Month: September 2021

သတင္း

ကိုယ်ခံအားကောင်း၊ သွေးတိုးကျပြီး အရွယ်တင်စေတဲ့ အုန်းသီး၊ အုန်းရည်

အုန်းသီးနဲ့ ကျန်းမာရေး အုန်းသီး အဖြူသားကို မကြိုက်တဲ့ လူသာရှိမယ်။ အုန်းရည်ကို မကြိုက်တဲ့လူ မရှိလောက်ဘူးလို့ ထင်ပါတယ်။ လူကြိုက်များလှတဲ့ အုန်းရည်နဲ့ အုန်းသီးဆံရဲ့ ကျန်းမာရေး အကျိုးပြုပုံတွေကို လေ့လာကြည့်မိပါတယ်။ အုန်းသီးမှာ စွမ်းအင်ဓာတ်၊ အဆီဓာတ်၊ ကာဘိုဟိုက်ဒြိတ်၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ် ၊ဗီတာမင်စီ၊ ဗီတာမင်ဘီသရီး၊ ဗီတာမင်အီး၊ ဗီတာမင်ဘီဝမ်း၊ ဗီတာမင်ဘီ စစ်၊ ဗီတာမင်ဘီတူး၊ ပိုတက်စီယမ်၊ မီးစုန်းဓာတ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနိစ်၊ သွပ်ဓာတ်၊ ကြေးနီဓာတ်၊ ဆီလီနီယမ်နဲ့ ဖိုက်တိုစတီရောလ် တွေ ပါဝင်ပါတယ်။ အုန်းရည်မှာ ကယ်လိုရီ၊သကြားဓာတ်ပါဝင်မှုနည်းပါးပြီး ပိုတက်စီယမ်၊ဆိုဒီယမ်တွေနဲ့ ဗီတာမင်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ဆိုဒီယမ်နဲ့ ပိုတက်စီယမ် ပါဝင်မှု များပြားတာမို့ ချွေးထွက်များတဲ့လူတွေ၊အလုပ်ကို နေပူထဲ လုပ်ရသူတွေ အတွက် […]

သတင္း

နေ့ရက်အလိုက် မေတ္တာသုတ်ကို စနစ်တကျ ရွတ်ဖတ်ပူဇော်နည်း

ပုံမှန်ဆိုရင် မေတ္တာသုတ်ကို မနက် (၃)ခေါက် ည (၃)ခေါက် ပူဇော်ပါတယ် အခု အဓိဌာန်တခုအနေနဲ့ ရွတ်မယ့် မေတ္တာသုတ်ရွတ်ပုံရွတ်နည်းအဆင့်ဆင့်ကို အားလုံးနဲ့အတူ ကုသိုလ်ယူ ပူဇော်လို့ရအောင် တင်ပေးလိုက်တာပါ…။ မေတ္တာသုတ်ရွတ်ပုံ နည်းစနစ် တနင်္ဂနွေဂြိုလ်သက် ၆။ တနင်္လာဂြိုလ်သက် ၁၅။ အင်္ဂါဂြိုလ်သက် ၈။ ဗုဒ္ဓဟူးဂြိုလ်သက် ၁၇။ စနေဂြိုလ်သက် ၁၀။ ကြာသပတေးဂြိုလ်သက် ၁၉။ ရာဟုဂြိုလ်သက် ၁၂။ သောကြာဂြိုလ်သက် ၂၁။ (စုစုပေါင်းဂြိုလ်သက် ၁၀၈) ၁။ တနင်္ဂနွေနေ့မှာ စရွတ်လျှင် မရွတ်မှီ-“တနင်္ဂနွေဂြိုလ်မင်းကြီးနှင့်တကွ တနင်္ဂနွေသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အရှေ့မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ”……ဟူ၍ စတင်ရွတ်ဆိုပြီးမှ မေတ္တာသုတ်ကို ၆ […]

ဗဟုတုသ

အိမ်သာဟောင်းတွေကို ပြန်လည်ပြုပြင်ရောင်းချပီး သမီးနှစ်ယောက်ကိုဘွဲ့ရတဲ့ထိ ကျောင်းထားပေးခဲ့တဲ့ ဖခင်

ဗီယက်နမ်နိုင်ငံ Vo Van Keetခရိုင်တွင် နေထိုင်သော Dac Dungအမည်ရှိ အသက် ၅၈နှစ်အရွယ် ဖခင်တစ်ဦးသည် မိသားစုစားဝတ်နေရေးအတွက် ဒေသရှိ အိမ်သာဟောင်းတွေကို လိုက်လံစုဆောင်းကာ ဆေးကြောသန့်စင်ပြီးနောက် ပြန်လည်ရောင်းချခဲ့သည်။ ဖခင်ဖြစ်သူသည် တစ်ချိန်က ထရပ်ကားမောင်းရင်း ကုန်တင်ကုန်ချလုပ်ခဲ့ပြီး အဆင်မပြေတော့၍ အခြားသောအလုပ်ပြောင်းလုပ်ရန် စဉ်းစားခဲ့ရာ အိမ်သာသစ်များကို မဝယ်ယူနိုင်သူများအတွက် အိမ်သာဟောင်းတွေကို ဈေးသက်သာစွာနှင့် ရောင်းချရန် အကြံရခဲ့သည်။ အစပိုင်းတွင် ညစ်ပေနေသော အိမ်သာဟောင်းကို ပြန်လည်ဆေးကြောဖို့ဆိုတာ လွယ်ကူသောအရာမဟုတ်ပေမယ့် စားဝတ်နေရေး အဆင်ပြေဖို့သာ အဓိကထားပြီး လုပ်ဆောင်ခဲ့ရာ ယခုဆိုရင် နှစ်၂၀ကြာရှိခဲ့ပြီဖြစ်သည်။ ထိုလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ရာ အိမ်ရှိမိသားစုအားလုံးကိုလည်း အဆင်ပြေပြေထားနိုင်ပြီး သမီး၂ယောက်ကိုလည်း ဘွဲ့ရသည်ထိ အကြွေးမရှိပဲ ထောက်ပံ့ပေးနိုင်ခဲ့သည်။

ဗဟုတုသ

အသားမည်းသူတွေ အသုံးပြုလို့မရတဲ့ အလိုလျှောက် ဆပ်ပြာထုတ်စက်

အင်တာနက် လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ အလိုလျှောက်ဆပ်ပြာထုတ်စက်ကိုတော့ တစ်ချို့တွေက လူမျိုးရေးခွဲခြားတဲ့၊ သို့မဟုတ် အသားရောင်ခွဲခြားရေးဝါဒီစက်လို့ အမည်ပေးထားကြပါတယ်။ အဆိုပါ စက်ဟာ ရေပိုက်ခေါင်းကဲ့သို့ အောက်မှ လက်ဖြင့် ခံလိုက်ရုံနဲ့ ဆပ်ပြာထွက်ကျလာမည့် ဆင်ဆာစနစ် တပ်ဆင်ပေးထားပါတယ်။ ဒါပေမယ့် အသားမည်းသူ လက်ဖြန့်တဲ့အခါ ဆပ်ပြာ ထွက်ကျခြင်းမရှိဘဲ၊ အသားဖြူသူ လက်ဖြန့်တဲ့အခါမှာတော့ အလိုလျှောက် ဆပ်ပြာတွေ ထွက်ကျလာတာကို ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။ အဆိုပါ စက်ဟာ အသာရည် မမည်းသူတွေအတွက်တော့ ကောင်းကောင်း အလုပ်လုပ်ပြီး၊ မည်းတဲ့သူတွေအတွက် ဘာတုန့်မြန်မှုမှ မရှိပါဘူး။ အဆိုပါ စက်ကို Atlanta Marriott မှာ တပ်ဆင်ထားပြီး၊ အာဖရိကန်-အမေရိက ကပြား T.J. Fitzpatrick က သူရဲ့ လူဖြူသူငယ်ချင်း Larry နဲ့အတူ စမ်းသပ်ခဲ့တာပါ။ […]

ဗဟုတုသ

မီးဖိုချောင်ပစ္စည်းများဖြင့် အပင်များရှင်သန်လှပဖူးပွင့်စေသောနည်းများ

ကြက်ဥခွံ နေလှန်းပြီးခြောက်သွေ့လာသော ဥခွံများကို အမှုန်ဖြစ်အောင် ထောင်းခြင်း၊ကြိတ်ခြင်းဖြင် အပင်ခြေရင်းတွင်ပုံပေးနိုင်ပါသည်။Calciumပမာဏများများပါဝင်ခြင်းက အပွင့်ပွင့်စေရန်အထောက်အကူဖြစ်စေပါသည်။ ကြက်သွန်နီအခွံ ကြက်သွန်နီအခွံများကို ရေနှင့် 3ရက်ခန့်စိမ်ပြီးအရည်ကို အပင်လောင်းပေးပါက အအပင်အတွက်လိုအပ်သောအဟာရများစွာရရှိစေပါသည်။ ငှက်ပျောခွံ ငှက်ပျောခွံရေစိမ်ပြီး ရလာသောအရည်ကိုလောင်းတာဖြစ်ဖြစ် ၊ အခြောက်လှမ်းပြီးရလာသောအခွံများကို အမှုန့်ဖြစ်အောင်လုပ်ပြီးဖြစ်ဖြစ်အပင်များကို ကျွေးနိူင်ပါသည်။အပင်အပွင့်အမြစ်ပါအကုန်အားရှိစေပြီး ရောဂါခံနိုင်ရည်လည်းမြင့်တက်စေပါသည်။ (Potassium+Phosphorus+Nitrogen+Magbesium+Potash) နွားနို့ နွားနို့တွင် အပွင့်အားကောင်းစေသော Clacium ပါသည့်အတွက် ရေနှင့်ရောပြီး အပင်လောင်းနိုင်ပါသည်။နွားနို့ အချဉ်ပေါက်လာသောအကျိုးပြုများကလည်း အပင်ကို ရောဂါကာကွယ်ရာတွင် ကူညီပေးနိူင်ပါသည်။ ဆန်ဆေးရည် ဆန်ဆေးရည်တွင် ဘက်တီးရီးယားများကိုရှင်သန်ပေါက်ဖွားစေနိုင်သော လက်တစ်အက်ဆစ်ပါဝင်သည့်အတွက် အပင်များကို လောင်းပေးခြင်းဖြင့် အပင်သန်ခြင်းအပွင့်ပွင့်ခြင်း ဖြစ်ပေါ်စေပါသည်။ သကြား သကြားတစ်ဇွန်း ရေတစ်ခွက် ကိုရောပြီး ရလာသောသကြားရည်ကို အပင်ကိုလောင်းပေးခြင်းဖြင့် အပင် အထူးသဖြင့် အပွင့်တွေကို အားရှိစေပါသည်။ ရှောက်သီး_သံပရိုသီးအခွံ ရှောက်သီး၊သံပရိုသီးအခွံများကို အပင်အိုးထဲတွင် ထည့်ထားခြင်းဖြင့် […]

သတင္း

ဂျာမနီလက်ကားကုမ္ပဏီ မက်ထရို မြန်မာပြည်လုပ်ငန်းများ ရပ်ဆိုင်းမည်

လတ်တလော မြန်မာပြည်အခြေအနေသည် မက်ထရို၏ စံနှုန်းများနှင့်အညီ လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေကြောင်း ကုမ္ပဏီဘက်မှ ဆို METRO Wholesale Myanmar အား ရန်ကုန်မြို့တွင် ၂၀၁၉ မတ်လ ၈ စတင်မိတ်ဆက်ခဲ့သည် ဂျာမနီနိုင်ငံအခြေစိုက် အစားအသောက်လက်ကားဖြန့်ချိရေးကုမ္ပဏီကြီးဖြစ်သည့် မက်ထရို(Metro)က မြန်မာနိုင်ငံရှိ လုပ်ငန်းလည်ပတ်မှုများအားလုံးကို လာမည့်အောက်တိုဘာအကုန်တွင် အပြီးရပ်ဆိုင်းမည်ဖြစ်ကြောင်း ယနေ့ (စက်တင်ဘာ ၁) တွင် သတင်းထုတ်ပြန်လိုက်သည်။ စစ်အာဏာသိမ်းမှုကို ရည်ညွှန်းခြင်းမရှိသော်လည်း အခြေအနေအရပ်ရပ်နှင့် လုပ်ဆောင်နိုင်မည့်အချက်များကို သေချာသုံးသပ်ရာတွင် လတ်တလောအခြေအနေများသည် မက်ထရို၏ စံနှုန်းများနှင့်အညီ လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယာယီမဟုတ်ဘဲ အပြီးတိုင်ရပ်ဆိုင်းခြင်းဖြစ်မည်ဟု မက်ထရို၏ ဝယ်ယူသုံးစွဲသူဝန်ဆောင်မှုဌာနက အတည်ပြုပြောဆိုသည်။ ဝယ်ယူသုံးစွဲသူများ၊ စီးပွားရေးမိတ်ဖက်များနှင့် ကုန်ပစ္စည်းပံ့ပိုးသူများကို ကျေးဇူးတင်ကြောင်း၊ ဝန်ထမ်းများကို အကူးအပြောင်းကာလတွင် လမ်းညွှန်မှုနှင့် ပံ့ပိုးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ […]

ဗဟုတုသ

ကမ္ဘာကျော်ဆယ်လီများရဲ့ တက်တူးမထိုးခင်ကပုံနှင့် တက်တူးထိုးပြီးသွားသောအခါ ကွာခြားသွားသော ဖက်ရှင်စတိုင်လ်

တက်တူးထိုးခြင်းသည် မိမိခန္ဓာကိုယ်ပေါ်၌ အနုပညာတစ်ရပ်ကို ဖော်ကျူးခြင်းဖြစ်ပါတယ်။ အချို့ကလည်း အမှတ်တရ ဖြစ်သွားအောင် တက်တူးထိုးကြပြီး အချို့ကလည်း မှတ်တိုင်တစ်ခု စိုက်ထူဖို့ရန်အတွက် တက်တူးရေးထိုးလေ့ရှိကြပါတယ်။ အချို့အနုပညာရှင်များဆိုလည်း အနုပညာလောကထဲ ဝင်ခါစတုန်းက တက်တူး မထိုးထားကြပါဘူး။ နောက်ပိုင်းကျမှ တက်တူးတွေ ထိုးရင်း ထိုးရင်းနဲ့ တစ်ကိုယ်လုံးမှာ တက်တူးတွေ ပြည့်နှက်လာကြပါတယ်။ ဘယ်အနုပညာရှင်တွေက အနုပညာလောကထဲ ဝင်ခါစမှာ တက်တူးမထိုးထားဘဲနဲ့ နောက်ပိုင်းကျမှ တက်တူးထိုးလာသလဲ။ တက်တူးမထိုးခင်ကနဲ့ ထိုးပြီးသွားတဲ့အခါ ဘာတွေကွာခြားသွားသလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။ Justin Bieber သူ့ခန္ဓာကိုယ်ပေါ်က တက်တူးတွေကို ဖန်တီးဖို့အတွက် နာရီပေါင်းများစွာ ကုန်ဆုံးခဲ့ရတဲ့အတွက်ကြောင့် ဘယ်တက်တူးကိုမှ ပြန်ဖျက်သွားမှာမဟုတ်ဘူးလို့ Justin က ပြောပြထားပါတယ်။ David Beckham ဘောလုံးလောကမှာ မသိသူမရှိတဲ့ David Beckham ရဲ့ခန္ဓာကိုယ်ပေါ်မှာတော့ တက်တူးပေါင်း အခု […]

ဗဟုတုသ

ကဲ ဒီတစ်ခါတော့ မြေအိုးထမင်းအကြောင်းပေါ့နော့်

မြေအိုးထမင်း ကဲ ဒီတစ်ခါတော့ မြေအိုးထမင်းအကြောင်းပေါ့နော့်။ တကယ် မြေအိုးထမင်းဆိုတာက ကျေးလက်တောရွာမှာ နေသူတွေအတွက် မဆန်းကြယ်တဲ့ ချက်ပြုတ်နည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အာရှနိုင်ငံတွေမှာ ရှေးယခင်တည်းက မြေအိုးနဲ့ပဲ ထမင်းဟင်းတွေ ချက်ပြုတ်လာခဲ့ကြပါတယ်။ နောက်ပြီး မြေအိုးနဲ့ချက်ပြုတ်တဲ့ ထမင်းဟင်းက ပိုပြီးအရသာရှိတယ်လို့လဲ ဆိုကြပါတယ်။ အထူးသဖြင့် မီးခိုးနံ့သင်းသင်းလေးနဲ့ ထမင်းဟင်းဟာ စားသောက်တဲ့လူကို နှုတ်မြိန်စေပါတယ်တဲ့။ တရုတ်မှာတော့ မြေအိုးထမင်းကို ထမင်းသက်သက်၊ ဟင်းသက်သက် မဟုတ်ပဲ တပါတည်းရောပြီး ချက်ပြုတ်လေ့ရှိပါတယ်။ တရုတ်ပြည်ဟာ တောင်ပိုင်းနဲ့ မြောက်ပိုင်း စားသောက်ပုံချင်းက အခြေခံအားဖြင့် မတူကြပါဘူး။ မြောက်ပိုင်းက ဂျုံကို အဓိကစားသုံးကြပြီး တောင်ပိုင်းက ဆန်ကို အဓိက စားသုံးကြပါတယ်။ ဒါ့ကြောင့် မြေအိုးထမင်း 煲仔飯 bāo zǎi fàn ဟာ တရုတ်ပြည်တောင်ပိုင်းဒေသတွေဖြစ်တဲ့ […]

ဗဟုတုသ

စက်ရေတွင်း မတူးမှီ ရေတိမ်-ရေနက်၊ ကျောက်ဆောင်ရှိ မရှိ ခန့်မှန်းနည်း

စက်ရေတွင်း မတူးမှီ ရေတိမ် ရေနက်၊ ကျောက်ဆောင်ရှိ မရှိ ခန့်မှန်းနည်း   လိုအပ်တဲ့ သူတွေ အသေအချာမှတ်သားထားကြပါနော်။ စေတနာနဲ့ပါ။ စက်ရေတွင်းတူးက မှတ်ထားကြ။ စက်ရေတွင်းတူရာ၌ ရေ ရှိ-မရှိ၊ ရေနည်း-ရေများ ခန့်မှန်သိရှိနိုင်ပုံလေးကို ဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။ ရေရှိ / မရှိ ၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စသည့်အပင်များ စိုစိုပြေပြေ လန်းလန်းဆန်းဆန်း ရှိနေပါ ကထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ ဖော်ပြပါ လက္ခဏာများနှင့် ဆန့်ကျင်နေပါက ရေမရှိဟု ခန့်မှန်း သိနိုင်ပါသည်။ ရေချို / ရေငန် ၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်း တူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက် အနာအဆာများ၍ […]

ဗဟုတုသ

အပင်တွေအတွက်အရမ်းအသုံးဝင်တဲ့ငှက်ပျောသီးခွံ အပင်အားဆေး

ငှက်ပျောသီးခွံကို နောက်ဆိုမလွှင့်ပစ်ပါနဲ့ ကျွန်တော်တို့ ငှက်ပျောသီးကို စားသုံးတဲ့ အခါမှာ ငှက်ပျောခွံ(Banana peel)ကို စွန့်ပစ်လေ့ ရှိတယ်။ လေ့လာတွေ့ရှိချက်အရ စွန့်ပစ် ငှက်ပျောခွံမှာ အပင်များအတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ်တွေ များပါဝင်နေပါတယ်။ ငှက်ပျောခွံကို ရေထဲ၌(၃)ရက်ခန့်ကြာသည့်တိုင်အောင် စိမ်ထားပြီး ၎င်းရေကို အပင်တွေအတွက် လောင်းပေးနိုင်သလို၊ငှက်ပျောခွံကို အပင်ခြေ၌ အုံပေးထားရုံဖြင့် အပင် ကျန်းမာရေးအတွက် မရှိမဖြစ် ပိုတက်ဆီယမ်၊ နိုက်ထရိုဂျင်၊ ဖော့စဖရပ် နှင့် မဂ္ဂနီဆီယမ် အဟာရဓာတ်တွေ ရရှိမှာ ဖြစ်ပါတယ်။ နောက်ထပ် ပြောပြချက်တာက အပင်တွေမှာဖြုတ်ပိုး၊ပျပိုး(Aphid)လို့ခေါ်တဲ့ အပင်ကိုဖျက်ဆီးတတ်တဲ့ ပိုးတွေကျရောက်နေပါက ငှက်ပျောခွံကို အပင်၌ ချိတ်ဆွဲထားပါက ကင်းစင် သွားပါလိမ့်မယ်။ သစ်ခွ နဲ့ နှင်းဆီပင် တွေအတွက် အရမ်းအသုံးဝင်ပါတယ်။ Vis….SSS စိုက်ပျိုးရေး

Back To Top