ဗဟုတုသ

ခ်ံဳၾကားထဲက မင္​းကုသ (သို႔မဟုတ္​) နာနတ္​သီး

(Zawgyi)

ခ်ံဳၾကားထဲက မင္​းကုသ (သို႔မဟုတ္​) နာနတ္​သီး

” အသီး​ေပၚအပင္​​ေပါက္​ ​ေျခ​ေထာက္​တစ္​​ေခ်ာင္​း​ေထာက္​ ခ်ံဳၾကားထဲက မင္​းကုသ ​ေခါင္​း​ေပါင္​းစႏွင္​့ထ ”

ဟူ​ေသာ ျမန္​မာ့႐ိုးရာ စကားထာမွာ နာနတ္​ပင္​ႏွင္​့ပတ္​သတ္​​၍ ႐ိုး႐ွင္​း​ေသာစကားလံုးမ်ားႏွင္​့တန္​ဆာဆင္​ၿပီး အသြင္​သဏၭာန္​ကို ​ေလးနက္​​ေပၚလြင္​​ေအာင္​ ​ေရးဖြဲ႔ထားပါ၏။

နာနတ္​ပင္​သည္​ လူ၏က်န္​းမား​ေရးအတြက္​ အသံုး၀င္​​ေသာ ​ေဆးဖက္​၀င္​အပင္​တစ္​ပင္​ျဖစ္​ပါသည္​။ နာနတ္​ပင္​ႏွင္​့နာနတ္​သီးကို အဂၤလိပ္​ဘာသာစကားျဖင္​့ Pineapple ဟု​ေခၚ​ဆိုပါသည္​။

ယခုအခါ နာနတ္​သီးအားအခ်ိန္​မ​ေရြး စာသံုးႏိုင္​ရန္​အတြက္​ စည္​သြတ္​ဘူးႏွင္​့ ​ေဖ်ာ္​ရည္​မ်ိဳးစံုကိုတြင္​က်ယ္​စြာ ထုတ္​လုပ္​​ေနၾကပါသည္​။ နာနတ္​ပင္​မွ နာနတ္​သီးသည္​ စားသံုး၍ ​ေကာင္​း​ေသာအသီးျဖစ္​သလို ယင္​းအပင္​၏ အရြက္​ အသီးတို႔သည္​ လူသားအားလံုး၏ က်န္​းမာ​ေရးအတြက္​ ​ေဆးဖက္​၀င္​​ေၾကာင္​းကို အ​ေ႐ွ႕ တိုင္​းရင္​း​ေဆးက်မ္​းမ်ား၌ ​ေဖာ္​ျပၾကပါ၏။

” နာနတ္​သီးအစိမ္​းသည္​ ႏႈတ္​ကိုၿမိန္​​ေစျခင္​း၊ ႏွလံုးကိုအားျဖစ္​​ေစျခင္​းႏွင္​့ သလိပ္​၊ သည္​း​ေျခတို႔ကို ပြား​ေစသလို ပင္​ပန္​းမႈမ်ား ကင္​းစင္​​ေပ်ာက္​ကြယ္​​ေစ၏ ဟု ၫႊန္​းဆိုထားသည္။ မွည္​့၀င္​း​ေန​ေသအသီးသည္​သည္​လည္​း ႏႈတ္​ကိုၿမိန္​​ေစၿပီး ခံတြင္​းလိုက္​​ေစသည္​။ သည္​း​ေျခကိုျဖစ္​​ေစသည္​။ ​ေသြး​ေဖာက္​ျပန္ျခင္​းမွ ကင္​း​ေ၀း​ေစသည္​။ စိတ္​ႏွလံုးရႊင္​လန္​းျခင္​းကို ျဖစ္​​ေစ၏ ” ဟု လွစ္​ဟဖြင္​့ဆိုထားျပန္​သည္​။

နာနတ္​သီးသည္​ စားသံုးသူကို မူး​ေ၀ထိုင္​းမိႈင္​းျခင္​းမွ ကင္​း​ေစျခင္​း၊ ဦး​ေႏွာက္​ၾကည္​လင္​႐ွင္​းသန္​႔မႈကို ​ေပးစြမ္​းျခင္​း​ေၾကာင္​့ ​ေဆးပညာ႐ွင္​မ်ားက က်န္​းမာ​ေရးအတြက္​ အသံုး၀င္​ၿပီး အဖိုးတန္​အသီးျဖစ္​​ေၾကာင္​း သတ္​မွတ္​ထားၾကပါသည္​။

တဖန္​ နာနတ္သီးအစိမ္​းတစ္​လံုးကို ခြဲ၍ျပဳတ္​ပါ။ ရရိွလာ​ေသာျပဳတ္​ရည္​သည္​ ​ေက်ာက္​တည္​​ေရာဂါႏွင္​့ ဆီး​ေရာဂါတို႔ကို သက္​သာ​ေပ်ာက္​ကင္​း​ေစပါသည္​။ ထို႔အျပင္​ ယင္​းနာနတ္​ျပဳတ္​ရည္​သည္​ ဆီးခ်ိဳ​ေသြးခ်ိဳ ကဲ့သို​ေသာ​ေရာဂါမ်ားကိုလည္​း ထိ​ေရာက္​စြာ ဟန္​႔တားကာကြယ္​​ေပးႏိုင္​ပါသည္​။

လတ္​ဆတ္​​ေသာနာနတ္​သီးမွည္​့တစ္​လံုးမွညႇစ္​၍ရ​ေသာအရည္​ကို သၾကားအနည္​းငယ္​ႏွင္​့ ​ေရာ၍​ေသာက္​လ်ွင္​ ၀မ္​း​ဗိုက္​အတြင္​း၌ရိွ​ေသာ ပိုးမႊားႏွင္​့ သံ​ေကာင္​ တုတ္​​ေကာင္​မ်ားကို ​ေသဆံုး​ေစမည္​ျဖစ္​သည္​။ ၀မ္​းခ်ဳပ္​ျခင္​းလည္​း ကင္​း​ေ၀းမည္​ျဖစ္​သည္​။ ႀကိဳ႕ထိုး​ေရာဂါကိုလဲ လ်င္​ျမန္​စြာ​ေပ်ာက္​ကင္​းသြား​ေစႏိုင္​ပါသည္​။

ထို႔အတူ ဆီး​ေအာင္​့ျခင္​း၊ ဆီးနည္​းျခင္​းႏွင္​့ ဆီးခ်ဳပ္​​ေ၀ဒနာကိုခံစား​ေနရ​ေသာ ​ေရာဂါသည္​မ်ားအတြက္​ ပံုမွန္​နာနတ္​သီးတစ္​လံုးမွ ညႇစ္​ယူ၍ရ​ေသာ သတၱဳရည္​ကို ​သၾကားအနည္​းငယ္​​ေရာ၍ ​ေသာက္​​ေပးမည္​ဆိုပါက တခဏအတြင္​း ဆီးရႊင္​ဆီးမ်ားလာၿပီး စိတ္​ကိုၾကည္​လင္​ဘးလန္​းဆန္​း​ေစမည္​ျဖစ္​ပါသည္​။ နာနတ္​သီးသတၱဳရည္​တစ္​ဆႏွင္​့ သကာရည္​တစ္​ဆ ​ေရာ၍​ေသာက္​မည္​ဆိုပါက သည္​း​ေျခအားနည္​းျခင္​း အစာမ​ေၾကျခင္​းကို အထူးသက္​သာ​ေပ်ာက္​ကင္​း​ေစပါသည္​။

အမ်ိဳးသမီးမ်ား မီးယပ္​ခ်ဳပ္​ျခင္​း မီးယပ္​ငုပ္​ျခင္​း ျဖစ္​​ေပၚပါက နာနတ္​ရြက္​မွရ​ေသာအရည္​ကို ​ေန႔စဥ္​​ေသာက္​​ေပးလွ်င္​ ဓမၼတာ​ေပၚ၍ မီးယပ္​မွန္​ၿပီး က်န္​းမာ၀ၿဖိဳး အလွတိုးလာမည္​ျဖစ္​ပါသည္​။

မိတ္​​ေဆြမ်ားထံသို႔ မ်ွ​ေ၀​ေပးလိုက္​ပါ…..

၀ိပါက က်န္​းမာ​ေရးႏွင္​့ တိုင္​းရင္​း​ေဆးပညာဂ်ာနယ္​(အတြဲ ၂၊ အမွတ္​ ၈)

ေလးစားစြာျဖင့္ Credit – Origional Poster

(Unicode)

ချုံကြားထဲက မင်းကုသ (သို့မဟုတ်) နာနတ်သီး

” အသီးပေါ်အပင်ပေါက် ခြေထောက်တစ်ချောင်းထောက် ချုံကြားထဲက မင်းကုသ ခေါင်းပေါင်းစနှင့်ထ ”

ဟူသော မြန်မာ့ရိုးရာ စကားထာမှာ နာနတ်ပင်နှင့်ပတ်သတ်၍ ရိုးရှင်းသောစကားလုံးများနှင့် တန်ဆာဆင်ပြီး အသွင်သဏ္ဌာန်ကို လေးနက်ပေါ်လွင်အောင် ရေးဖွဲ့ထားပါ၏။

နာနတ်ပင်သည် လူ၏ကျန်းမားရေးအတွက် အသုံးဝင်သော ဆေးဖက်ဝင်အပင်တစ်ပင်ဖြစ်ပါသည်။ နာနတ်ပင်နှင့်နာနတ်သီးကို အင်္ဂလိပ်ဘာသာစကားဖြင့် Pineapple ဟုခေါ်ဆိုပါသည်။

ယခုအခါ နာနတ်သီးအား အချိန်မရွေး စာသုံးနိုင်ရန်အတွက် စည်သွတ်ဘူးနှင့် ဖျော်ရည်မျိုးစုံကိုတွင်ကျယ်စွာ ထုတ်လုပ်နေကြပါသည်။ နာနတ်ပင်မှ နာနတ်သီးသည် စားသုံး၍ ကောင်းသောအသီးဖြစ်သလို ယင်းအပင်၏ အရွက် အသီးတို့သည် လူသားအားလုံး၏ ကျန်းမာရေးအတွက် ဆေးဖက်ဝင်ကြောင်းကို အရှေ့ တိုင်းရင်းဆေးကျမ်းများ၌ ဖော်ပြကြပါ၏။

” နာနတ်သီးအစိမ်းသည် နှုတ်ကိုမြိန်စေခြင်း၊ နှလုံးကိုအားဖြစ်စေခြင်းနှင့် သလိပ်၊ သည်းခြေတို့ကို ပွားစေသလို ပင်ပန်းမှုများ ကင်းစင်ပျောက်ကွယ်စေ၏ ဟု ညွှန်းဆိုထားသည်။ မှည့်ဝင်းနေသော အသီးသည်သည်လည်း နှုတ်ကိုမြိန်စေပြီး ခံတွင်းလိုက်စေသည်။ သည်းခြေကိုဖြစ်စေသည်။ သွေးဖောက်ပြန်ခြင်းမှ ကင်းဝေးစေသည်။ စိတ်နှလုံးရွှင်လန်းခြင်းကို ဖြစ်စေ၏ ” ဟု လှစ်ဟဖွင့်ဆိုထားပြန်သည်။

နာနတ်သီးသည် စားသုံးသူကို မူးဝေထိုင်းမှိုင်းခြင်းမှ ကင်းစေခြင်း၊ ဦးနှောက်ကြည်လင်ရှင်းသန့်မှုကို ပေးစွမ်းခြင်းကြောင့် ဆေးပညာရှင်များက ကျန်းမာရေးအတွက် အသုံးဝင်ပြီး အဖိုးတန်အသီးဖြစ်ကြောင်း သတ်မှတ်ထားကြပါသည်။

တဖန် နာနတ်သီးအစိမ်းတစ်လုံးကို ခွဲ၍ပြုတ်ပါ။ ရရှိလာသောပြုတ်ရည်သည် ကျောက်တည်ရောဂါနှင့် ဆီးရောဂါတို့ကို သက်သာပျောက်ကင်းစေပါသည်။ ထို့အပြင် ယင်းနာနတ်ပြုတ်ရည်သည် ဆီးချိုသွေးချို ကဲ့သိုသောရောဂါများကိုလည်း ထိရောက်စွာ ဟန့်တားကာကွယ်ပေးနိုင်ပါသည်။

လတ်ဆတ်သောနာနတ်သီးမှည့်တစ်လုံးမှညှစ်၍ရသောအရည်ကို သကြားအနည်းငယ်နှင့် ရော၍သောက်လျှင် ဝမ်းဗိုက်အတွင်း၌ရှိသော ပိုးမွှားနှင့် သံကောင် တုတ်ကောင်များကို သေဆုံးစေမည်ဖြစ်သည်။ ဝမ်းချုပ်ခြင်းလည်း ကင်းဝေးမည်ဖြစ်သည်။ ကြို့ထိုးရောဂါကိုလဲ လျင်မြန်စွာပျောက်ကင်းသွားစေနိုင်ပါသည်။

ထို့အတူ ဆီးအောင့်ခြင်း၊ ဆီးနည်းခြင်းနှင့် ဆီးချုပ်ဝေဒနာကိုခံစားနေရသော ရောဂါသည်များအတွက် ပုံမှန်နာနတ်သီးတစ်လုံးမှ ညှစ်ယူ၍ရသော သတ္တုရည်ကို သကြားအနည်းငယ်ရော၍ သောက်ပေးမည်ဆိုပါက တခဏအတွင်း ဆီးရွှင်ဆီးများလာပြီး စိတ်ကိုကြည်လင်ဘးလန်းဆန်းစေမည်ဖြစ်ပါသည်။ နာနတ်သီးသတ္တုရည်တစ်ဆနှင့် သကာရည်တစ်ဆ ရော၍သောက်မည်ဆိုပါက သည်းခြေအားနည်းခြင်း အစာမကြေခြင်းကို အထူးသက်သာပျောက်ကင်းစေပါသည်။

အမျိုးသမီးများ မီးယပ်ချုပ်ခြင်း မီးယပ်ငုပ်ခြင်း ဖြစ်ပေါ်ပါက နာနတ်ရွက်မှရသောအရည်ကို နေ့စဉ်သောက်ပေးလျှင် ဓမ္မတာပေါ်၍ မီးယပ်မှန်ပြီး ကျန်းမာဝဖြိုး အလှတိုးလာမည်ဖြစ်ပါသည်။

မိတ်ဆွေများထံသို့ မျှဝေပေးလိုက်ပါ..

ဝိပါက ကျန်းမာရေးနှင့် တိုင်းရင်းဆေးပညာဂျာနယ်(အတွဲ ၂၊ အမှတ် ၈)

လေးစားစွာဖြင့် Credit – Origional Poster

Leave a Reply

Your email address will not be published. Required fields are marked *