ကျန်းမာရေးဗဟုသုတ

ၾကက္သြန္နီသံပုရာဆမ္း စားျခင္းျဖင့္ ရနိုင္သည့္ ေဆးအက်ိဳးထူးမ်ား

[Zawgyi version]
အလြန္ရိုးရွင္းျပီး လုပ္ရလြယ္ကူတဲ့ မီးဖိုေခ်ာင္ထဲက ေဆးနည္းတစ္မ်ိဳးကို က်န္းမာေရးသတင္းမ်ားစာမ်က္ႏွာမွ မွ်ေ၀ေပးခ်င္ပါတယ္။ အဲဒါကေတာ့ ၾကက္သြန္နီသံပုရာဆမ္း ျဖစ္ပါတယ္။

(၁) ၾကက္သြန္နီကို ဖင္ျဖတ္၊ ေခါင္းျဖတ္၊ အခြံခြါပါ။

(၂) ပံုထဲကအတိုင္း အကြင္းလုိက္ လွီးထားပါ။ ေရမေဆးပါနဲ့။

(၃) ၾကက္သြန္နီေပၚကို သံပုရာသီးညွစ္ထည့္ပါ။

(၄) ခ်ိဳတဲ့အရသာေပၚလာပါမည္။ မြန္တဲ့အနံ့မ်ား ေပ်ာက္္သြားမည္။

(၅) ၄င္းၾကက္သြန္နီသံပုရာဆမ္းကို မၾကာခဏ စားေပးပါ။ ထမင္းႏွင့္ေသာ္၄င္း၊ အျခားအစားအစာမ်ားႏွင့္ေသာ္၄င္း တြဲစားႏုိင္ပါသည္။

ဒီနည္းကေတာ့ ထမင္းစားခါနီး ၂ မိနစ္အတြင္း အလြယ္တကူ ျပဳလုပ္၍ စားသုံးႏိုင္တဲ့ အလြယ္နည္း ျဖစ္ပါတယ္။ ဒီထက္ပိုအခ်ိန္ေပးျပီး လုပ္ႏုိင္ပါက ၾကက္သြန္နီကို ပါးပါးလွီး၍ သံပုရာသီးညွစ္ထည့္၊ ဆား၊ ငရုတ္သီးစိမ္းတို့ကို အနည္းငယ္စီထည့္၍ ၾကက္သြန္နီသုပ္ကို လုပ္၍ စားသံုးႏိုင္ပါသည္။ ၾကက္သြန္နီစားျပီး ပါးစပ္မနံေအာင္ ေျမပဲဆန္ ၃ ေစ့ခန့္ ၀ါးစားပါ။ ဖန္ရည္ေရေႏြးၾကမ္းျဖင့္ ပလုတ္က်င္းပါ။

ၾကက္သြန္နီသံပုရာဆမ္းကို စားသံုးေပးျခင္းျဖင့္

(၁) ကိုယ္ခံအားကို ျမင့္တက္ေစမည္။

(၂)ေလထဲတြင္ကူးစက္ႏိုင္ေသာ တုပ္ေကြးစသည့္ေရာဂါမ်ားကို ကာကြယ္ေပးႏိုင္သည္။

(၃) ပိုးမႊားမ်ားကို ေသေစႏိုင္ပါသည္။

(၄) ဆီးခ်ိဳေသြးခ်ိဳေရာဂါမ်ားကို သက္သာေစပါသည္။

(၅) ဂ်ိဳင္းနံ့ဆိုးသူမ်ား၊ ခံတြင္းနံ့ဆိုးသူမ်ားကို သက္သာေစပါသည္။

(၆) အိမ္ေထာင္သည္မ်ားအတြက္ ခြန္အားကို တိုးပြါးေစပါသည္။

(၇) ရင္ပူျခင္း၊ ေရငတ္ျခင္းမ်ားကို သက္သာေပ်ာက္ကင္းေစပါသည္။

(၈) ခႏၶာကိုယ္မွာ ပိုလွ်ံေနတဲ့ အဆီမ်ားကိုလည္း ေလွ်ာ့ခ်ေပးႏိုင္ပါသည္။

ရိုးရွင္းလြယ္ကူေသာ ၾကက္သြန္နီသံပုရာဆမ္းနည္းကို အလြယ္တကူ ျပဳလုပ္၍ စားသံုးျခင္းျဖင့္ ေရာဂါမ်ား သက္သာေပ်ာက္ကင္းႏိုင္ၾကပါေစ။

Credit – HtooMyatTin

[Unicode version]
“ကိုယ်ခံအားကို”မြင့်တက်စေတဲ့ ကြက်သွန်နီသံပုရာဆမ်း

အလွန်ရိုးရှင်းပြီး လုပ်ရလွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေးနည်းတစ်မျိုးကို ကျန်းမာရေးသတင်းများစာမျက်နှာမှ မျှေ၀ပေးချင်ပါတယ်။ အဲဒါကတော့ ကြက်သွန်နီသံပုရာဆမ်း ဖြစ်ပါတယ်။

(၁) ကြက်သွန်နီကို ဖင်ဖြတ်၊ ခေါင်းဖြတ်၊ အခွံခွါပါ။

(၂) ပုံထဲကအတိုင်း အကွင်းလိုက် လှီးထားပါ။ ရေမဆေးပါနဲ့။

(၃) ကြက်သွန်နီပေါ်ကို သံပုရာသီးညှစ်ထည့်ပါ။

(၄) ချိုတဲ့အရသာပေါ်လာပါမည်။ မွန်တဲ့အနံ့များ ပျောက််သွားမည်။

(၅) ၄င်းကြက်သွန်နီသံပုရာဆမ်းကို မကြာခဏ စားပေးပါ။ ထမင်းနှင့်သော်၄င်း၊ အခြားအစားအစာများနှင့်သော်၄င်း တွဲစားနိုင်ပါသည်။

ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလွယ်တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။ ဒီထက်ပိုအချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလှီး၍ သံပုရာသီးညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်ကို လုပ်၍ စားသုံးနိုင်ပါသည်။ ကြက်သွန်နီစားပြီး ပါးစပ်မနံအောင် မြေပဲဆန် ၃ စေ့ခန့် ဝါးစားပါ။ ဖန်ရည်ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းပါ။

ကြက်သွန်နီသံပုရာဆမ်းကို စားသုံးပေးခြင်းဖြင့်

(၁) ကိုယ်ခံအားကို မြင့်တက်စေမည်။

(၂) လေထဲတွင်ကူးစက်နိုင်သော တုပ်ကွေးစသည့်ရောဂါများကို ကာကွယ်ပေးနိုင်သည်။

(၃) ပိုးမွှားများကို သေစေနိုင်ပါသည်။

(၄) ဆီးချိုသွေးချိုရောဂါများကို သက်သာစေပါသည်။

(၅) ဂျိုင်းနံ့ဆိုးသူများ၊ ခံတွင်းနံ့ဆိုးသူများကို သက်သာစေပါသည်။

(၆) အိမ်ထောင်သည်များအတွက် ခွန်အားကို တိုးပွါးစေပါသည်။

(၇) ရင်ပူခြင်း၊ ရေငတ်ခြင်းများကို သက်သာပျောက်ကင်းစေပါသည်။

(၈) ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီများကိုလည်း လျှော့ချပေးနိုင်ပါသည်။

ရိုးရှင်းလွယ်ကူသော ကြက်သွန်နီသံပုရာဆမ်းနည်းကို အလွယ်တကူ ပြုလုပ်၍ စားသုံးခြင်းဖြင့် ရောဂါများ သက်သာပျောက်ကင်းနိုင်ကြပါစေ။

Credit – HtooMyatTin

Leave a Reply

Your email address will not be published. Required fields are marked *