အိမ်သာဟောင်းတွေကို ပြန်လည်ပြုပြင်ရောင်းချပီး သမီးနှစ်ယောက်ကိုဘွဲ့ရတဲ့ထိ ကျောင်းထားပေးခဲ့တဲ့ ဖခင်

ဗီယက်နမ်နိုင်ငံ Vo Van Keetခရိုင်တွင် နေထိုင်သော Dac Dungအမည်ရှိ အသက် ၅၈နှစ်အရွယ် ဖခင်တစ်ဦးသည် မိသားစုစားဝတ်နေရေးအတွက် ဒေသရှိ အိမ်သာဟောင်းတွေကို လိုက်လံစုဆောင်းကာ ဆေးကြောသန့်စင်ပြီးနောက် ပြန်လည်ရောင်းချခဲ့သည်။

ဖခင်ဖြစ်သူသည် တစ်ချိန်က ထရပ်ကားမောင်းရင်း ကုန်တင်ကုန်ချလုပ်ခဲ့ပြီး အဆင်မပြေတော့၍ အခြားသောအလုပ်ပြောင်းလုပ်ရန် စဉ်းစားခဲ့ရာ အိမ်သာသစ်များကို မဝယ်ယူနိုင်သူများအတွက် အိမ်သာဟောင်းတွေကို ဈေးသက်သာစွာနှင့် ရောင်းချရန် အကြံရခဲ့သည်။

အစပိုင်းတွင် ညစ်ပေနေသော အိမ်သာဟောင်းကို ပြန်လည်ဆေးကြောဖို့ဆိုတာ လွယ်ကူသောအရာမဟုတ်ပေမယ့် စားဝတ်နေရေး အဆင်ပြေဖို့သာ အဓိကထားပြီး လုပ်ဆောင်ခဲ့ရာ ယခုဆိုရင် နှစ်၂၀ကြာရှိခဲ့ပြီဖြစ်သည်။

ထိုလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ရာ အိမ်ရှိမိသားစုအားလုံးကိုလည်း အဆင်ပြေပြေထားနိုင်ပြီး သမီး၂ယောက်ကိုလည်း ဘွဲ့ရသည်ထိ အကြွေးမရှိပဲ ထောက်ပံ့ပေးနိုင်ခဲ့သည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *