သတင္း

မိ႐ိုးဖလာ အိမ္တြင္းနတ္အုန္းႏွင့္ ေထရဝါဒ ဗုဒၶဘာသာ(ဗဟုသုတ)

(Zawgyi)

မိ႐ိုးဖလာ အိမ္တြင္းနတ္အုန္းႏွင့္ ေထရဝါဒ ဗုဒၶဘာသာ (ဗဟုသုတ)

အိမ္တြင္းနတ္နဲ႔ပတ္သက္ၿပီး စာဖတ္ပရိသတ္ တစ္ဦးက ေဖာ္ျပပါအတိုင္း ေမးလာပါတယ္။

“တပည့္ေတာ္ ႐ိုေသစြာေလွ်ာက္ထားအပ္ပါသည္။ တပည့္ေတာ္ ငယ္ငယ္တုန္းက အိမ္တြင္းအုန္း ကို အိမ္မွာတင္ပါတယ္။ တပည့္ေတာ္ အေမကဗုဒၶဘာသာကိုယုံၾကည္လာခဲ့တဲ့အခ်ိန္အိမ္တြင္းမထားေတာ့ပါဘူး။ တပည့္ေတာ္တို႔အိမ္မွာ အခုဘုရားစင္တစ္ခုပဲ ရွိပါသည္။ တပည့္ေတာ္မဂၤလာေဆာင္ေတာ့မယ္ဆိုေတာ့တပည့္ေတာ္ေယာကၡမက သူ႔တို႔သားက သားအႀကီးဆုံးမို႔ အိမ္တြင္းကိုးကြယ္ရမယ္လို႔ ေျပာပါတယ္။ ေယာကၡမေတြက ၫြန္ခ်ဳပ္တို႔ ဆရာဝန္တို႔ပါ။ သူတို႔က ပညာတတ္ေတြပါ။

ဒါေပမဲ့ ေထရဝါဒ ဗုဒၶဘာသာ စစ္စစ္မဟုတ္ေတာ့ တပည့္ေတာ္တို႔ကို အတင္းတိုက္တြန္းပါတယ္။ တပည့္ေတာ္ကလည္းဆရာဝန္တစ္ေယာက္ပါ။ ဗုဒၶဘာသာကို ယုံၾကည္ပါတယ္။ နတ္စင္ကို အိမ္မွာမထားခ်င္ပါဘုရား။ နတ္စင္မထားသင့္တဲ့အေၾကာင္းေလး Facebook မွာ ေဆာင္းပါးေလးတစ္ပုဒ္ေလာက္ ေရးေပးေတာ္မူပါလားလို႔ အသနားခံ၍ ေတာင္းပန္ေလွ်က္ထားပါသည္။ တပည့္ေတာ္အျပင္ တျခားသူေတြကိုလည္း သိေစခ်င္လို႔ပါဘုရား။

ဟုတ္ပါတယ္။ အိမ္တြင္းနတ္၊ အိမ္တြင္းအုန္းဆြဲတာနဲ႔ ပတ္သက္ၿပီး ဘုန္းဘုန္းကိုယ္တိုင္လည္း မိဘေတြအိမ္မွာအေတာ္ျပန္ျဖဳတ္ယူရပါတယ္။ အရင္တုန္းကတည္းက ဆြဲခဲ့တဲ့ မိ႐ိုးဖလာ ပူေဇာ္ပသမႈကို ဖယ္ဖို႔ဆိုေတာ့ အခ်ိန္ယူခဲ့ရပါတယ္။ ပထမျဖဳတ္မယ္လို႔ စဥ္းစားခ်ိန္မွာ ခမည္းေတာ္ႀကီးက က်န္းမာေရးေဖာက္ၿပီး အေရးေပၚ ေရာက္လာလို႔ မျဖဳတ္ျဖစ္ခဲ့ပါဘူး။ တကယ္လို႔ အဲဒီအခ်ိန္မွာ အိမ္တြင္းနတ္အုန္းဖယ္တာနဲ႔ ႀကဳံရင္ ဒါျဖဳတ္လို႔ဆိုတဲ့ အစြဲေတြ ဝင္သြားမွာ အေသအခ်ာပါပဲ။

ေနာက္တစ္ခါ ျဖဳတ္မယ္ဆိုေတာ့လည္း ညီမတစ္ေယာက္က ဆိုင္ကယ္ေမွာက္ၿပီး ေျခက်ိဳးပါတယ္။ အဲဒီအခ်ိန္ နတ္အုန္းျဖဳတ္တာနဲ႔ႀကဳံရင္ ဒါေၾကာင့္ဆိုတာမ်ိဳး အစြဲေတြျဖစ္မွာ အမွန္ပါ။ အိမ္မွာ ဘယ္သူဘာမွ မျဖစ္တဲ့အခ်ိန္က်မွ နတ္အုန္းဖယ္ခဲ့တာ ခုေတာ့ အိမ္မွာ အိမ္တြင္းနတ္နဲ႔ အိမ္တြင္းအုန္းဆြဲတာေတြ မရွိေတာ့ပါဘူး။ အိမ္တြင္းအုန္း ဖယ္လိုက္တဲ့အတြက္ ဘယ္သူဘာျဖစ္လဲဆိုေတာ့ ဘာမွမျဖစ္ပါဘူး။ ျဖစ္ဖို႔ကံပါလာရင္ေတာ့ အိမ္တြင္းနတ္အုန္း ဆြဲဆြဲ မဆြဲဆြဲ ျဖစ္မွာပါပဲ။

ေျပာခ်င္တာက မိ႐ိုးဖလာ ယုံၾကည္မႈေတြရဲ႕ အစြဲအလန္းေတြဟာ ေထရဝါဒ ဗုဒၶဘာသာ အရေတာ့ အားေပးစရာ မရွိပါဘူး။ ေထရဝါဒ ဗုဒၶဘာသာစစ္စစ္ တစ္ေယာက္ရဲ႕ ယုံၾကည္မႈဟာ “ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနဲ႔ ကံကံ၏အက်ိဳးကို ယုံၾကည္မႈ”သက္သက္ဆိုရင္ လုံေလာက္ပါၿပီ။ က်န္တဲ့အယူဝါဒေတြဆိုတာဟာ မွန္ကန္တဲ့ယုံၾကည္မႈမ်ိဳး မျဖစ္ႏိုင္ပါဘူး။

ဒါေပမယ့္ ကိုးကြယ္ျခင္းနဲ႔ ပူေဇာ္ပသျခင္းဆိုတာမ်ိဳးကို ခြဲျခားထားတယ္ဆိုရင္ေတာ့ အထူးေျပာစရာ မရွိပါဘူး။ ေထရဝါဒဗုဒၶဘာသာ စစ္စစ္ရဲ႕ ကိုးကြယ္မႈဟာ ရတနာသုံးပါးပါပဲ။ ပူေဇာ္ပသတာကေတာ့ မိ႐ိုးဖလာသေဘာမ်ိဳး လုပ္လို႔ရပါတယ္။ ပူေဇာ္ပသရမွာကို ကိုးကြယ္တဲ့အဆင့္ေရာက္သြားတာမ်ိဳး၊ ကိုးကြယ္ရာ ရတနာသုံးပါးကို ပူေဇာ္ပသ႐ုံေလာက္ ျဖစ္သြားတာမ်ိဳးကေတာ့ လမ္းလြဲသြားေစေတာ့တာ ျဖစ္ပါတယ္။

ေသခ်ာတာကေတာ့ အိမ္တြင္းနတ္အုန္း မဆြဲတဲ့အတြက္ေၾကာင့္ ဘာျဖစ္တယ္၊ ညာျဖစ္တယ္ဆိုတာမ်ိဳး မရွိပါဘူး။ ျဖစ္လာခဲ့ရင္လည္း ဒါဟာ တိုက္ဆိုင္မႈပါ။ ကိုယ့္ရဲ႕အတိတ္ကံ ပစၥဳပၸန္ကံေတြရဲ႕ အက်ိဳးေပးခ်ိန္နဲ႔ အခါအခြင့္သင့္မႈေၾကာင့္ပဲ ေကာင္းတာဆိုးတာ ျဖစ္လာတတ္တာပါ။ အိမ္ေစာင့္နတ္၊ ေက်ာင္းေစာင့္နတ္ စတာေတြ မရွိဘူးမဟုတ္ဘူး။ ရွိပါတယ္။ ရွိတယ္ဆိုတဲ့အတြက္ တခမ္းတနား ကိုးကြယ္ထားဖို႔ေတာ့ မဟုတ္ပါဘူး။ အဲဒီနတ္ေတြ ကိုယ္တိုင္လည္း ဒီလိုခမ္းနားႀကီးက်ယ္စြာ ကိုးကြယ္တာထက္ သူတို႔ကို ေမတၱာပို႔ေပး၊ ျပဳသမွ် ကုသိုလ္အဖို႔ကို အမွ်ေဝေပးတာမ်ိဳးကို လိုလားတာျဖစ္ပါတယ္။

တကယ္ေတာ့ အိမ္ေစာင့္နတ္ဆိုတာ အိမ္ရွိလို႔ ေရာက္လာတာ၊ ေက်ာင္းေစာင့္နတ္ဆိုတာ ေက်ာင္းရွိလို႔ ေရာက္လာတာပါ။ သူတို႔ကိုယ္တိုင္က အမွီျပဳေနရတဲ့ ဘဝဆိုေတာ့ သူမ်ားကို မစဖို႔ဆိုတာ မလြယ္လွေပဘူး။ သူတို႔ရဲ႕ ကူညီေစာင့္ေရွာက္မႈကို ရခ်င္ရင္ ခုနေျပာခဲ့သလို၊ ေမတၱာပို႔၊ အမွ်ေဝေပးေပါ့။ ဒီေလာက္ လုပ္ေပးရင္ကို အိမ္ေစာင့္နတ္၊ အိမ္တြင္းနတ္ စတာေတြနဲ႔ ပတ္သက္ၿပီး ကိုယ့္ဘက္က လုပ္ေဆာင္ေပးခ်က္ဟာ လုံေလာက္သြားပါၿပီ။ သူတို႔ဆႏၵနဲ႔လည္း တစ္ထပ္တည္း က်သြားပါၿပီေပါ့။

ဒါေၾကာင့္ အိမ္တြင္းအုန္းဆြဲျခင္း၊ မဆြဲျခင္းဟာ ေထရဝါဒ ဗုဒၶဘာသာဝင္ တစ္ေယာက္အတြက္ အဓိကက်တဲ့ ကိုးကြယ္ယုံၾကည္မႈ မဟုတ္တဲ့အတြက္ မဆြဲလည္း ဘာမွမျဖစ္ပါဘူး။ ရတနာသုံးပါးထက္ပိုၿပီး ယုံၾကည္ကိုးကြယ္တာမ်ိဳး မဟုတ္ဘဲ မိ႐ိုးဖလာ ပူေဇာ္ပသတဲ့ အေနနဲ႔ နတ္အုန္းခ်ိတ္ဆြဲတာဆိုရင္လည္း အထူးေျပာစရာ မရွိပါဘူး။ အေရးႀကီးဆုံးက ကိုးကြယ္ရာနဲ႔ ပူေဇာ္ပသရာ ကြဲျပားစြာ ခြဲျခားတတ္ဖို႔နဲ႔ ပူေဇာ္ပသတာေတြကို ပယ္စြန႔္ၿပီး ရတနာသုံးပါး ကံကံ၏အက်ိဳး သက္သက္ကိုသာ အသက္နဲ႔အမွ် ယုံၾကည္ကိုးကြယ္ၾကမယ္ဆိုရင္ေတာ့ ဗုဒၶအလိုက် ေထရဝါဒ ဗုဒၶဘာသာေတြ ျဖစ္ေနမွာ အမွန္ပဲ မဟုတ္လား။

ေမတၱာျဖင့္

မနာပ ဒါယီ အရွင္ဝိစိတၱ

Credit – ကိုညီညီတင္(ဥာ

(Unicode)

မိရိုးဖလာ အိမ်တွင်းနတ်အုန်းနှင့် ထေရဝါဒ ဗုဒ္ဓဘာသာ (ဗဟုသုတ)

အိမ်တွင်းနတ်နဲ့ပတ်သက်ပြီး စာဖတ်ပရိသတ် တစ်ဦးက ဖော်ပြပါအတိုင်း မေးလာပါတယ်။

“တပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်။ တပည့်တော် ငယ်ငယ်တုန်းက အိမ်တွင်းအုန်း ကို အိမ်မှာတင်ပါတယ်။ တပည့်တော် အမေကဗုဒ္ဓဘာသာကိုယုံကြည်လာခဲ့တဲ့အချိန်အိမ်တွင်းမထားတော့ပါဘူး။ တပည့်တော်တို့အိမ်မှာ အခုဘုရားစင်တစ်ခုပဲ ရှိပါသည်။ တပည့်တော်မင်္ဂလာဆောင်တော့မယ်ဆိုတော့တပည့်တော်ယောက္ခမက သူ့တို့သားက သားအကြီးဆုံးမို့ အိမ်တွင်းကိုးကွယ်ရမယ်လို့ ပြောပါတယ်။ ယောက္ခမတွေက ညွန်ချုပ်တို့ ဆရာဝန်တို့ပါ။ သူတို့က ပညာတတ်တွေပါ။

ဒါပေမဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ စစ်စစ်မဟုတ်တော့ တပည့်တော်တို့ကို အတင်းတိုက်တွန်းပါတယ်။တပည့်တော်ကလည်းဆရာဝန်တစ်ယောက်ပါ။ ဗုဒ္ဓဘာသာကို ယုံကြည်ပါတယ်နတ်စင်ကိုအိမ်မှာမထားချင်ပါဘုရား။ နတ်စင်မထားသင့်တဲ့အကြောင်းလေး Facebook မှာ ဆောင်းပါးလေးတစ်ပုဒ်လောက် ရေးပေးတော်မူပါလားလို့ အသနားခံ၍ တောင်းပန်လျှေက်ထားပါသည်။တပည့်တော်အပြင်တခြားသူတွေကိုလည်း သိစေချင်လို့ပါဘုရား။

ဟုတ်ပါတယ်။ အိမ်တွင်းနတ်၊ အိမ်တွင်းအုန်းဆွဲတာနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းကိုယ်တိုင်လည်း မိဘတွေအိမ်မှာအတော်ပြန်ဖြုတ်ယူရပါတယ်။ အရင်တုန်းကတည်းက ဆွဲခဲ့တဲ့ မိရိုးဖလာ ပူဇော်ပသမှုကို ဖယ်ဖို့ဆိုတော့ အချိန်ယူခဲ့ရပါတယ်။ ပထမဖြုတ်မယ်လို့ စဉ်းစားချိန်မှာ ခမည်းတော်ကြီးက ကျန်းမာရေးဖောက်ပြီး အရေးပေါ် ရောက်လာလို့ မဖြုတ်ဖြစ်ခဲ့ပါဘူး။ တကယ်လို့ အဲဒီအချိန်မှာ အိမ်တွင်းနတ်အုန်းဖယ်တာနဲ့ ကြုံရင် ဒါဖြုတ်လို့ဆိုတဲ့ အစွဲတွေ ဝင်သွားမှာ အသေအချာပါပဲ။

နောက်တစ်ခါ ဖြုတ်မယ်ဆိုတော့လည်း ညီမတစ်ယောက်က ဆိုင်ကယ်မှောက်ပြီး ခြေကျိုးပါတယ်။ အဲဒီအချိန် နတ်အုန်းဖြုတ်တာနဲ့ကြုံရင် ဒါကြောင့်ဆိုတာမျိုး အစွဲတွေဖြစ်မှာ အမှန်ပါ။ အိမ်မှာ ဘယ်သူဘာမှ မဖြစ်တဲ့အချိန်ကျမှ နတ်အုန်းဖယ်ခဲ့တာ ခုတော့ အိမ်မှာ အိမ်တွင်းနတ်နဲ့ အိမ်တွင်းအုန်းဆွဲတာတွေ မရှိတော့ပါဘူး။ အိမ်တွင်းအုန်းဖယ်လိုက်တဲ့အတွက် ဘယ်သူဘာဖြစ်လဲဆိုတော့ ဘာမှမဖြစ်ပါဘူး။ ဖြစ်ဖို့ကံပါလာရင်တော့ အိမ်တွင်းနတ်အုန်းဆွဲဆွဲ မဆွဲဆွဲ ဖြစ်မှာပါပဲ။

ပြောချင်တာက မိရိုးဖလာ ယုံကြည်မှုတွေရဲ့ အစွဲအလန်းတွေဟာ ထေရဝါဒ ဗုဒ္ဓဘာသာ အရတော့ အားပေးစရာ မရှိပါဘူး။ ထေရဝါဒ ဗုဒ္ဓဘာသာစစ်စစ် တစ်ယောက်ရဲ့ ယုံကြည်မှုဟာ “ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနဲ့ ကံကံ၏အကျိုးကို ယုံကြည်မှု”သက်သက်ဆိုရင် လုံလောက်ပါပြီ။ ကျန်တဲ့အယူဝါဒတွေဆိုတာဟာ မှန်ကန်တဲ့ယုံကြည်မှုမျိုး မဖြစ်နိုင်ပါဘူး။

ဒါပေမယ့် ကိုးကွယ်ခြင်းနဲ့ ပူဇော်ပသခြင်းဆိုတာမျိုးကို ခွဲခြားထားတယ်ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ထေရဝါဒဗုဒ္ဓဘာသာ စစ်စစ်ရဲ့ ကိုးကွယ်မှုဟာ ရတနာသုံးပါးပါပဲ။ ပူဇော်ပသတာကတော့ မိရိုးဖလာသဘောမျိုး လုပ်လို့ရပါတယ်။ ပူဇော်ပသရမှာကို ကိုးကွယ်တဲ့အဆင့်ရောက်သွားတာမျိုး၊ ကိုးကွယ်ရာ ရတနာသုံးပါးကို ပူဇော်ပသရုံလောက် ဖြစ်သွားတာမျိုးကတော့ လမ်းလွဲသွားစေတော့တာ ဖြစ်ပါတယ်။

သေချာတာကတော့ အိမ်တွင်းနတ်အုန်း မဆွဲတဲ့အတွက်ကြောင့် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာမျိုး မရှိပါဘူး။ ဖြစ်လာခဲ့ရင်လည်း ဒါဟာ တိုက်ဆိုင်မှုပါ။ ကိုယ့်ရဲ့အတိတ်ကံ ပစ္စုပ္ပန်ကံတွေရဲ့ အကျိုးပေးချိန်နဲ့ အခါအခွင့်သင့်မှုကြောင့်ပဲ ကောင်းတာဆိုးတာ ဖြစ်လာတတ်တာပါ။ အိမ်စောင့်နတ်၊ ကျောင်းစောင့်နတ် စတာတွေ မရှိဘူးမဟုတ်ဘူး။ ရှိပါတယ်။ ရှိတယ်ဆိုတဲ့အတွက် တခမ်းတနား ကိုးကွယ်ထားဖို့တော့ မဟုတ်ပါဘူး။ အဲဒီနတ်တွေ ကိုယ်တိုင်လည်း ဒီလိုခမ်းနားကြီးကျယ်စွာ ကိုးကွယ်တာထက် သူတို့ကို မေတ္တာပို့ပေး၊ ပြုသမျှ ကုသိုလ်အဖို့ကို အမျှဝေပေးတာမျိုးကို လိုလားတာဖြစ်ပါတယ်။

တကယ်တော့ အိမ်စောင့်နတ်ဆိုတာ အိမ်ရှိလို့ ရောက်လာတာ၊ ကျောင်းစောင့်နတ်ဆိုတာ ကျောင်းရှိလို့ ရောက်လာတာပါ။ သူတို့ကိုယ်တိုင်က အမှီပြုနေရတဲ့ ဘဝဆိုတော့ သူများကို မစဖို့ဆိုတာ မလွယ်လှပေဘူး။ သူတို့ရဲ့ ကူညီစောင့်ရှောက်မှုကို ရချင်ရင် ခုနပြောခဲ့သလို၊ မေတ္တာပို့၊ အမျှဝေပေးပေါ့။ ဒီလောက် လုပ်ပေးရင်ကို အိမ်စောင့်နတ်၊ အိမ်တွင်းနတ် စတာတွေနဲ့ ပတ်သက်ပြီး ကိုယ့်ဘက်က လုပ်ဆောင်ပေးချက်ဟာ လုံလောက်သွားပါပြီ။ သူတို့ဆန္ဒနဲ့လည်း တစ်ထပ်တည်း ကျသွားပါပြီပေါ့။

ဒါကြောင့် အိမ်တွင်းအုန်းဆွဲခြင်း၊ မဆွဲခြင်းဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင် တစ်ယောက်အတွက် အဓိကကျတဲ့ ကိုးကွယ်ယုံကြည်မှု မဟုတ်တဲ့အတွက် မဆွဲလည်း ဘာမှမဖြစ်ပါဘူး။ ရတနာသုံးပါးထက်ပိုပြီး ယုံကြည်ကိုးကွယ်တာမျိုး မဟုတ်ဘဲ မိရိုးဖလာ ပူဇော်ပသတဲ့ အနေနဲ့ နတ်အုန်းချိတ်ဆွဲတာဆိုရင်လည်း အထူးပြောစရာ မရှိပါဘူး။ အရေးကြီးဆုံးက ကိုးကွယ်ရာနဲ့ ပူဇော်ပသရာ ကွဲပြားစွာ ခွဲခြားတတ်ဖို့နဲ့ ပူဇော်ပသတာတွေကို ပယ်စွန့်ပြီး ရတနာသုံးပါး ကံကံ၏အကျိုး သက်သက်ကိုသာ အသက်နဲ့အမျှ ယုံကြည်ကိုးကွယ်ကြမယ်ဆိုရင်တော့ ဗုဒ္ဓအလိုကျ ထေရဝါဒ ဗုဒ္ဓဘာသာတွေ ဖြစ်နေမှာ အမှန်ပဲ မဟုတ်လား။

မေတ္တာဖြင့်

မနာပ ဒါယီ အရှင်ဝိစိတ္တ

Credit – ကိုညီညီတင်(ဉာဏ်လင်းမြို့)

Leave a Reply

Your email address will not be published. Required fields are marked *