သတင္း

သင့္အနားက ဒီအစားအစာ (၆) မ်ိဳးက အဆိပ္သင္႔ေစႏုိင္လို႕ သတိကပ္ထားသင့္တယ္

(Zawgyi)
သတိမထားဘဲစားမိရင္ အဆိပ္သင္႔ေစႏုိင္တဲ႔အစားအစာ (၆) မ်ိဳး

ကြ်န္ေတာ္တို႔ ေန႕စဥ္စားသံုးေနတဲ႔ အစားအေသာက္ေတြထဲမွာ သတိမထားမိဘဲ စားလိုက္မိရင္ အစာအဆိပ္သင္႔ေစႏိုင္တဲ႔ အစားအစာေတြရွိပါတယ္။ အစားမ်ားမယ္ဆိုရင္ ဗိုက္ေအာင္႔တာတို႔၊ ေအာ႔အန္တာတို႔၊ မူးလဲတာတို႔ျဖစ္ေစႏိုင္ၿပီး အခန္႕မသင္႔ရင္ အသက္အႏၱရာယ္ကိုပါ ထိခိုက္ေစႏိုင္ပါတယ္။ အဲဒီအစားအစာေတြက ဘာေတြလဲဆိုေတာ႔

၁။ ပဲၾကီးေစ့


ကြ်န္ေတာ္တို႔ဆီမွာေတာ႔ ပဲႀကီးေစ႔လို႔ေခၚတဲ႔ Red kidney beans ပဲဲဟာ အနီေရာင္ ေက်ာက္ကပ္ပံုစံရွိၿပီး က်န္းမာေရးနဲ႔ ညီညြတ္တယ္လို႔ လူသိမ်ားပါတယ္။ ဒါေပမယ္႔ အဲဒီပဲႀကီးေစ႔ကို မစားသံုးခင္ ေရထဲမွာ အနည္းဆံုး (၁၀) မိနစ္ေလာက္ၾကာေအာင္ ျပဳတ္ေပးဖို႔လိုအပ္ပါတယ္။ မဟုတ္ရင္ phytohaemagglytinin လို႔ေခၚတဲ႔ အစိတ္အပိုင္းေၾကာင္႔ အဆိပ္သင္႔ေစႏိုင္ပါတယ္။ တကယ္လို႔ ပဲႀကီးေစ႔ကို ေရထဲမွာ မျပဳတ္ဘဲ တစ္ျခားပါဝင္ပစၥည္းေတြနဲ႔ ေရာၿပီး တန္းခ်က္ျပဳတ္လိုက္တာက အထဲမွာပါဝင္တဲ႔ အဆိပ္ကို ပိုၿပီးေတာင္ျပင္းထန္ေစပါတယ္။ ေနာက္ၿပီး ပဲႀကီးေစ႔ကို အစိမ္းစားမိရင္ အစာအဆိပ္သင္႔ေစႏိုင္လို႔ ကေလးေတြနဲ႕ေဝးရာမွာ ထားသင္႔ပါတယ္။

၂။ ဇာတိပၨိဳလ္သီး


ဇာတိပၨိဳလ္သီးကို ေထာင္းထားတဲ႔ အမႈန္႕ကို ေနရာေတာ္ေတာ္မ်ားမ်ားမွာ သံုးၾကပါတယ္။ ကိတ္မုန္႕ဖုတ္တာတို႔၊ ေကာ္ဖီေဖ်ာ္တာတို႔မွာလည္း ထည္႔သံုးတတ္ၾကပါတယ္။ နည္းနည္းေလးထည္႔တာ ျပႆနာ မရွိေပမယ္႔ မ်ားသြားရင္ ေခါင္းကိုက္တာတို႔၊ မူးေဝတာတို႔၊ ေအာ႔အန္ခ်င္တာတို႔ ျဖစ္ေစတတ္ပါတယ္။ အဲဒါဘာလို႔လဲဆိုေတာ႔ ဇာတိပၨိဳလ္သီးေစ႔ထဲမွာပါတဲ႔ myristicin ဆိုတဲ႔ ဓာတ္တစ္မ်ိဳးေၾကာင္႔ပါပဲ။ ဒါကိုလည္း ကေလးေတြ လက္လွမ္းမီရာ ေနရာေတြမွာ မထားသင္႔ပါဘူး။

၃။ ဘရာဇီးပဲေစ႔


ဘရာဇီးပဲေစ႔မွာေတာ႔ selenium လို႔ေခၚတဲ႔ ဓာတ္တစ္မ်ိဳးပါၿပီး ပမာဏမ်ားရင္ အဆိပ္ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင္႔ ဘရာဇီးပဲေစ႔ကို တစ္ေန႔ (၃) ေစ႔ထက္ ပိုမစားဖို႔အၾကံေပးထားပါတယ္။ သစ္ေစ႔ေတြကို စားျခင္းဟာ က်န္းမာေရးအတြက္ ေကာင္းတယ္ဆိုေပမယ္႔ သူတို႕မွာ လူကိုထိခိုက္ေစႏိုင္တဲ႔ ဓာတုပစၥည္းေတြလည္း ပါဝင္ေတာ႔ မစားခင္ သတိထားသင္႔ပါတယ္။

၄။ တရုပ္ဆီးသီး၊ မက္မြန္သီးနဲ႔ ခ်ယ္ရီသီး (အေစ႔)


အသီးခ်ည္းပဲစားရင္ေတာ႔ လူကိုဘာအႏၱရာယ္မွ မေပးႏိုင္ပါဘူး။ ဒါေပမယ္႔ သူတို႔ရဲ႕အေစ႔ေတြထဲမွာ ဆိုင္ယာႏိုက္အဆိပ္တစ္မ်ိဳး ပါဝင္ေနပါတယ္။ ဒါေၾကာင္႔ အဲဒီအသီးေတြရဲ႕အေစ႔ကို မဝါးမိ၊ မ်ိဳမခ်မိဖို႔ အေရးႀကီးပါတယ္။ မိဘေတြအေနနဲ႕ကေလးေတြကို ဒီအသီးေတြကို ေကြ်းမယ္ဆိုရင္ အေစ႔ကို မဝါးမိေစဖို႔ သတိေပးၿပီးမွ ေကြ်းသင္႔ပါတယ္။

၅။ အာလူး


အာလူးအားလံုးကို ဆိုလိုတာမဟုတ္ပါဘူး။ အာလူးေပၚမွာ အစိမ္းေရာင္အတက္ေလးေတြ ထြက္ေနတဲ႔ အလံုးေတြကေတာ႔ ခ်က္ျပဳတ္ၿပီးတာေတာင္ ေပ်ာက္မသြားတဲ႔ solanine ဆိုတဲ႔ အဆိပ္တစ္မ်ိဳး ပါရွိေနပါတယ္။ Solanine အဆိပ္ဟာ nightshade အဆိပ္မ်ိဳးစိတ္ကလာၿပီး အာရံုေၾကာကို ထံုထိုင္းေစတဲ႔ သဘာဝအဆိပ္တစ္မ်ိဳး ျဖစ္ပါတယ္။ အဲဒါဟာ အာလူးေတြကို အင္းဆက္ပိုးမႊား အႏၱရာယ္ ကာကြယ္ဖို႔ သဘာဝတရားႀကီးက တပ္ဆင္ေပးထားတဲ႔ အကာအကြယ္ လက္နက္တစ္မ်ိဳး ျဖစ္ပါတယ္။ အဲဒီအဆိပ္ပါတဲ႔ အာလူးကို အမ်ားႀကီးစားမိရင္ ေအာ႔အန္တာ၊ ဝမ္းေလွ်ာတာတို႔ ျဖစ္ေစႏိုင္ၿပီး အေျခအေန ဆိုးရြားရင္ အေၾကာေသတာထိ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင္႔ဝယ္လာတဲ႔ အာလူးထဲမွာ အစိမ္းေရာင္အတက္ ထြက္ေနၿပီဆိုရင္ အတက္ေလးကိုပဲဖယ္ၿပီး ဆက္မစားပါနဲ႔။ အမႈိက္ပံုးထဲသာ ဝဲပစ္လိုက္ပါ။

၆။ အေျခာက္လွမ္းထားတဲ႔ သစ္သီးေတြ


Supermarket ေတြမွာေရာင္းေနတဲ႔ သစ္သီးေျခာက္အမ်ားစုက ဆာလ္ဖာတို႔၊ ပိုတက္ဆီယမ္ ေဆာလ္ဘိတ္တို႔ကိုသံုးၿပီး စက္ရံုမွာအေျခာက္ခံထားတာျ့ဖစ္ပါတယ္။ အစာေျခအဂၤါအဖြဲ႕အစည္းကို မထိခိုက္ေစခ်င္ရင္ေတာ႔ သစ္သီးေျခာက္ေတြအမ်ားႀကီး သြားမစားမိဖို႔လိုပါတယ္။ ဘာေၾကာင္႔လဲဆိုေတာ႔ ေဆးပညာကြ်မ္းက်င္သူေတြရဲ႕အဆိုအရ ဆာလ္ဖာပါဝင္မႈမ်ားတဲ႔ အစားအေသာက္ေတြကို အလြန္အကြ်ံစားသံုးျခင္းက အစာအိမ္နဲ႔အစာေျခအဂၤါေတြကို ထိခိုက္ေစပါတယ္တဲ႔။

Source – Lifedeathprize

Credit – Duwun

(Unicode)
သတိမထားဘဲစားမိရင် အဆိပ်သင့်စေနိုင်တဲ့ အစားအစာ (၆) မျိုး

ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ သတိမထားမိဘဲ စားလိုက်မိရင် အစာအဆိပ်သင့်စေနိုင်တဲ့ အစားအစာတွေရှိပါတယ်။ အစားများမယ်ဆိုရင် ဗိုက်အောင့်တာတို့၊ အော့အန်တာတို့၊ မူးလဲတာတို့ဖြစ်စေနိုင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဲဒီအစားအစာတွေက ဘာတွေလဲဆိုတော့

၁။ ပဲကြီးစေ့

ကျွန်တော်တို့ဆီမှာတော့ ပဲကြီးစေ့လို့ခေါ်တဲ့ Red kidney beans ပဲဟာ အနီရောင် ကျောက်ကပ်ပုံစံရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ လူသိများပါတယ်။ ဒါပေမယ့် အဲဒီပဲကြီးစေ့ကို မစားသုံးခင် ရေထဲမှာ အနည်းဆုံး (၁၀) မိနစ်လောက်ကြာအောင် ပြုတ်ပေးဖို့လိုအပ်ပါတယ်။ မဟုတ်ရင် phytohaemagglytinin လို့ခေါ်တဲ့ အစိတ်အပိုင်းကြောင့် အဆိပ်သင့်စေနိုင်ပါတယ်။ တကယ်လို့ ပဲကြီးစေ့ကို ရေထဲမှာ မပြုတ်ဘဲ တစ်ခြားပါဝင်ပစ္စည်းတွေနဲ့ ရောပြီး တန်းချက်ပြုတ်လိုက်တာက အထဲမှာပါဝင်တဲ့ အဆိပ်ကို ပိုပြီးတောင်ပြင်းထန်စေပါတယ်။ နောက်ပြီး ပဲကြီးစေ့ကို အစိမ်းစားမိရင် အစာအဆိပ်သင့်စေနိုင်လို့ ကလေးတွေနဲ့ဝေးရာမှာ ထားသင့်ပါတယ်။

၂။ ဇာတိပ္ဇိုလ်သီး

ဇာတိပ္ဇိုလ်သီးကို ထောင်းထားတဲ့ အမှုန့်ကို နေရာတော်တော်များများမှာ သုံးကြပါတယ်။ ကိတ်မုန့်ဖုတ်တာတို့၊ ကော်ဖီဖျော်တာတို့မှာလည်း ထည့်သုံးတတ်ကြပါတယ်။ နည်းနည်းလေးထည့်တာ ပြဿနာ မရှိပေမယ့် များသွားရင် ခေါင်းကိုက်တာတို့၊ မူးဝေတာတို့၊ အော့အန်ချင်တာတို့ ဖြစ်စေတတ်ပါတယ်။ အဲဒါဘာလို့လဲဆိုတော့ ဇာတိပ္ဇိုလ်သီးစေ့ထဲမှာပါတဲ့ myristicin ဆိုတဲ့ ဓာတ်တစ်မျိုးကြောင့်ပါပဲ။ ဒါကိုလည်း ကလေးတွေ လက်လှမ်းမီရာ နေရာတွေမှာ မထားသင့်ပါဘူး။

၃။ ဘရာဇီးပဲစေ့

ဘရာဇီးပဲစေ့မှာတော့ selenium လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါပြီး ပမာဏများရင် အဆိပ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဘရာဇီးပဲစေ့ကို တစ်နေ့ (၃) စေ့ထက် ပိုမစားဖို့အကြံပေးထားပါတယ်။ သစ်စေ့တွေကို စားခြင်းဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သူတို့မှာ လူကိုထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းတွေလည်း ပါဝင်တော့ မစားခင် သတိထားသင့်ပါတယ်။

၄။ တရုပ်ဆီးသီး၊ မက်မွန်သီးနဲ့ ချယ်ရီသီး (အစေ့)

အသီးချည်းပဲစားရင်တော့ လူကိုဘာအန္တရာယ်မှ မပေးနိုင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့အစေ့တွေထဲမှာ ဆိုင်ယာနိုက်အဆိပ်တစ်မျိုး ပါဝင်နေပါတယ်။ ဒါကြောင့် အဲဒီအသီးတွေရဲ့အစေ့ကို မဝါးမိ၊ မျိုမချမိဖို့ အရေးကြီးပါတယ်။ မိဘတွေအနေနဲ့ကလေးတွေကို ဒီအသီးတွေကို ကျွေးမယ်ဆိုရင် အစေ့ကို မဝါးမိစေဖို့ သတိပေးပြီးမှ ကျွေးသင့်ပါတယ်။

၅။ အာလူး

အာလူးအားလုံးကို ဆိုလိုတာမဟုတ်ပါဘူး။ အာလူးပေါ်မှာ အစိမ်းရောင်အတက်လေးတွေ ထွက်နေတဲ့ အလုံးတွေကတော့ ချက်ပြုတ်ပြီးတာတောင် ပျောက်မသွားတဲ့ solanine ဆိုတဲ့ အဆိပ်တစ်မျိုး ပါရှိနေပါတယ်။ Solanine အဆိပ်ဟာ nightshade အဆိပ်မျိုးစိတ်ကလာပြီး အာရုံကြောကို ထုံထိုင်းစေတဲ့ သဘာဝအဆိပ်တစ်မျိုး ဖြစ်ပါတယ်။ အဲဒါဟာ အာလူးတွေကို အင်းဆက်ပိုးမွှား အန္တရာယ် ကာကွယ်ဖို့ သဘာဝတရားကြီးက တပ်ဆင်ပေးထားတဲ့ အကာအကွယ် လက်နက်တစ်မျိုး ဖြစ်ပါတယ်။ အဲဒီအဆိပ်ပါတဲ့ အာလူးကို အများကြီးစားမိရင် အော့အန်တာ၊ ဝမ်းလျှောတာတို့ ဖြစ်စေနိုင်ပြီး အခြေအနေ ဆိုးရွားရင် အကြောသေတာထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ဝယ်လာတဲ့ အာလူးထဲမှာ အစိမ်းရောင်အတက် ထွက်နေပြီဆိုရင် အတက်လေးကိုပဲဖယ်ပြီး ဆက်မစားပါနဲ့။ အမှိုက်ပုံးထဲသာ ဝဲပစ်လိုက်ပါ။

၆။ အခြောက်လှမ်းထားတဲ့ သစ်သီးတွေ

Supermarket တွေမှာရောင်းနေတဲ့ သစ်သီးခြောက်အများစုက ဆာလ်ဖာတို့၊ ပိုတက်ဆီယမ် ဆောလ်ဘိတ်တို့ကိုသုံးပြီး စက်ရုံမှာအခြောက်ခံထားတာြ့ဖစ်ပါတယ်။ အစာခြေအင်္ဂါအဖွဲ့အစည်းကို မထိခိုက်စေချင်ရင်တော့ သစ်သီးခြောက်တွေအများကြီး သွားမစားမိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးပညာကျွမ်းကျင်သူတွေရဲ့အဆိုအရ ဆာလ်ဖာပါဝင်မှုများတဲ့ အစားအသောက်တွေကို အလွန်အကျွံစားသုံးခြင်းက အစာအိမ်နဲ့အစာခြေအင်္ဂါတွေကို ထိခိုက်စေပါတယ်တဲ့။

Source – Lifedeathprize

Credit – Duwun

Leave a Reply

Your email address will not be published. Required fields are marked *