ရောဂါကဲ့သို့သော ရောဂါများစွာမှ ကာကွယ်ပေးနိုင်သည်။ဆော်လမွန်ငါး ကဲ့သို့သော အဆီများသည့် ငါးများသည် အဆီဓာတ်ကြွယ်ဝသည့် အိုမီဂါ ၃ အက်စစ်ပါဝင်မှု အမြင့်မား ဆုံးဖြစ်သည်။ ငါးများကို ပုံမှန်စားသုံးခြင်းဖြင့် လူသားတို့အတွက် ကြောက်စရာ ကောင်းသော ရောဂါများမှ ကာကွယ်ပေးနိုင်သည်။ နှလုံးရောဂါ(Heart Disease) […]

Back To Top