ဗဟုတုသ

“အစွမ်းထက်တဲ့ ဂျင်ဆင်း”

“အစွမ်းထက်တဲ့ ဂျင်ဆင်း”
………………………………

ဆေးဘက်ဝင် သစ်ဥ သစ်ဖုတွေထဲမှာတော့ “ဂျင်ဆင်း” ဆေးပင်ဟာ သမိုင်းစဉ်ဆက် အထက်မြက်ဆုံး ဖြစ်လိမ့်မယ်လို့ ဆိုကြပါတယ်။
ဂျင်ဆင်းရဲ့ကောင်းကျိုးပေးတဲ့ အချက်အလက်တွေဟာ ထူးခြားလွန်းလို့ ရှေးခေတ်က တရုတ် ဧကရာဇ်တွေဟာ ဂျင်ဆင်းကို ရွှေထက် တန်ဖိုးထားကြတယ်လို့ ဆိုပါတယ်။

ဂျင်ဆင်းရဲ့ ကောင်းခြင်း ၁၂ ဖြာကို ဖော်ပြလိုက်ပါတယ်။
အမေရိကန်ဂျင်ဆင်းမှာပါတဲ့ ပိုလီဆက်ခရိုက် ( Polysaccharide) နဲ့ အိုလီဂိုပက်တိုက် ( Oligopeptides) တွေဟာ ဓါတ်တိုးမှုကို ဆန့်ကျင်ကြတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် မောပန်းမှု ပြေပျောက်စေပြီး အင်အားကို တိုးပွားစေလို့ ကိုယ်လက်လှုပ်ရှားမှုတွေ တက်ကြွစေပါတယ်။
အထူးသဖြင့် ကင်ဆာရောဂါကို ခံစားနေရသူများအတွက် အထောက်အကူ ဖြစ်စေပါတယ်။

မှတ်ဥာဏ်ကို လှုံ့ဆော်ပေးခြင်းဖြင့် အသက်ကြီးပြင်းလို့ မှတ်ဥာဏ်လျော့ကျခြင်းကို တားဆီးပေးပါတယ်။
ဦးနှောက်ထဲမှာ ရှိတဲ့ အာရုံကြောတွေကို ချေးကပ်စေတဲ့ ဓါတ်တိုးစေတဲ့ အပြုအမူတွေကို အကာအကွယ် ပေးပါတယ်။
ဒီလို အာရုံကြောချေးတက်တဲ့ အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ဟန့်တားစေတဲ့အတွက် အသက် ၄၀ ကျော်တွေမှာ စသောက်ရင် အသက်ကြီးပိုင်းမှာ အသက်ကြီးပိုင်းမှာ အယ်လ်ဇိုင်းမား ရောဂါ ကာကွယ်နိုင်ပါလိမ့်မယ်။

အရက်သေစာကြောင့် ဖြစ်ပေါ်တဲ့ အဆိပ်အတောက်တွေ ဦးနှောက်ကို မရောက်အောင် လျော့ချနိုင်ပါတယ်။
အရက်ကို ဖြိုခွင်းတဲ့ အင်ဇိုင်းတစ်မျိုးကို တိုးပွားစေပါတယ်။
အရက်ကြောင့် ဖြစ်ပေါ်စေတဲ့ အဆိပ်အတောက်ကို တားဆီးရာမှာ ထိရောက်မှု ရှိပါတယ်။

အာရှတိုက်မှာ ထုတ်တဲ့ ဂျင်ဆင်းများဟာ ခန္ဓာကိုယ်ရဲ့ အာရုံကြောတွေကို ထိရောက်စွာ အကျိုးပြုပါတယ်။
အင်အားကို တိုးပွားပြီး စိတ်ဓါတ်ဖိစီးမှုကို သက်သာစေပါတယ်။
ဂျင်ဆင်းမှာပါတဲ့ (adaptogen) ဓါတ်က လူရဲ့ ဟော်မုန်းဓါတ်ကို တိုးမြှင့်ပေးလို့ စိတ်ဖိစီးမှုကို ကုသရာမှာ ထိရောက်စေပါတယ်။

ကိုရီးယားဂျင်းဆင်းအနီမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်မှုနဲ့ ရောင်ရမ်းမှု ကျဆင်းစေတဲ့ ဓါတ်ဟာ အာရုံကြောရောင်ရမ်းမှုတွေကို သက်သာစေတဲ့အတွက် ကြောရိုးတစ်လျှောက်မှာ ဖြစ်ပွားတဲ့ ရောင်ရမ်းမှုတွေကို သက်သာစေပြီး လှုပ်ရှားမှုတွေကို ပြန်လည် လုပ်ဆောင်စေနိုင်ပါတယ်။

အမျိုးသမီးတွေ ဓမ္မတာ ဆင်းချိန်မှာ ကိုက်ခဲမှု၊ မအီမသာ ဖြစ်မှုတွေကို သက်သာစေတဲ့ အပြင် အဲ့ဒီ့ အချိန်တွေမှာ ဖြစ်ပေါ်စေတတ်တဲ့ စိတ်တိုခြင်း၊ စိတ်ဓါတ်ကျဆင်းခြင်းများကို သက်သာစေပါတယ်။
ညဘက် ချွေးထွက်ခြင်း၊ လေပူတတ်ခြင်း၊ အိပ်မပျော်ခြင်း နဲ့ ကိုယ်အလေးချိန်တိုးခြင်းကို သက်သာစေပါတယ်။
ဆံပင်ကျွတ်ခြင်းကို တားဆီးပေးပါတယ်။

ဓါတ်မတည့်လို့ ဖြစ်ပေါ်တဲ့ ယားယံမှု၊ ဓါတ်တိုးမှုတွေကို တားဆီးပြီး၊ ပြင်ပက ဘက်တီးရီးယား နဲ့ ပိုးမွှားမျိုးစုံကို ခုခံ ကာကွယ်ပေးပါတယ်။
တုပ်ကွေးရောဂါ၊ အသဲရောင် အသားဝါ C ပိုး၊ အသက်ရှုလမ်းကြောင်းကို ဒုက္ခပေးတဲ့ ကပိုးမွှားတွေကိုလည်း ခုခံ ကာကွယ်ပေးပါတယ်။

`
မောပန်းနွမ်းနယ်မှုတွေကို တားဆီးပါတယ်။
အထူးသဖြင့် Siberia ကလာတဲ့ ဂျင်ဆင်းဟာ မောပန်းမှုကို တိုက်ဖျက်ရာမှာ အစွမ်းထက်ကြောင်း သိရပါတယ်။
ရောင်ရမ်းမှုကို သက်သာစေပါတယ်။ ခလေးသူငယ်များကို ကင်ဆာကုသတဲ့ Chemotherapy ဆေးသွင်းကုသပြီးချိန်မှာ ဆေးကြောင့်ဖြစ်ပေါ်တဲ့ ပျက်စီးမှုကို သက်သာစေပါတယ်။

ဂျင်ဆင်းဟာ ကိုယ်ခံအား တိုးပွားပြီး ခန္ဓာကိုယ်တွင်း ဇီဝကမ္မ အခြေအနေတွေကို ကောင်းမွန်စေပါတယ်။
အဆီကို လောင်ကျွမ်းစေပါတယ်။
ဆာလောင်မှုကို ဖိသိပ်နိုင်တဲ့အတွက် ဝိတ်ချချင်သူတွေအတွက် အသုံးတည့်ပါတယ်။

ဂျင်ဆင်းဟာ ဓါတ်တိုးဆန့်ကျင်မှု သတ္တိတွေကြွယ်ဝမှု၊ ရောင်ရမ်းမှု သက်သာစေမှုတွေကြောင့် ကင်ဆာကို ကာကွယ်နိုင်ပါတယ်။
ကင်ဆာတွေထဲမှာ အူမကြီး ကင်ဆာကို ပိုပြီး ထိရောက်တယ်လို့ သိရပါတယ်။
အရေပြားကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးကြိတ်ကင်ဆာ နဲ့ အသဲကင်ဆာတွေကို စမ်းသပ်ရာမှာ အကြိတ်တွေကို ချေဖျက်နိုင်တဲ့ စွမ်းအားရှိကြောင်း ကနဦး လေ့လာချက်များအရ သိရှိရပါတယ်။

အမျိုးသားတွေ ထိပ်ပြောင်ဆံပင်ကျွတ်ခြင်းကို တိုက်ခိုက် ထိရောက်မှုရှိကြောင်း သိရပါတယ်။
ဂျင်ဆင်းကို သောက်သုံးခြင်းဖြင့် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းကို တားဆီးနိုင်ပါတယ်။

ဆီးချို ၊ သွေးချို ရောဂါအတွက် သွေးတွင်း သကြားဓါတ်ကို ထိန်းချုပ်ရာမှာလည်း ထိရောက်မှု ရှိပါတယ်။
အင်ဆူလင် ထုတ်လုပ်မှုကို အကျိုးသက်ရောက်မှု ရှိပြီး အင်ဆူလင် ခုခံမှုကို ကောင်းမွန်စေကြောင်း သိရှိရပါတယ်။

ဂျင်ဆင်းအမြစ်များမှာ အလွန်ဈေးကြီးသော်လည်း ဂျင်ဆင်း အဆီ၊ ဂျင်ဆင်း လက်ဖက်ခြောက်များမှာ ဈေးသင့်တင့်သဖြင့် လက်လှမ်းမီ သုံးစွဲနိုင်ပါသည်။

နေမျိုးသီဟ။

Leave a Reply

Your email address will not be published. Required fields are marked *