ဗဟုတုသ

စတိဗ်ဂျော့ရဲ့ဒဿန

စတိဗ်ဂျော့ရဲ့ဒဿန

လူတယောက်ခွဲစိတ်ခန်းထဲဝင်သွားတဲ့အချိန်မှာ ဒီဘဝမှာသူဆုံးအောင်မဖတ်လိုက်ရတဲ့ စာအုပ်တအုပ်ကျန်နေသေးတယ်ဆိုတာ သူသတိယမိပါလိမ့်မယ်။ အဲဒီစာအုပ်ကတော့ “ကျန်းမာတဲ့တသက်တာ စာအုပ်”ပါဘဲ။

ဒီစကားကိုပြောခဲ့သူကတော့ Apple ရဲ့ပဲ့ကိုင်ရှင် စတိဗ်ဂျော့ ဘဲဖြစ်ပါတယ်..စတိဗ်ဂျော့ ဟာ ဘဝရဲ့အောင်မြင်ဆုံးအချိန်ဖြစ်တဲ့ အသက် ၅၆ နှစ် မှာ သရက်ရွက်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်.. ၂၀၁၁ ဧပြီ သူကွယ်လွန်ချိန်မှာ သူ့ပိုင်ဆိုင်မူဟာ ဒေါ်လာ ၇ ဘီလီယံရှိပါတယ်…

သူမသေဆုံးခင် နောက်ဆုံးအချိန်မှာ လူ့ဘဝနဲ့ပတ်သက်တဲ့ သူ့ခံစားချက်အမြင်တွေကို steve job’s last worlds ဆိုတဲ့ Youtube ဖိုင်တခုမှာပြောသွားတာတွေ့ရပါတယ်

နှစ်သက်မိတဲ့စာစုလေးတွေကိုဘဲပြောပြချင်ပါတယ်..အကျယ်သိချင်ရင်တော့ youtube မှာ ရှာကြည့်ပါ

လူနာကုတင်ပေါ်မှာလှဲရင်း ဘဝတခုလုံးကိုပြန်တွေးကြည်တဲ့အခါမှာ အလုပ်ထဲမှာဘဲ နှစ်မြုပ်ထားတဲ့အတွက် ဘဝမှာပျော်ရွှင်မူတွေနည်းပါးခဲ့တယ်…ကိုယ်အရမ်းတန်ဖိုးထားပြီး ဂုဏ်ယူဝင့်ကြွားခဲ့တဲ့ အသိအမှတ်ပြုခံရမူတွေ ကြွယ်ဝချမ်းသာမူတွေဟာ မကြာခင် သူရင်ဆိုင်ရတော့မယ့် သေခြင်းရဲ့ရှေ့မှောက်မှာ ဖျော့တော့မှေးမှိန်ပြီး အဓိပ္ပာယ်ကင်းမဲ့နေပါပြီ

သင့်မိသားစုကိုတန်ဖိုးထားပါ သင့်ဇနီး ခင်ပွန်း သင့်ရဲ့မိတ်ဆွေတွေအပေါ် မေတ္တာထားပါ..ကိုယ့်ကိုယ်ကိုစောင့်ရှောက်ပါ သူတပါးကိုလဲမေတ္တာထားပါ

အသက်ကြီးပြီး အသိဉာဏ် ရင့်ကျက်လာတာနဲ့အမျှ ဒေါ်လာတစ်သိန်းခွဲတန်ကားစီးတာနဲ့ ဒေါ်လာသုံးသောင်းတန်ကားစီးတာ ဘာကွာလို့လဲ။ ဒီခရီးကို ဒီလမ်းကဘဲသွားကြရပြီး နောက်ဆုံး ဒီနေရာရောက်ကြရတာပါဘဲ

စစ်မှန်တဲ့ပျော်ရွှင်မူဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေက မပေးစွမ်းနိုင်ဘူးဆိုတာ သင်သိလာပါလိမ့်မယ်

လေယာဉ်နဲ့ခရီးသွားရင် အထူးတန်းကစီးစီး၊ရိုးရိုးတန်းက စီးစီး လေယာဉ်ပျက်ကျရင်အကုန်သေမှာပါဘဲ….ဒါကြောင့် မိတ်ဆွေအပေါင်းအသင်း ညီအကိုမောင်နှမတွေ နဲ့ပျော်ရွှင်စွာ နေထိုင်ခြင်းကသာ စစ်မှန်တဲ့ပျော်ရွှင်စရာအချိန်တွေ ဖြစ်တယ်ဆိုတာ သင်သဘောပေါက်လိမ့်မယ်လို့ မျော်လင့်ပါတယ်

သင့်သားသမီးတွေကို ချမ်းသာဖို့သင်မပေးပါနဲ့၊ပျော်ရွှင်ဖို့သာသင်ပေးပါ။

လန်ဒန်မှာ ထင်ရှားတဲ့စကား တခွန်းရှိပါတယ်

(အစာကို ဆေးလိုစားပါ..မဟုတ်ရင်တော့ ဆေးကိုအစာလိုစားရပါလိမ့်မယ်) တဲ့။

လူသားဆန်ခြင်းနဲ့ လူသားဖြစ်ခြင်းဆိုတဲ့စကားကို တကယ်နားလည်တဲ့သူ သိပ်နည်းပါတယ်

သင်မွေးလာတဲ့အချိန်မှာဝိုင်းချစ်ကြသလို သင်သေသွားချိန်မှာလဲဝိုင်းချစ်ခံရပါလိမ့်မယ်..ဒီကြားကာလမှာတော့ ကိုယ်ဘာသာ အဆင်ပြေအောင် လုပ်ကြရမှာပါ

မြန်မြန်လျှောက် ချင်ရင်တော့ တယောက်ထဲလျှောက်ပါ

ဝေးဝေးလျှောက်ချင်ရင်တော့ အများနဲ့အတူလျှောက်ပါ

ထိရှမိသောစကားလုံးများမို့မျှဝေခြင်းဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *