ဗဟုတုသ

ကောင်းကျိုးပြုတဲ့ အဆီဓာတ်

ကောင်းကျိုးပြုတဲ့ အဆီဓာတ်

လူ့ခန္ဓာကိုယ်ရှိ ကလာပ်စည်းဆဲတိုင်းမှာ အဆီပါဝင်တယ်။ အဆီဟာ ခန္ဓာကိုယ်တွင်းရှိ အင်္ဂါတွေကို အထိုင်ချအောင်ဆောင်ရွက်ပေးတယ်။ ကလေးငယ်တွေအတွက် ဖွံ့ဖြိုးကြီးထွားစေဖို့ လူကြီးထက်ပိုလိုအပ်တယ်။ အဆီဟာ အနွေးဓာတ်နဲ့စွမ်းအင်ပေးတယ်။

အဆီဓာတ်ချို့တဲ့ရင် အဆီမှာပျော်ဝင်တဲ့ ဗီတာမင်ချို့တဲ့နိုင်ပါတယ်။ အဆီမှာပျော်ဝင်တဲ့ဗီတာမင်တွေက ဗီတာမင် အေ၊ ဒီ၊အီး၊ ကေ တို့ဖြစ်တယ်။ လူတို့ဦး နှောက်ဆဲကလာပ်စည်းတွေဖွံ့ဖြိုးဖို့အတွက် အဆီ ဓာတ် လို တယ်။ အဆီဓာတ်ဟာ အန္တရာယ်ဖြစ်စေတဲ့အစားအသောက်တစ်ခုအဖြစ် အမြဲမရှုမြင်သင့်ပါဘူး။ ခန္ဓာ ကိုယ် တွင်းရှိ အဆီဓာတ်ဟာ အများမှတ်သားထားသလို ဆိုးဝါးတဲ့ဓာတ်သဘာဝတစ်ခုမဟုတ်ဘူး။ ဆိုးရွား တဲ့ အဆီ (LDL)က ကျန်းမာရေးဆိုးဝါးစေနိုင်တယ်။ ခန္ဓာကိုယ် ကျန်းမာစွာနေထိုင်လှုပ်ရှားနိုင်ဖို့ အဆီဓာတ် (HDL) လိုအပ်ပါတယ်။အဆီကို လူတို့ရဲ့အသည်းက ထုတ်လုပ်ပေးပြီး သွေးအတွင်းလှည့် ပတ်စေ တယ်။ ကို လက် စ ထရော ကို ဒုတိယအနေနဲ့ လူတို့နေ့စဉ်စားသုံးနေတဲ့ အစားအသောက်ကလည်းရရှိနိုင်ပါတယ်။ အမဲသားနဲ့ကြက်သားက ပိုရရှိနိုင်ပါတယ်။

လူတို့စားသုံးနေတဲ့အဆီအမျိုးအစားဖြစ်တဲ့ပြည့်ဝဆီမှာ အခန်းအပူချိန်ထဲ ခဲနေတဲ့ပုံသဏ္ဌာန်ရှိအဆီများဖြစ်တဲ့ နို့၊ ထောပတ်၊ ဒိန်ခဲ၊ မာဂျရင်းအသားကရတဲ့အဆီများ၊ အသွင်ပြောင်းဆီ၊ အကြော်ခံဆီတွေပါဝင်ပါတယ်။ မပြည့်ဝဆီ(Unsaturated Fat) မှာတော့တစ်မျိုးတည်း ((Munounsaturated Fat) မျိုးစုံ Polyunsaturated Fat)အိုမီဂါ (၃)၊ အိုမီဂါ(၆) ခွဲထားနိုင် ပါတယ်။

(က) တစ်မျိုးတည်း Munounsaturated Fat) မှာပါဝင်တဲ့အစားအစာမှာသံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ အရွက်ဆီ၊ ပဲပုပ်ဆီတို့ဖြစ်တယ်။(ခ) မျိုးစုံ Polyunsaturated Fat) မှာ နေကြာဆီ ပါဝင်တယ်။(ဂ) အိုမီဂါ(၃)၊ အိုမီဂါ (၆) ပါတဲ့ အစားအသောက်တွေက အဆီထူငါး၊ လျှော်စေ့၊ ပဲပုပ်စေ့၊ နေကြာစေ့၊ ဖရုံစေ့၊ သစ်ကြား သီးတို့ ပါဝင်တယ်။

ပြည့်ဝ ဆီတွေကြောင့် ကျန်းမာရေး ဆိုးကျိုးတွေက နှလုံးသွေးကြောပိတ်ရောဂါ၊ ဦးနှောက်သွေးကြောပိတ်ရောဂါနဲ့လိင်ဟော်မုန်းလျော့နည်းခြင်းတို့ဖြစ်တယ်။ အကြော် ခံဆီကြောင့် နှလုံးသွေးကြောရောဂါ၊ ဦးနှောက်သွေးကြောပိတ်ရော ဂါတို့ဖြစ်နိုင်တယ်။

အိုမီဂါ (၃)၊ အိုမီဂါ(၆)မှာ ပါဝင်တဲ့အစာတွေက အဆီထူတဲ့ပင်လယ်ငါး၊ လျှော်စေ့၊ပဲပုပ်စေ့၊ နေကြာစေ့၊ ဖရုံစေ့၊ သစ်ကြားသီးမှ လိုအပ်တဲ့ပမာဏရရှိနိုင်ပါတယ်။ အိုမီဂါ(၃)ချို့တဲ့ပါက နှလုံးသွေးကြောရောဂါ၊ သွေး ယိုစီးခြင်း၊ သွေးမတိတ်ခြင်း စတဲ့ရောဂါတွေရနိုင်ပါတယ်။ထောပတ်မှာ ပြည့်ဝဆီလွန်ကဲစွာပါဝင်ပြီး အဆီထုတ် ထားတဲ့ ထောပတ်က ကျန်းမာရေးအတွက် သင့်လျော်ပါတယ်။ ထောပတ်ဟာ အစားအသောက် မှာပါဝင်ရင် အနံ့မွှေးပြီး အရသာကို ထူးထူးကဲကဲပြောင်းလဲစေလို့ အများက နှစ် သက်ကြတယ်။ ထောပတ်ကြောင့် ဆယ်စုနှစ်များစွာ နှလုံးသွေးကြောရောဂါနဲ့ အဝလွန်ခြင်းတို့ဖြစ်နိုင်ပေမယ့်သင့်တင့်စွာစားရင် ကျန်း မာရေးကောင်းပါတယ်။

ထောပတ်ရဲ့ကျန်းမာရေးကောင်းကျိုးမှာ အဆီမှာပျော်ဝင်တဲ့ဗီတာမင်၊ ဗီတာမင် အေ၊အီး၊ဒီ၊ ကေတို့ပါဝင်တယ်။ ကျန်းမာရေးအတွက် မျှတစွာစားသုံးရင် ဗီတာ မင်အေနဲ့ အီးကို အခြားအစား အသောက် ကလည်း ရရှိနိုင်ပေမယ့် ဗီတာမင်ကေ (Vitamin K2)ကို ရယူနိုင်ဖို့မလွယ်ကူပါ။ ဗီတာမင်ကေရဲ့ ခန္ဓာကိုယ် အတွက် အရေးပါမှုမှာ ကယ်လ်ဆီယမ်အသွင်ပြောင်းခြင်းမှာဖြစ်ပြီး အစားအသောက်ထဲမှာ ဗီတာမင်ကေနည်းရင် နှလုံးသွေးကြောရောဂါ၊ ကင်ဆာနဲ့ အရိုးပွရော ဂါဖြစ်နိုင် တယ်။ သဘာဝနွားမွေးမြူရေး(နို့)ကရတဲ့ထောပတ်ကို သင့်ရုံစားသင့်ပါတယ်။

ထောပတ်မှာကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ပြည့်ဝဆီတွေပါဝင်တယ်။ လက်ရှိလေ့လာစမ်းသပ်မှုအရ ထောပတ်နဲ့နှလုံးသွေးကြောရောဂါ ဆက်စပ်မှုမရှိလို့ထုတ်ပြန်ထားတယ်။ ပြည့်ဝဆီ၊ မပြည့်ဝဆီတို့က သွေး အတွင်း (HDL-High Density Lipid) ကောင်းတဲ့အဆီတက်စေသလို ဆိုးတဲ့အဆီ LDL-Low Density Lipid)? (SDL-SmallDense Lipid) အနေအထားမှ (LDL) ပမာဏများများပြောင်းပေးနိုင်လို့ ဆိုးရွားတဲ့ အခြေ အနေမျိုး အဝလွန်ခြင်း၊ နှလုံးသွေးကြော ပိတ်ရော ဂါဖြစ် စေတယ်။ထောပတ်မှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ကိုလက်စထရောတွေ ပါဝင်တယ်။ထောပတ်ဟာ မာဂျရင်းထက် ရုတ်တရက် နှလုံး ရပ်ခြင်း အခြေ အနေကို လျော့ နည်းစေတယ်။ နှလုံးဆိုင်ရာလေ့လာမှုမှာမာဂျရင်းက နှလုံးသွေးကြောရောဂါကိုဖြစ်စေနိုင်ပြီး ထောပတ်နဲ့နှလုံးသွေးကြောရောဂါ ပတ်သက်ခြင်းမရှိလို့ တွေ့ရှိ ထားချက်များ ရှိနေ ပါပြီ။ထော ပတ် ရဲ့ ဗီတာမင်ကေ ပါဝင်မှုများလို့ ယူဆကြတယ်။ ထောပတ်မှာ ဖက်တီးအက်စစ်၊ ဗျူတိုင်ရိတ်အချိုး (Butyrate Ratio3-4%) ပါဝင်လို့ ကောင်းကျိုးရရှိစေပါတယ်။

ကာဗွန်လေးလုံးပါဝင်တဲ့ ဗျူတိုင်ရိတ်ဟာကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်ရှိအပူစွမ်းအင်ကို ပိုမိုခြေဖျက်အသုံးပြုနိုင်တာလို့ဆိုပါတယ်။ ဗျူတိုင်ရိတ်တွေက အစားအစာမှာပါဝင်တဲ့ အမျှင်ဓာတ် ဓာတ်ပြု ထုတ်လုပ်ပေးတယ်။ အမျှင်ဓာတ်ကဝမ်းမှန်စေတယ်။ ယင်းက ဆဲကလာပ်စည်းရှိ မိုင်တိုခွန် ဒီရာ ရဲ့လုပ်ဆောင်မှုကောင်းမွန်စေခြင်းနဲ့ သွေးအတွင်းမှ ထရိုင်ဂလစ်ဆလိုက်နဲ့ အင်ဆူလင်များ လျော့ နည်းစေ တယ်။ ဗျူတိုင်ရိတ်ဟာရောင်ရမ်းမှု အခြေအနေကိုကာကွယ်ပေးနိုင်လို့ အစာခြေစနစ်အထောက်အကူပြုတယ်။ထောပတ်မှာ လင်နိုလစ်အက်စစ်ပါဝင်တယ်။ ယင်းက ခန္ဓာကိုယ်ရဲ့ဓာတ်ပြုလုပ်ငန်းမှာပါဝင်လို့ ကိုယ် အလေး ချိန်ကျဆေးအနေနဲ့တရားဝင်ရောင်းချတယ်။

ထောပတ်ဟာ ကိုယ်အလေးချိန်မတက်စေနိုင်လို့ အဆိုပြုကြသလို နှလုံးသွေးကြောရောဂါနဲ့ အသွင်ပြောင်းရောဂါတွေဖြစ်တဲ့ဆီးချိုအမျိုးအစား(၂) ရောဂါဖြစ်ပွားနှုန်းလျော့ကျစေပါတယ်။ထောပတ်ကို သင့်ရုံစားသုံး သင့် ပါတယ်။ အလွန်အကျွံ အမြောက်အမြားမစားသုံးသင့်ပါဘူး။ သွေးအတွင်းတွေ့ရတဲ့အဆီဟာသာမန်ထက်များရင် သွေးလွှတ်ကြောနံရံမှာအဆီလွှာဖြစ်စေလို့ သွေးလှည့် ပတ်မှု နှေးစေပြီး အဆီလွှာပေါက်ကွဲပါက သွေး လွှတ်ကြောငယ်တွေ ပိတ်ဆို့စေလို့ အရေးပေါ်နှလုံးရောဂါနဲ့ ဦးနှောက်သွေးကြောပိတ်ဆို့ခြင်းဖြစ်စေနိုင်ပါတယ်။ ဆိုးတဲ့အဆီဟာ သွေး ကြောမာတောင့်စေခြင်းနဲ့ သွေးကြောပိတ် ဆို့စေနိုင် တယ်။သွေးကြော ကို ကျဉ်းစေနိုင်လို့ နှလုံး၊ ဦးနှောက်နဲ့ ခြေထောက်သွေးကြောပိတ်နိုင်ပါတယ်။ ကောင်းတဲ့ အဆီဟာ ပမာဏများရင်နှလုံးသွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောရောဂါတို့ကို ကာကွယ်ပေးနိုင်တယ်။

ထရိုင်ဂလစ်ဆလိုက်ဟာ သွေးမှာတွေ့ရတဲ့အဆီတစ်မျိုးဖြစ်တယ်။ စားလိုက်တဲ့အစားအသောက်ကပိုနေတဲ့စွမ်းအင် စုဆောင်းပေးထားတယ်။ ထရိုင်ဂလစ် ဆလိုက်က သွေးလွှတ်ကြောနံရံကို မာတောင့်စေခြင်းဖြစ်စေ တယ်။ အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊အားကစားလှုပ်ရှားမှုနည်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနဲ့ ကစီဓာတ်လွန်ကဲစွာစားသုံးခြင်းကြောင့် သွေး အတွင်း ထရိုင်ဂ လစ်ဆ လိုက် များစေနိုင်ပါတယ်။

အမေရိကန်နှလုံးအဖွဲ့ AHA) က အသက် ၂ဝ ကျော်သူတိုင်း သွေးအတွင်းအဆီပမာဏကိုလေးနှစ်မှခြောက်နှစ်တစ်ခါ စစ်ဆေးသင့်တယ်လို့ဆိုတယ်။ သွေးအတွင်း ကိုလက် စထရောကို မီလီဂရမ်ရာခိုင်နှုန်း mg % နဲ့ပြတတ်ပါတယ်။ နေ့စဉ် စားသောက်နေတဲ့ အဆီပမာဏကို ဥာဏ်နဲ့ယှဉ်ရွေးချယ်တတ်သင့်တယ်။ ဆရာဝန်က သွေးအတွင်းရှိကိုလက်စထရောစစ်ဆေးခြင်းမှ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချို(၂)တို့ ခန့်မှန်းနိုင်တယ်။ ကောင်းကျိုးပြုတဲ့ အဆီဓာတ်အကြောင်း အလျဉ်း သင့်သလို တင်ပြပါဦးမယ်။ ။

ဒေါင်တာ လွင်သန်း

Leave a Reply

Your email address will not be published. Required fields are marked *