Month: October 2021
သတင္း
ဖြူဝင်းဥပြီး ဆွဲဆောင်မှု ရှိလွန်းတဲ့ အလှတရားတွေနဲ့ ပုရိသတွေကို ရင်ခုန်စေပြန်တဲ့ ဆုအိမ့်စံ
ဖြူဝင်းဥပြီး ဆွဲဆောင်မှု ရှိလွန်းတဲ့ အလှတရားတွေနဲ့ ပုရိသတွေကို ရင်ခုန်စေပြန်တဲ့ ဆုအိမ့်စံ မင်းသမီးချောလေး ဆုအိမ့်စံ ကတော့ အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားနိုင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။ ဆုကတော့ သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ အလှပုံရိပ်လေးတွေကို အမြဲတမ်း ပရိသတ်တွေကို မျှဝေပေးနေကြ မင်းသမီးလေးလည်းဖြစ်ပါတယ် ။ အခုလည်း ခပ်မိုက်မိုက်ဖက်ရှင်လေးဝတ်ကာ သူမရဲ့စွဲမက်ဖွယ် အလှတရားတွေနဲ့ ပေါင်းစပ်ရိုက်ကူးထားတဲ့ အမိုက်စား ပုံရိပ်လေးတွေကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ ပြီးပြည့်စုံတဲ့ အလှတရားတွေနဲ့ အရမ်း မိုက်နေတာကြောင့် မိန်းကလေးအချို့ အားကျနှစ်သက်နေရတာလည်းဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် သူမရဲ့အမိုက်စား ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ဆုကိုချစ်တဲ့ ချစ်ပရိသတ်ကြီးကလည်း သူမကို ဆက်လက် အားပေးလိုက်ကြပါဦးနော်။ Yuan – Cele […]
ဗဟုတုသ
ကားမောင်းတတ်သူတိုင်း မဖြစ်မနေ သိထားသင့်သော ယာဉ်တိုက်မှု(၁၀)မျိုး
၁။ ရပ်ထားသောယာဉ်ကို ဝင်ရောက်တိုက်မိခြင်း။ ရပ်ထားသောယာဉ်ကို အခြားယာဉ်တစ်စီးမှ ဝင်ရောက်မိတဲ့အခါမှာ တိုက်တဲ့ယာဉ်အမှားပဲဖြစ်ပါတယ်။ ဒါပေမယ့် ညအချိန်အမှောင်ထဲမှာ ဘေးမီးဖွင့်မထားဘဲ လမ်းမပေါ်ရပ်ထားခဲ့မယ်။ အန္တရာယ်မဖြစ်နိုင်အောင် သတိပေးမယ့်သူရှိမနေခဲ့ရင်တော့ ရပ်ထားတဲ့ယာဉ်မှာလည်း တာဝန်ရှိနိုင်ပါတယ်။ ၂။ ရှေ့ယာဉ်အားနောက်ယာဉ်မှ ဝင်ရောက်တိုက်မိခြင်း။ နောက်ကယာဉ်မှာတာဝန်ရှိပါတယ်။ ဒီနေရာမှာတချို့ကပြောကြပါတယ်။ ရှေ့ယာဉ်က ရုတ်တရက် ဘရိတ်အုပ်လို့တိုက်ရတာပါလို့ ပြောကြပါတယ်။ ဒါပေမယ့် ယာဉ်သွားလာမှုစည်းကမ်း နည်းဥပဒေ ၁၄၅ မှာ ရှေ့ယာဉ်ရုတ်တရက်ရပ်တန့်လျှင် နောက်မှယာဉ်သည် ထိခိုက်မှုမဖြစ်စေရန် သင့်လျော်သောအကွာအဝေးမှ လိုက်ရမည်လို့ဖော်ပြထားပါတယ်။ သင့်လျော်သောအကွာအဝေး ဆိုတာကေတာ့ ပုံသေမရှိနိုင်ပါဘူး။ ရှေ့ယာဉ်အရှိန်များရင် များသလို အရှိန်နည်းရင်နည်းသလို ထိခိုက်မှုမရှိပဲ ရပ်တန့်နိုင်မယ့်အကွာအဝေးကို ချိန်ဆမောင်းနှင်ရမှာပါ။ အဲ့ဒီအတွက် ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ် လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ် အကြောင်းတစုံရာကြောင့် ရပ်တန့်ချိန်မှာ နောက်ယာဉ်သည်လည်း ထိခိုက်မှုမရှိအောင် ရပ်တန့်နိုင်ရပါမယ်။ ဖရီးကြောလို့ခေါ်တဲ့ ရပ်မျဉ်းမရှိတဲ့ ကွေ့ကြော […]
ဗဟုတုသ
ကလေးတွေ စားကြတဲ့ ဂျယ်လီတွေကို ဘယ်ကနေ ပြုလုပ်သလဲဆိုတာ သင်သိပါသလား
ကလေးတွေ စားကြတဲ့ ဂျယ်လီတွေကို ဘယ်ကနေ ပြုလုပ်သလဲဆိုတာ သင်သိပါသလား ဂျယ်လီဟာ လူကြီးလူငယ် မရွေး နှစ်သက်စွာ စားသုံးကြတဲ့ အစားအစာပဲ ဖြစ်ပါတယ်။ ကလေးငယ်တွေ အတွက် လည်း အလွန်ကြိုက်နှစ်သက်တဲ့ အစားအစာဆိုလဲ မမှားပါဘူးနော်။ သင်ဂျယ်လီ တစ်ထုပ်ကို ဝယ်ပြီး အနောက်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကို ကြည့်လိုက်ရင် ပုံမှန်သဘာဝဖြစ်တဲ့ သကြား၊ အသီးအနှံအရသာ တို့အပြင် Gelatin ဆိုတဲ့အရာတစ်မျိုးကိုပါ တွေ့မြင်ရမှာဖြစ်ပါတယ်။ ပုံမှန်ကြည့်ရင် Gelatin ဟာ တခြား ပါဝင်ပစ္စည်းတစ်မျိုးအမည်လို့ ထင်ရပေမယ့် တကယ်တော့ သူဟာအနံ့မရှိ၊ အရသာမရှိတဲ့ အဝါရောင် စေးကပ်ကပ် ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ သူ့ကို ဘယ်နေရာကနေ ရသလဲဆိုတော့ တိရစ္ဆာန်အရေခွံနဲ့ အရိုးတွေကို အကြာကြီး ပြုတ်ထားပြီးမှ နောက်ဆုံး ထွက်လာတဲ့ ပစ္စည်းလို့ ဆိုပါတယ်။ […]
သတင္း
နာမည်ကြီး ကိုရီးယားမင်းသားတစ်ယောက်က လက်ဆောင်ပေးထားတဲ့ ဒေါက်ဖိနပ်လေးကို ပရိတ်သတ်ကြီးအား ထုတ်ကြွားလိုက်တဲ့ နန်းဆုရတီစိုး
ဗဟုတုသ
ဒီလိုနိမိတ်တွေ မြင်လာ ကြုံလာပြီဆိုရင် သတိထားပါတော့
ဒီလိုနိမိတ်တွေ မြင်လာ ကြုံလာပြီဆိုရင် သတိထားပါတော့ (၁) ယူသွားမယ့်အထုပ်ဟာမမျှော်လင့်ပဲပြုတ်ကျပွင့်ကျရင်။ (၂) ကျကွဲသွားရင်။ (၃) သွားခါနီးဝတ်တဲ့အဝတ်အစားဗျိကနဲပြဲသွားရင်။ (၄) ကိုယ်လေးစားတဲ့သူ တစ်ယောက် ယောက်ကို ကလေးတစ်ယောက်ကတားထားဆွဲထားရင်။ (၅) လမ်းသွားရင်းသစ်ကိုင်းနဲ့နဖူးရိုက်မိတာ၊ ခလုတ်တိုက်ခြေမကွဲတာ။ (၆) အငှါးယဉ်တားစီးတဲ့အခါ သုံးကြိမ်ထက် မနည်းဈေးမတည့်တဲ့အခါ။ (၇) လမ်းတစ်လျှောက်မှာလက်ခါပြသူတွေကိုတွေ့မြင်သောအခါ။ (၈) ကိုယ့်ရှေ့တည့်တည့်ကလူကမေးထောက်ပြီးညည်းညူနေရင်။ (၉) ကိုယ့်ရှေ့မှာနွားကျွဲမြင်းခွေးကလေးလူကြီးစသည်တို့ကို ရက်စက်စွာရိုက်ပုတ်ညှင်းပန်းနေရင်။ (၁၀) ကားစီးသော်လမ်းမှာကားပျက်မှုကြုံသော်၊ စက်နှိုးမရပုံစံဖြစ်သော်။ (၁၁) ကိုယ့်ရှေ့မှာယာဉ်တိုက်မှုမြင်သော်။ (၁၂) အတူသွားသူနှင့်ရန်ဖြစ်စကားများ သွေးထွက်သံယိုဖြစ်သော်။ (၁၃)မိမိခြေထောက်ကို နှစ်ကြိမ်ထက်မနည်းတက်နင်းခံသော်။ (၁၄) မျက်မှန်ပြုတ်ကျသော်။ (၁၅)ကိုယ့်ရှေ့မှာလူ၊ယာဉ်၊ပစ္စည်းတစ်ခုခုလာပိတ်ရပ်သော်။ (၁၆) လမ်းသွားရင်းမျက်လှည့်ပြတာတွေ့ရင် (ကိုယ်ကဝင်ရပ်ကြည့်သော်ဘာမှမဖြစ်) ။ (၁၇) ကိုယ့်ရှေ့မှာဆိတ်နွားခွေးကြောင်ငှက်စသည်တို့ရန်ဖြစ်သော်။ (၁၈) ကိုယ့်မြင်ကွင်းရှေ့မှာလက်ထိပ်သံကြိုးစသည်တို့ဖြင့် ချည် နှောင်ကာခေါ်သွားသော်။ (၁၉) ကိုယ်သွားမယ့်လမ်းမှာမြွေအလ္ပာယ်ပြနေသော်။ (၂၀) […]
ဗဟုတုသ
လာဘ် ကံကောင်းအောင် ပြုမှုနေထိုင်နည်း
လောကမှာ ကံမကောင်းဘူးဆိုရင် ကံကောင်းအောင်က ဘာလုပ်ရမှာလဲ၊ မကောင်းတဲ့ ကံတွေ ပပျောက်အောင် ကံကောင်းတဲ့ နည်းတွေ မရှိဘူးလားဆို ရှိတယ်။ အကုသိုလ်အကျိုးတွေ ဝင်ရောက် ဖြစ်ပေါ်နေတာကို လူတွေက ကံမကောင်းဘူးလို့ ပြောတာ အကု သိုလ် ရဲ့ အကျိုးတရားတွေက ကိုယ့်သန္တာန်ရောက်ပြီ၊ ထိခိုက်နေပြီဆိုရင် ဒါက ကံမကောင်းဘူးလို့ ပြောကြတယ်။ အဲဒီ အချိန်မှာ ကိုယ့်ရဲ့လုပ်ရပ်ကို ပြန်ဆန်းစစ်ကြည့် ရမယ် ငါတို့လုပ်နေတာ အမှားမရှိဘူး၊ အကောင်းတွေ လုပ်တယ် သို့သော် အတိတ်တုန်းက မှားယွင်းမှုတွေကလည်း လူတွေရဲ့သန္တာန် လာရောက်ပြီး အကျိုးပေးနေတာတွေ ရှိတတ် တယ်ပေါ့။ အဲဒီလို ဖြစ်ပေါ် လာတာမျိုးတွေကော မရှိနိုင်ဘူးလားဆို ရှိနိုင်တယ် ရှိလာလို့ရှိရင် ဘာနဲ့ အကာအကွယ် လုပ်ရမလဲလို့ ဆိုရင် ကံကောင်းအောင် ကောင်းတဲ့ […]
ဗဟုတုသ
အိမ်မှာ အလွယ်တကူလုပ်သည့် ဆိုးဆေးမပါ သန့်ရှင်းလတ်ဆတ်သည့် ငရုတ်ဆီ
ဆိုးဆေးမပါ သန့်ရှင်းလတ်ဆတ်သည့် ငရုတ်ဆီကို အိမ်မှာ အလွယ်တကူလုပ်လို့ရပါတယ်။ မြန်မာကြက်သွန်ဖြူ ၅ လုံးကို အခွံနွှာပြီးကြိတ်စက်နှင့် ညက်ညက်ကြိတ်ထားပါ။ ပန်းကန်လုံး တစ်ခုမှာ ဂျုံမှုန့်ကို စတီးဟင်းခတ်ဇွန်း ၂ ဇွန်း ထည့်ပြီးရေ ၅ ဇွန်းထည့်ကာညက်နေအောင်ဖျော်ထားပါ။ အိုးတလုံးမှာ ရေကို နို့ဆီခွက် ၁ ခွက်စာထည့်ပါ။ ကြက်သွန်ဖြူ ကြိတ်ထားတာထည့်ပါ။ ငရုတ်သီးအစိမ်းမှုန့် အကောင်းစားကို ဟင်းခတ်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆားဟင်းခတ်ဇွန်း တဝက်ထည့်ပါ။ ထန်းလျက်လုံး 7 လုံးထည့်ပါ။ ဆူအောင် အပူပေးပြီး မွှေပေးပါ။ ဗနီကာရှာလကာရည်ကို ဟင်းခတ်ဇွန်းနှင့် ၁၀ ဇွန်းထည့်ပါ။ မွှေပေးပါ။ အပျစ်အကြဲအတွက် ဂျုံဖျော်ထားတာကို ဟင်းခတ်ဇွန်းနှင့် ၄ ဇွန်းထည့်ပါ၊ မွှေပေးပါ။ အရသာမြည်းကြည့်ပါ။ လိုတာထပ်ထည့်ပါ။ အနေတော်ဆိုရင်ငရုတ်ဆီရပါပြီ။ အအေးခံပြီးရင် လေလုံဘူးထဲ […]
ဗဟုတုသ
ဓာတုဆေးဝါးနဲ့ ကြာရှည်ခံပစ္စည်းများ လုံးဝမပါဝင်တဲ့ အိမ်တွင်းလုပ် သဘာဝပဲပြားစစ်စစ်
အိမ်လုပ် သဘာဝပဲပြားစစ်စစ် ပဲပြားတွေကို ဈေးမှာ အလွယ်တကူဝယ်လို့တော့ရပေမယ့် ပဲပြားတစ်ခါမှ မလုပ်ဖူးဘူး၊ ကိုယ်တိုင်ကိုယ်ကျ မိမိအိမ်မှာ လုပ်ကြည့်ချင်တဲ့ အိမ်ရှင်မများအတွက် သဘာဝပဲပြားစစ်စစ် ရရှိဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ရပါမယ်။ ပါဝင်ပစ္စည်းများ- ပဲပိစပ် ၆၀၀ ဂရမ် ရေ ၅ လီတာနှင့် ၂၅၀ မီလီလီတာ ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း ပြုလုပ်နည်း အဆင့်ဆင့်- ၁။ ပဲပိစပ်ကို စင်ကြယ်အောင် ရေဆေးပြီးနောက် ရေထဲတွင် တစ်ညခန့်စိမ်ထားရပါမယ်။ မနက်မိုးလင်းမှ ရေ ၅ လီတာဖြင့် ဖျော်စက်ထဲထည့်ကာ ဖျော်ပေးလိုက်ပါ။ တစ်ခါဖျော်လျှင် ပဲပိစပ် ၂၀၀ ဂရမ်၊ ရေ ၁ လီတာဖြင့် ဖျော်ပါ။ ကျန်ရှိတဲ့ရေကိုတော့ အရည်ညှစ်ဖို့ချန်ထားရပါမယ်။ ၂။ […]
ဗဟုတုသ
TV များ အချိန်မတိုင်ခင် ပျက်စီးခြင်းမှ ကာကွယ်ပြီး သက်တမ်းပြည့် အသုံးပြုနိုင်ရန်
အိမ်မှာ အသုံးပြုနေတဲ့ LCD / LED TV များ အချိန်မတိုင်ခင် ပျက်စီးခြင်းမှ ကာကွယ်ပြီး သက်တမ်းပြည့် အသုံးပြုနိုင်ရန်အတွက်နည်းလမ်း ကောင်းများ မိတ်ဆွေတို့ အိမ်မှာအသုံးပြုနေတဲ့ LCD /LED TV များ အချိန်မတိုင်ခင် ပျက်စီးခြင်းမှ ကာကွယ်ပြီး သက်တမ်းပြည့် အသုံးပြုနိုင်ရန်အတွက်နည်းလမ်း ကောင်းများပြောပြလိုပါတယ်။ သုံးစွဲသူ အများစု ဖြစ်လေ့ရှိတဲ့ပြဿနာများနဲ့ ဖြေရှင်းချက် အချို့ ကိုဖော်ပြလို့ပါတယ်။ ၁) ရေဝင်ခြင်း ၊ ကြောင်သေးဝင်ခြင်း၊ ၂) ပြုတ်ကျခြင်း ၊ ဆောင့်မိ ခိုက်မိခြင်း ၊ ကလေးကြောင့် ထိခိုက်မိခြင်း၊ (၃) TV မှန်ပြင်အနီးခြင်ရိုက် ဘက်တံဖြင့် ရိုက်မိခြင်း၊ (၄) မီးအား ဆောင့်တက်ခြင်း၊ မိုးကြိုးစက်ကွင်းမိခြင်း၊ (၅) TVကို stand […]
ဗဟုတုသ
ဒယ်အိုးနီ ဒယ်အိုးပြာသုံးသူများအတွက် သိထားရမည့် 7ချက်
ဒယ်အိုးနီ ဒယ်အိုးပြာတွေဝယ်ထားပြီး ကြာကြာအသုံးမခံပဲ ပျက်နေတတ်တဲ့သူတွေ လိုက်နာသင့်တဲ့ အချက် 7 ချက် မိတ်ဆွေကောင်းတို့ အိမ်အများစုမှာ ဒယ်နီ ဒယ်ပြာ ဒယ်ခရမ်းတို့ကို တော်တော်များများ အသုံးပြုကြမှာပါ။ အလုံးပေါင်းမနည်း ပျက်လိုက် ဝယ်လိုက်နဲ့ ကျွမ်းကျင်စွာ သုံးနေကြတဲ့သူတွေရှိသလို ဝယ်ပြီးတာနဲ့ စနစ်တကျ တန်းသုံးတတ်တဲ့ လူတွေလည်း တော်တော်များများ တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် မိတ်ဆွေကောင်းတွေအတွက် အသုံးတည့်စေမယ့် အချက်လေးတွေ ကျွန်တော်ထပ်ထည့်ပေးလိုက်ပါတယ်။ (၁) ဒယ်နီအများစု အားလုံးနီးပါးမှာ မီးဆွဲအား 2000W ရှိပြီး မီးအတိုးအလျော့ လုပ်လို့ရတာကြောင့် Extension Cord (ကြိုးခွေအဝိုင်းများ)နှင့် လုံးဝ မသုံးသင့်ပါဘူး။ (၂) အခုနောက်ပိုင်း ထွက်သမျှ ဒယ်နီတွေမှာ Auto cut-off system (အလိုလျောက်မီးဖြတ်ပေးတဲ့စနစ်) ပါလို့ အတိုးအလျော့ […]
Back To Top