ဗဟုတုသ

ပန္းအိုးထိုးတဲ့အခါ ပန္းေတြ ၾကာၾကာခံေနေစမယ့္ နည္းလမ္းမ်ား

(Zawgyi)

ပန္းအိုးထိုးတဲ့အခါ ပန္းေတြ ၾကာၾကာခံေနေစမယ့္ နည္းလမ္းမ်ား

ပန္းအိုးထိုးတဲ့အခါ ပန္းေတြကို ၾကာၾကာခံေနေစမယ့္ နည္းလမ္းေတြ ရွိပါတယ္။ အလုပ္စားပြဲမွာ အလွပန္းအိုး ထိုးတာမ်ိဳးျဖစ္ျဖစ္၊ သင့္အိမ္ဧည့္ခန္းမွာ အလွဆင္တာမ်ိဳးနဲ႔ ဘုရားမွာ ပန္းအိုးထိုးၿပီး ပန္းကပ္ ပူေဇာ္တဲ့အခါ ပန္းေတြ ခဏေလးနဲ႔ ညႇိဳးႏြမ္းေျခာက္ေသြ႕သြားတတ္လို႔ စိတ္အေႏွာင့္အယွက္ ျဖစ္ရပါတယ္။ အခုေဖာ္ျပေပးမယ့္ နည္းလမ္းေတြကေတာ့ ပန္းအိုးထိုးတဲ့အခါ ပန္းေတြ ၾကာၾကာခံေနေစမယ့္ နည္းလမ္းေတြပဲ ျဖစ္ပါတယ္။

(၁) ပန္းေတြ ဝယ္လာတဲ့အခါ ေရေဆးၿပီး ပန္းအိုးထိုးတာမ်ိဳးကို ခ်က္ခ်င္း မလုပ္ဘဲ ပန္းအ႐ိုးရဲ႕ ေအာက္ေျခ ပင္စည္ကို ၂ လက္မခန႔္ ခပ္ေစာင္းေစာင္းေလး ျဖတ္ေတာက္ၿပီးမွ ထိုးေပးသင့္ပါတယ္။ ဒီလိုျပဳလုပ္ေပးျခင္းဟာ ပန္းေတြ ေရစုပ္အား ပိုမိုေကာင္းမြန္ေစၿပီး ၾကာၾကာခံေစပါတယ္။

(၂) ပန္းအိုးထိုးတဲ့အခါ ပန္းအိုးထဲက ေရနဲ႔ အနီးစပ္ဆုံးျဖစ္ေနတဲ့ အ႐ြက္ေတြကို ေႁခြေပးရမွာ ျဖစ္ပါတယ္။ ဒီလို ျပဳလုပ္ေပးျခင္းဟာ ရက္အနည္းငယ္ၾကာတဲ့အခါ ပန္းအိုးထဲက ေရပုပ္နံ႔လို အနံ႔မေကာင္းတာမ်ိဳးကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ပန္းအ႐ိုးတံ ပုပ္ၿပီး အညႇိဳးႏြမ္းျမန္တာမ်ိဳးကိုလည္း မျဖစ္ေစႏိုင္ပါဘူး။

(၃) ပန္းအိုး ထိုးၿပီးတဲ့အခါ အခန္းအပူခ်ိန္ေပၚ မူတည္ၿပီး ေရကို ရက္ျခားဆိုသလို ပုံမွန္ လဲလွယ္ေပးသင့္ပါတယ္။ ေရလဲတဲ့အခါတိုင္းလည္း ပန္းအ႐ိုးတံကို လိုအပ္သလို ျဖတ္ေတာက္ေပးသင့္ပါတယ္။

(၄) ပန္းအိုး ထိုးတဲ့အခါ ပန္းအိုးထဲက ေရထဲကို မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း ၁ ဇြန္းစာခန႔္ ထည့္ေပးျခင္းဟာ ပန္းေတြကို ၾကာၾကာခံေစႏိုင္တဲ့အျပင္ ပန္းအိုးထဲကေရေတြ အခ်ိန္ၾကာလို႔ အနံ႔အသက္ မေကာင္းေတာ့တာမ်ိဳးလည္း မျဖစ္ေစႏိုင္ပါဘူး။

(၅) ပန္းေတြ ၾကာၾကာခံေစမယ့္ ေနာက္ထပ္ နည္းလမ္းေကာင္းတခုကေတာ့ ပန္းအိုးထိုးတဲ့အခါတိုင္း ပန္းအိုးထဲက ေရထဲကို ပန္းသီးရွာလကာရည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္းနဲ႔ သၾကား လက္ဖက္ရည္ဇြန္း တဝက္စာခန႔္ကို ေရာစပ္ၿပီး ထည့္ေပးရမွာပါ။ ပန္းသီးရွာလကာရည္ဟာ ပန္းအ႐ိုးတံေတြကို ပုပ္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြကို ေသေစႏိုင္ၿပီး သၾကားကေတာ့ ပန္းေတြကို ၾကာၾကာခံေစႏိုင္တဲ့ အစြမ္း ရွိပါတယ္။

Ref. proflowers.com

Credit- ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy-Burmese Edition

(Unicode)

ပန်းအိုးထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမယ့် နည်းလမ်းများ

ပန်းအိုးထိုးတဲ့အခါ ပန်းတွေကို ကြာကြာခံနေစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ အလုပ်စားပွဲမှာ အလှပန်းအိုး ထိုးတာမျိုးဖြစ်ဖြစ်၊ သင့်အိမ်ဧည့်ခန်းမှာ အလှဆင်တာမျိုးနဲ့ ဘုရားမှာ ပန်းအိုးထိုးပြီး ပန်းကပ် ပူဇော်တဲ့အခါ ပန်းတွေ ခဏလေးနဲ့ ညှိုးနွမ်းခြောက်သွေ့သွားတတ်လို့ စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ ပန်းအိုးထိုးတဲ့အခါ ပန်းတွေ ကြာကြာခံနေစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

(၁) ပန်းတွေ ဝယ်လာတဲ့အခါ ရေဆေးပြီး ပန်းအိုးထိုးတာမျိုးကို ချက်ချင်း မလုပ်ဘဲ ပန်းအရိုးရဲ့ အောက်ခြေ ပင်စည်ကို ၂ လက်မခန့် ခပ်စောင်းစောင်းလေး ဖြတ်တောက်ပြီးမှ ထိုးပေးသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဟာ ပန်းတွေ ရေစုပ်အား ပိုမိုကောင်းမွန်စေပြီး ကြာကြာခံစေပါတယ်။

(၂) ပန်းအိုးထိုးတဲ့အခါ ပန်းအိုးထဲက ရေနဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့ အရွက်တွေကို ခြွေပေးရမှာ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ပေးခြင်းဟာ ရက်အနည်းငယ်ကြာတဲ့အခါ ပန်းအိုးထဲက ရေပုပ်နံ့လို အနံ့မကောင်းတာမျိုးကို ဖယ်ရှားပေးနိုင်တဲ့အပြင် ပန်းအရိုးတံ ပုပ်ပြီး အညှိုးနွမ်းမြန်တာမျိုးကိုလည်း မဖြစ်စေနိုင်ပါဘူး။

(၃) ပန်းအိုး ထိုးပြီးတဲ့အခါ အခန်းအပူချိန်ပေါ် မူတည်ပြီး ရေကို ရက်ခြားဆိုသလို ပုံမှန် လဲလှယ်ပေးသင့်ပါတယ်။ ရေလဲတဲ့အခါတိုင်းလည်း ပန်းအရိုးတံကို လိုအပ်သလို ဖြတ်တောက်ပေးသင့်ပါတယ်။

(၄) ပန်းအိုး ထိုးတဲ့အခါ ပန်းအိုးထဲက ရေထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာခန့် ထည့်ပေးခြင်းဟာ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့အပြင် ပန်းအိုးထဲကရေတွေ အချိန်ကြာလို့ အနံ့အသက် မကောင်းတော့တာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။

(၅) ပန်းတွေ ကြာကြာခံစေမယ့် နောက်ထပ် နည်းလမ်းကောင်းတခုကတော့ ပန်းအိုးထိုးတဲ့အခါတိုင်း ပန်းအိုးထဲက ရေထဲကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ သကြား လက်ဖက်ရည်ဇွန်း တဝက်စာခန့်ကို ရောစပ်ပြီး ထည့်ပေးရမှာပါ။ ပန်းသီးရှာလကာရည်ဟာ ပန်းအရိုးတံတွေကို ပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး သကြားကတော့ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့ အစွမ်း ရှိပါတယ်။

Ref. proflowers.com

Credit- ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy-Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *