သတင္း

ေခါင္းေလွ်ာ္ရည္ထဲ ဆားအနည္းငယ္ ထည့္ေလွ်ာ္ေပး႐ုံနဲ႔ ရရွိႏိုင္မယ့္ ေကာင္းက်ိဳးမ်ား

(Zawgyi)

ေခါင္းေလွ်ာ္ရည္ထဲ ဆားအနည္းငယ္ ထည့္ေလွ်ာ္ေပး႐ုံနဲ႔ ရရွိႏိုင္မယ့္ ေကာင္းက်ိဳးမ်ား

ဆံသား က်န္းမာေရး ျပႆနာေတြအတြက္ ေဈးႀကီး ေပးဝယ္ရတဲ့ ေခါင္းေလွ်ာ္ရည္ေတြအစား သင့္အိမ္မွာ ရွိတဲ့ မီးဖိုေခ်ာင္ကေန အလြယ္တကူ ရႏိုင္တဲ့ ပစၥည္းေတြ အသုံးျပဳၿပီးေတာ့လည္း ဆံသားကို ထိန္းသိမ္းႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ေခါင္းေလွ်ာ္ရည္ထဲ ဆားအနည္းငယ္ ထည့္ေလွ်ာ္ေပး႐ုံနဲ႔ ရရွိႏိုင္မယ့္ ေကာင္းက်ိဳးေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(၁) ေဗာက္ထျခင္းကို သက္သာေစတယ္

ဦးေရျပားမွာ ဆဲလ္ေသေတြ မ်ားလာတဲ့အခါနဲ႔ ဦးေရျပား မႈိစြဲတဲ့အခါမ်ိဳးမွာ ေခါင္းမွာ ေဗာက္ထ တတ္ပါတယ္။ ေဗာက္ေပ်ာက္ ေခါင္းေလွ်ာ္ရည္ေတြလိုပဲ အိမ္သုံးဆားဟာလည္း ေဗာက္ထျခင္းကို သက္သာေစႏိုင္ပါတယ္။ ေခါင္းေလွ်ာ္ရည္ထဲ အိမ္သုံးဆား အနည္းငယ္ထည့္ၿပီး ဦးေရျပားကို အသာအယာ ႏွိပ္နယ္ကာ ေလွ်ာ္ေပး႐ုံနဲ႔ ေဗာက္ထျခင္းကို သက္သာေစႏိုင္ပါတယ္။

(၂) ဆံပင္ေတြကို ထူထဲလာေစႏိုင္တယ္

ေခါင္းေလွ်ာ္တဲ့အခါ ေခါင္းေလွ်ာ္ရည္ထဲ အိမ္သုံးဆား ထည့္ေလွ်ာ္တာမ်ိဳးျဖစ္ျဖစ္၊ ေခါင္းမေလွ်ာ္ခင္ ဆားနဲ႔ ဦးေရျပားကို ႏွိပ္နယ္ လိမ္းက်ံၿပီးမွ ေလွ်ာ္ေပးျခင္းဟာ ဆံပင္ကြၽတ္ျခင္းကို ကာကြယ္ေပးၿပီး ဆံသားေတြကို ထူထဲလာေစႏိုင္ပါတယ္။

(၃) ဦးေရျပား အဆီျပန္ျခင္းကို သက္သာေစတယ္

ေခါင္းေလွ်ာ္ၿပီး ၂ ရက္ေလာက္ ေနတဲ့အခါ ဦးေရျပားမွာ ေစးကပ္ကပ္ျဖစ္ၿပီး ေခါင္းအဆီ ျပန္တတ္သူေတြအေနနဲ႔ ေခါင္းေလွ်ာ္တဲ့အခါတိုင္း ေခါင္းေလွ်ာ္ရည္ထဲ ဆားအနည္းငယ္ ထည့္ၿပီး ေလွ်ာ္ေပးျခင္းက ဦးေရျပား အဆီျပန္ျခင္းကို သက္သာေစပါတယ္။

(၄) ဦးေရျပား ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစတယ္

သုံးေနက် ေခါင္းေလွ်ာ္ရည္ထဲ ဆားအနည္းငယ္ ထည့္ၿပီး ေလွ်ာ္ေပးျခင္းဟာ ဦးေရျပား ေသြးလွည့္ပတ္မႈကို ေကာင္းမြန္ေစၿပီး ဦးေရျပား ယားယံျခင္း၊ ဆံပင္ကြၽတ္ျခင္းနဲ႔ ဆံပင္အရွည္ေႏွးျခင္းတို႔ကို ကာကြယ္ေပးႏိုင္တယ္။

(၅) ဆံပင္အရွည္ ျမန္ေစတယ္

ဆားဟာ ဦးေရျပားမွာ ပိတ္ဆို႔ေနတဲ့ အညစ္အေၾကးေတြနဲ႔ ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္တာေၾကာင့္ ဆံပင္ေပါက္ျခင္းကို အေထာက္အကူ ျဖစ္ေစၿပီး ဆံပင္ေတြကို အရွည္ျမန္ေစပါတယ္။

Ref. www.bollywoodshaddis.com

Credit-ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy-Burmese Edition

(Unicode)

ခေါင်းလျှော်ရည်ထဲ ဆားအနည်းငယ် ထည့်လျှော်ပေးရုံနဲ့ ရရှိနိုင်မယ့် ကောင်းကျိုးများ

ဆံသား ကျန်းမာရေး ပြဿနာတွေအတွက် ဈေးကြီး ပေးဝယ်ရတဲ့ ခေါင်းလျှော်ရည်တွေအစား သင့်အိမ်မှာ ရှိတဲ့ မီးဖိုချောင်ကနေ အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေ အသုံးပြုပြီးတော့လည်း ဆံသားကို ထိန်းသိမ်းနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းလျှော်ရည်ထဲ ဆားအနည်းငယ် ထည့်လျှော်ပေးရုံနဲ့ ရရှိနိုင်မယ့် ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဗောက်ထခြင်းကို သက်သာစေတယ်

ဦးရေပြားမှာ ဆဲလ်သေတွေ များလာတဲ့အခါနဲ့ ဦးရေပြား မှိုစွဲတဲ့အခါမျိုးမှာ ခေါင်းမှာ ဗောက်ထ တတ်ပါတယ်။ ဗောက်ပျောက် ခေါင်းလျှော်ရည်တွေလိုပဲ အိမ်သုံးဆားဟာလည်း ဗောက်ထခြင်းကို သက်သာစေနိုင်ပါတယ်။ ခေါင်းလျှော်ရည်ထဲ အိမ်သုံးဆား အနည်းငယ်ထည့်ပြီး ဦးရေပြားကို အသာအယာ နှိပ်နယ်ကာ လျှော်ပေးရုံနဲ့ ဗောက်ထခြင်းကို သက်သာစေနိုင်ပါတယ်။

(၂) ဆံပင်တွေကို ထူထဲလာစေနိုင်တယ်

ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ထဲ အိမ်သုံးဆား ထည့်လျှော်တာမျိုးဖြစ်ဖြစ်၊ ခေါင်းမလျှော်ခင် ဆားနဲ့ ဦးရေပြားကို နှိပ်နယ် လိမ်းကျံပြီးမှ လျှော်ပေးခြင်းဟာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ဆံသားတွေကို ထူထဲလာစေနိုင်ပါတယ်။

(၃) ဦးရေပြား အဆီပြန်ခြင်းကို သက်သာစေတယ်

ခေါင်းလျှော်ပြီး ၂ ရက်လောက် နေတဲ့အခါ ဦးရေပြားမှာ စေးကပ်ကပ်ဖြစ်ပြီး ခေါင်းအဆီ ပြန်တတ်သူတွေအနေနဲ့ ခေါင်းလျှော်တဲ့အခါတိုင်း ခေါင်းလျှော်ရည်ထဲ ဆားအနည်းငယ် ထည့်ပြီး လျှော်ပေးခြင်းက ဦးရေပြား အဆီပြန်ခြင်းကို သက်သာစေပါတယ်။

(၄) ဦးရေပြား သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတယ်

သုံးနေကျ ခေါင်းလျှော်ရည်ထဲ ဆားအနည်းငယ် ထည့်ပြီး လျှော်ပေးခြင်းဟာ ဦးရေပြား သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဦးရေပြား ယားယံခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်အရှည်နှေးခြင်းတို့ကို ကာကွယ်ပေးနိုင်တယ်။

(၅) ဆံပင်အရှည် မြန်စေတယ်

ဆားဟာ ဦးရေပြားမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဆံပင်ပေါက်ခြင်းကို အထောက်အကူ ဖြစ်စေပြီး ဆံပင်တွေကို အရှည်မြန်စေပါတယ်။

Ref. www.bollywoodshaddis.com

Credit-ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy-Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *