သတင်း

နွယ်ချိုကို အလှအပအတွက် ဘယ်လိုသုံးမလဲ

နွယ်ချိုကို အလှအပအတွက် ဘယ်လိုသုံးမလဲ
_____________________________________

မြန်မာတွေ အိမ်တိုင်းလိုလို စားသုံးလေ့ရှိတဲ့ လျက်ဆား၊ အစာ ကြေဆေးစတာတွေထဲမှာ နွယ်ချိုကို ထည့်သွင်းထားတတ်ကြပါတယ်။ ဒါ့အပြင် နွယ်ချိုကို အသုံးပြုပြီးလည်း အလှအပရေးရာတွေ ပြုလုပ် နိုင်ပါတယ်။

အသားအရေ တောက်ပစေတယ်
အသားအရောင် ဖြူဝင်းတောက်ပ စေဖို့ နွယ်ချိုကို အသုံးပြုနိုင်ပါတယ်။ ဂျုံမှုန့်၊ ကြက်ဥတို့နဲ့ မျက်နှာပေါင်းတင်ဖို့ ပြင်ဆင်ရာမှာ နွယ်ချိုမှုန့် အနည်းငယ် ထည့်ပြီး ပေါင်းတင်ပေးပါ။ ပြီးနောက် ရေနဲ့သန့်စင်ပြီး အရေပြားအစိုဓာတ်ရရှိ စေဖို့ သံလွင်ဆီ အနည်းငယ်လိမ်းပေး ပါ။

အမည်းစက်တွေ ပျောက်ကင်း စေတယ်
နွယ်ချိုပါဝင်တဲ့ အလှပြင်ပစ္စည်း တွေကို ပုံမှန်သုံးစွဲပါက အမည်းစက်တွေ ပျောက်ကင်းစေပါတယ်။ နွယ်ချိုလက် ဖက်ရည်ကို ပုံမှန်သောက်ပေးနိုင်သလို နွယ်ချိုလက်ဖက်ရည်ကို အအေးခံပြီး အ ရေပြားပေါ်တိုက် ရိုက်လိမ်းပေးနိုင်ပါ တယ်။ ခြောက်အောင်ထားပြီးမှ ရေနဲ့ သန့်စင်ပေးပါ။

အနာကျက်မြန်စေတယ်
နွယ်ချိုလက်ဖက်ရည်ကို အအေးခံ ပြီး အရေပြားပြဿနာရှိတဲ့အပေါ် လိမ်း ပေးပါက အနာကျက်မြန်စေပါတယ်။ နှင်းခူ၊ ဆိုရီယေးစစ်၊ အရေပြားခြောက် သွေ့တာ၊ အနီစက်ထွက်တာတွေအတွက် လိမ်းပေးနိုင်ပါတယ်။ နွယ်ချိုမှာ ပိုးသတ် အာနိသင်၊ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်နဲ့ ယားယံမှု သက်သာစေတဲ့ အာနိသင်တွေရှိပါတယ်။ ရေဓာတ်ဖြည့် ပေးတာကြောင့် အသားအရေ ခြောက် သွေ့မှုမှကာကွယ်ပေးပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိ တယ်
နွယ်ချိုက အရေပြားမှာ ဓာတ်တိုး ဖြစ်စဉ်ကြောင့် အရေပြား ထိခိုက်ပျက်စီး မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ နွယ်ချိုထဲပါဝင်တဲ့ ဒြပ်ပေါင်းတွေက အ ရေပြားရဲ့အဆီထွက်ရှိမှုကို ပုံမှန်ဖြစ် အောင် ထိန်းပေးပါတယ်။

နေလောင်တာကြောင့် အရေ ပြားပျက်စီးမှုမဖြစ်အောင် ကာ ကွယ်ပေးတယ်
နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်း လွန်ရောင်ခြည်တွေကြောင့် အရေပြား ထိခိုက်ပျက်စီးမှုမဖြစ်အောင် နွယ်ချို ပါဝင်တဲ့ အလှပြင်ပစ္စည်းတွေကို ရွေး ချယ်ဝယ်ယူပါ။ နေလောင်တာကြောင့် အရေပြားပျက်စီးနေပါက နွယ်ချိုလက်ဖက်ရည်ထဲကို သခွားသီး ကြိတ်ခြေထည့်ပြီး လိမ်းပေးပါ။

ဆံသားကျန်းမာစေတယ်
နွယ်ချိုထဲမှာ ကိုလင်း၊ ပရိုတင်း၊ ဗီ တာမင်ဘီအုပ်စု၊ ဖလေဗိုနွိုက်၊ ဖိုက်တို အီစထရိုဂျင်၊ ပိုတက်စီယမ်၊ ဖော့စပရပ်၊ အေမင်းနဲ့မရှိမဖြစ်အဆီတွေ ပါဝင်တာ ကြောင့် ဦးရေပြားကျန်းမာစေပြီး ဆံသား တွေပျက်စီးမှုမှ ကာကွယ်ပေးပါတယ်။

ဆံပင်ကျွတ်ခြင်းနှင့် ဗောက်ထ ခြင်းမှ ကာကွယ်ပေးတယ်
နွယ်ချိုဆေးပြားတွေကို ပုံမှန် သောက်သုံးပါက ဆံပင်ကျွတ်တာကိုကာ ကွယ်ပေးပါတယ်။ ဦးရေပြား ဗောက်ထ တာအတွက် ခေါင်းလျှော်ပြီးတဲ့အခါ နွယ် ချိုလက်ဖက်ရည်ကို အအေးခံပြီး ဦးရေ ပြားပေါ်လောင်းချပါ။ ခဏလောက်ထား ပြီးမှ ရေနဲ့သန့်စင်ပေးပါ။

ဦးရေပြားပြဿနာတွေမှ ကင်း ဝေးစေတယ်
အီဂျစ်နိုင်ငံမှာ ရှေးလွန်ခဲ့တဲ့ နှစ် ပေါင်းများစွာကတည်းက နွယ်ချိုကို ဦး ရေပြား ခြောက်သွေ့တာ၊ ယားယံတာ တွေအတွက် အသုံးပြုခဲ့ကြပါတယ်။ ဦးရေပြားပေါ်က မွေးညင်းအိတ်တွေကို ပွင့်စေပြီး ဦးရေပြားကို ကျန်းမာစေပါ တယ်။ ဦးရေပြားပေါ်ကို အအေးခံထားတဲ့ နွယ်ချိုလက်ဖက်ရည်လောင်းပြီး လက် ချောင်းထိပ်တွေနဲ့ ညင်သာစွာ နှိပ်နယ် ပေးပါ။

ဆံပင်သန်စွမ်းစေတယ်
နွယ်ချိုက ဦးရေပြားခြောက်သွေ့ တာကို ကာကွယ်ပေးပြီး ဆံပင်သန်စွမ်း ကျန်းမာစေပါတယ်။ ဆံသားထူပြီး သန် စွမ်းစေဖို့ နွယ်ချိုလက်ဖက်ရည် သောက် သုံးတာဖြစ်စေ၊ ဦးရေပြားပေါ် တိုက်ရိုက် လိမ်းတာဖြစ်စေပြုလုပ်ပေးပါ။

ဆံပင်အရှည်မြန်စေတယ်
ဆံပင်အရှည်မြန်လိုပါက နွယ်ချိုပါ ၀င်တဲ့ အလှပြင်ပစ္စည်းတွေကို ရွေးချယ် ၀ယ်ယူပြီး သုံးစွဲပါ။ နွယ်ချိုထဲမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက ဆံပင်အရှည်မြန်စေဖို့ လှုံ့ဆော်ပေးတဲ့ အာနိသင်ရှိပါတယ်။ နွယ်ချိုလက်ဖက် ရည်ကို ပုံမှန်သောက်သုံးတာကလည်း ဆံပင်အရှည်မြန်စေဖို့အားပေးပါတယ်။

ထိပ်ပြောင်ခြင်းမှ ကာကွယ်ပေး တယ်
သိပ္ပံနည်းကျ လေ့လာထားတာတွေ မရှိပေမယ့် အများစုကတော့ နွယ်ချိုက ထိပ်ပြောင်တာ မဖြစ်အောင် ကာကွယ် ပေးတယ်လို့ ယုံကြည်ကြပါတယ်။ နွယ် ချိုလက်ဖက်ရည်ထဲကို ဒန်းမှုန့်နဲ့ ဆီးဖြူ သီးမှုန့် အနည်းငယ်ထည့်ပြီး ဦးရေပြား ပေါ်လိမ်းပေးပါ။ ၁၅မိနစ် လောက်ထားပြီး ရေနဲ့သန့်စင်ပြီး လျှော်နေကျခေါင်းလျှော် ရည်နဲ့ လျှော်ပေးပါ။

#ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

 

Leave a Reply

Your email address will not be published. Required fields are marked *