ဗဟုတုသ

ဘယ္သူကမ်ား သြားေတြ ၀ါညစ္ေနတာကို ႀကိဳက္မလဲ? သြားျဖဴေစမယ့္ လိေမၼာ္ခြံအစြမ္း

(Zawgyi)
သြားျဖဴေစတဲ့ လိေမၼာ္ခြံ

ဘယ္သူကမ်ား သြားေတြ မဲညစ္ေနတာကို ႀကိဳက္ပါသလဲ? က်န္းမာတဲ့သြားေတြ ျဖစ္ေစၿပီး ျဖဴေဖြးေနတဲ့ သြားေတြဟာ လူတစ္ေယာက္ရဲ႕ စိတ္ကိုေရာ လူကိုပါ က်န္းမာေစပါတယ္။ အၿပံဳးေတြကို လင္းလက္ေစၿပီး လွပတဲ့သြားေတြေၾကာင့္ အၿမဲ ၿပံဳးျဖစ္ေနတဲ့အခါ ေပ်ာ္ရႊင္မႈဆိုတာလည္း ေရာက္ရွိလာပါလိမ့္မယ္။

သြားေတြဟာ ကြမ္းစား၊ ေဆးလိပ္ေသာက္ၾကတဲ့ အခါ အမ်ားဆံုး ၀ါသြားတတ္ပါတယ္။ အခ်ိဳ႕အစားအစာေတြနဲ႔ အရည္ေတြေၾကာင့္လည္း သြားေတြဟာ ၀ါညစ္ေနတတ္ပါတယ္။ ေသြးေတြ ျဖဴေဖြးေစဖို႔ စိတ္ခ်ရတဲ့ အိမ္တြင္းနည္းလမ္းေလးေတြ ရွိပါတယ္။ သြားဆရာ၀န္ေတြဆီကေန အႀကံဥာဏ္ယူၿပီး လုပ္မယ္ဆိုရင္ေတာ့ စိတ္အခ်ရဆံုးပါပဲ။ ဘယ္လိုပဲ ျဖစ္ေနပါေစ အိမ္တြင္းကုထံုးေတြဟာလည္း အႏၱရာယ္ေတာ့ မရွိပါဘူး။ သြားေတြကို ျဖဴေစဖို႔ သံုးရမယ့္ အရာကေတာ့ လိေမၼာ္သီးရဲ႕ အခြံပါ။ အခြံဆိုတဲ့ ေနရာပါ အထဲက အျဖဴသားကို ဆိုလိုတာပါ။ အျပင္ အ၀ါေရာင္ဖက္ျခမ္း မဟုတ္ပါဘူး။

လိေမၼာ္ခြံမွာ Vitamin C, Pectin, Limonene, Glucarate နဲ႔ အမွ်င္ဓာတ္ေတြ ပါ၀င္ၿပီး သြားကို သဘာ၀အတိုင္း ျဖဴေဖြးေစႏုိင္ပါတယ္။ ျပဳလုပ္ပံုကေတာ့ လိေမၼာ္သီးကို အခြံႏႊာၿပီး ရလာတဲ့ အခြံကို အျဖဴဖက္ျခမ္းကေန သြားေတြ အေပၚတင္ထားပါ။ သြားေတြေပၚမွာ အခြံကေန က်လာတဲ့ အရည္ေတြကို မ်ားလာေစဖို႔ ၃-၄ မိနစ္ေလာက္ ခဏထားပါ။ ၿပီးရင္ အဲ့ဒီ အခြံနဲ႔ သြားေတြကို ပြတ္တိုက္ေပးပါ။ အနည္းငယ္ ညစ္လာတဲ့ အခါ လႊင့္ပစ္ၿပီး အသစ္နဲ႔ ထပ္ပြတ္ေပးပါ။

လိေမၼာ္သီးလိုပဲ အျခားအသီးေတြ ျဖစ္တဲ့ လီမြန္၊ စေတာ္ဘယ္ရီ၊ ပန္းသီးနဲ႔ စပ်စ္သီးေျခာက္ေတြဟာလည္း သြားေတြကို ျဖဴေစပါတယ္။

အားလံုးပဲ အၿပံဳးေလးေတြ လင္းလက္ၾကပါေစ။

Credit: zeenews

Credit – MyStyle Myanmar

(Unicode)

သွားဖြူစေတဲ့ လိမ္မော်ခွံ

ဘယ်သူကများ သွားတွေ မဲညစ်နေတာကို ကြိုက်ပါသလဲ? ကျန်းမာတဲ့သွားတွေ ဖြစ်စေပြီး ဖြူဖွေးနေတဲ့ သွားတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကိုရော လူကိုပါ ကျန်းမာစေပါတယ်။ အပြုံးတွေကို လင်းလက်စေပြီး လှပတဲ့သွားတွေကြောင့် အမြဲ ပြုံးဖြစ်နေတဲ့အခါ ပျော်ရွှင်မှုဆိုတာလည်း ရောက်ရှိလာပါလိမ့်မယ်။

သွားတွေဟာ ကွမ်းစား၊ ဆေးလိပ်သောက်ကြတဲ့ အခါ အများဆုံး ဝါသွားတတ်ပါတယ်။ အချို့အစားအစာတွေနဲ့ အရည်တွေကြောင့်လည်း သွားတွေဟာ ဝါညစ်နေတတ်ပါတယ်။ သွေးတွေ ဖြူဖွေးစေဖို့ စိတ်ချရတဲ့ အိမ်တွင်းနည်းလမ်းလေးတွေ ရှိပါတယ်။ သွားဆရာဝန်တွေဆီကနေ အကြံဉာဏ်ယူပြီး လုပ်မယ်ဆိုရင်တော့ စိတ်အချရဆုံးပါပဲ။ ဘယ်လိုပဲ ဖြစ်နေပါစေ အိမ်တွင်းကုထုံးတွေဟာလည်း အန္တရာယ်တော့ မရှိပါဘူး။ သွားတွေကို ဖြူစေဖို့ သုံးရမယ့် အရာကတော့ လိမ္မော်သီးရဲ့ အခွံပါ။ အခွံဆိုတဲ့ နေရာပါ အထဲက အဖြူသားကို ဆိုလိုတာပါ။ အပြင် အဝါရောင်ဖက်ခြမ်း မဟုတ်ပါဘူး။

လိမ္မော်ခွံမှာ Vitamin C, Pectin, Limonene, Glucarate နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပြီး သွားကို သဘာဝအတိုင်း ဖြူဖွေးစေနိုင်ပါတယ်။ ပြုလုပ်ပုံကတော့ လိမ္မော်သီးကို အခွံနွှာပြီး ရလာတဲ့ အခွံကို အဖြူဖက်ခြမ်းကနေ သွားတွေ အပေါ်တင်ထားပါ။ သွားတွေပေါ်မှာ အခွံကနေ ကျလာတဲ့ အရည်တွေကို များလာစေဖို့ ၃-၄ မိနစ်လောက် ခဏထားပါ။ ပြီးရင် အဲ့ဒီ အခွံနဲ့ သွားတွေကို ပွတ်တိုက်ပေးပါ။ အနည်းငယ် ညစ်လာတဲ့ အခါ လွှင့်ပစ်ပြီး အသစ်နဲ့ ထပ်ပွတ်ပေးပါ။

လိမ္မော်သီးလိုပဲ အခြားအသီးတွေ ဖြစ်တဲ့ လီမွန်၊ စတော်ဘယ်ရီ၊ ပန်းသီးနဲ့ စပျစ်သီးခြောက်တွေဟာလည်း သွားတွေကို ဖြူစေပါတယ်။

အားလုံးပဲ အပြုံးလေးတွေ လင်းလက်ကြပါစေ။

Credit: zeenews

Credit – MyStyle Myanmar

 

Leave a Reply

Your email address will not be published. Required fields are marked *