သတင်း

တစ်ကမ္ဘာလုံးက စောင့်ကြည့်ခဲ့သော ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် မင်းသမီးမီဂန်မာကယ်တို့၏မင်္ဂလာပွဲ

တစ်ကမ္ဘာလုံးက စောင့်ကြည့်ခဲ့သော ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် မင်းသမီးမီဂန်မာကယ်တို့၏မင်္ဂလာပွဲ

==================
==================

၂၀၁၈၏ ကြီးကျယ် သော အခမ်းအနားတစ်ခုဖြစ် သည့် ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ဟောလိဝုဒ်မင်းသမီး မီဂန်မာကယ်တို့၏ မင်္ဂလာပွဲကို မေလ ၁၉ရက်မွန်းတည့် ၁၂နာရီ တွင် ၀င်ဆာရဲတိုက်ရှိ စိန့်ဂျော့ခ်ျ ဘုရားကျောင်း၌ ပြုလုပ်ခဲ့သည်။

ဗြိတိန်ဒီဇိုင်နာ ကလယ်ရာ ၀ိတ်ကီလာ၏လက်ရာ မင်္ဂလာ ၀တ်စုံဖြင့် ရောက်ရှိလာသောသတို့သမီးမီဂန်မာကယ်နှင့်အတူ ဟယ်ရီ ၏ဖခင် မင်းသားချားလ်က စင်္ကြံလမ်းတစ်လျှောက်အတူတွဲ လျှောက်လာသည်။

အဆိုပါ မင်္ဂလာပွဲသို့ မင်း သားဟယ်ရီဘက်မှ တော်ဝင်မိ သားစုဝင်များဖြစ်သော ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်နှင့် ကြင်ရာတော်မင်းသား ဖီးလစ်၊ မင်းသားဝီလျံနှင့် ကြင်ရာတော် ကိတ်တို့ တက်ရောက်သော် လည်း မီဂန်မာကယ်၏ ဖခင်သည် နှလုံးခွဲစိတ်မှုခံယူထားရသဖြင့် မိခင်ဒိုရီယာရာဂ်ျလန်သာ တက် ရောက်ခဲ့သည်။

မင်္ဂလာပွဲတွင် ကလေးအရံ ၁၀ ဦးအနက် မင်းသားဝီလျံနှင့် ကြင်ရာတော်ကိတ်တို့၏ သားနှင့်သမီးဖြစ်သော မင်းသား ဂျော့ခ်ျ (၄)နှစ်နှင့် မင်းသမီးရှားလက် (၃)နှစ်တို့လည်း ပါဝင်သည်။

ကမ္ဘာတစ်ဝန်း သန်းချီသော လူများက စောင့်ကြည့်ခဲ့ရသည့် ထိုတော်ဝင်မင်္ဂလာပွဲကို ရာပေါင်း များစွာသော ဗြိတိန်နိုင်ငံသားများ ကလည်း ကောင်းချီပေးရန် ၀င် ဆာရဲတိုက်အပြင်ဘက်တွင် ည လုံးပေါက် စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။

မင်္ဂလာပွဲကျင်းပသည့် စိန့် ဂျော့ခ်ျဘုရားကျောင်းအတွင်းသို့ ဧည့်သည် ၆၀၀ခန့်တက်ရောက် ပြီး ယင်းအနက် ဘောလုံးအ ကျော်အမော် ဒေးဗစ်ဘက်ခမ်း နှင့် ဇနီးဗစ်တိုးရီးယားဘက်ခမ်း၊ အော်ပရာဝင်းဖရေး၊ ဟောလိဝုဒ် မင်းသား ဂျော့ခ်ျနှင့်အာမယ်လ် ကိုလိုနီတို့လည်း ပါဝင်ခဲ့သည်။

မင်္ဂလာပွဲကျင်းပရာ စိန့် ဂျော့ခ်ျဘုရားကျောင်းအတွင်း အ ကြင်ဇနီးမောင်နှံအဖြစ် အပြန်အ လှန် ကတိသစ္စာပြုပြီးနောက် ဟယ်ရီနှင့် မီဂန်မာကယ်တို့သည် အမိုးဖွင့် မြင်းရထားလုံးဖြင့်ပြန် လည်ထွက်ခွာပြီး မြို့အတွင်း စောင့်ဆိုင်းနေသည့် ပရိသတ်များကို လှည့်လည်နှုတ်ဆက်သည်။ လန်ဒန်မြို့လမ်းမများ တစ်လျှောက် လူတစ်သိန်းကျော်အထိ ယင်းဇနီးမောင်နှံကို တန်းစီ၍ စောင့်ကြည့် ခဲ့သည်။

ယင်းမင်္ဂလာပွဲ ပရဟိတ အ လုပ်များအတွက် အသိ မှတ်ပြုခံ ထားရသူ အများစုပါဝင်သော ပြည်သူ ၁,၂၀၀ ခန့်ကို ၀င်ဆာရဲ တိုက်သို့ မိတ်ခေါ်ခဲ့သည်။

ထို့အပြင် ညနေတွင် ဟယ်ရီနှင့် မီဂန်မာကယ်တို့သည် ၎င်းတို့၏ အရင်းနှီးဆုံး မိတ်ဆွေ ၂၀၀ခန့်နှင့်အတူ ညစာစားပွဲ ကျင်းပ ခဲ့သည်။

===========

7Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *