ဗဟုတုသ

အိမ်မှာ အလွယ်တကူလုပ်သည့် ဆိုးဆေးမပါ သန့်ရှင်းလတ်ဆတ်သည့် ငရုတ်ဆီ

ဆိုးဆေးမပါ သန့်ရှင်းလတ်ဆတ်သည့် ငရုတ်ဆီကို အိမ်မှာ အလွယ်တကူလုပ်လို့ရပါတယ်။ မြန်မာကြက်သွန်ဖြူ ၅ လုံးကို အခွံနွှာပြီးကြိတ်စက်နှင့် ညက်ညက်ကြိတ်ထားပါ။ ပန်းကန်လုံး တစ်ခုမှာ ဂျုံမှုန့်ကို စတီးဟင်းခတ်ဇွန်း ၂ ဇွန်း ထည့်ပြီးရေ ၅ ဇွန်းထည့်ကာ
ညက်နေအောင်ဖျော်ထားပါ။

အိုးတလုံးမှာ ရေကို နို့ဆီခွက် ၁ ခွက်စာထည့်ပါ။ ကြက်သွန်ဖြူ ကြိတ်ထားတာထည့်ပါ။ ငရုတ်သီးအစိမ်းမှုန့် အကောင်းစားကို ဟင်းခတ်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆားဟင်းခတ်ဇွန်း တဝက်ထည့်ပါ။ ထန်းလျက်လုံး 7 လုံးထည့်ပါ။ ဆူအောင် အပူပေးပြီး မွှေပေးပါ။

ဗနီကာရှာလကာရည်ကို ဟင်းခတ်ဇွန်းနှင့် ၁၀ ဇွန်းထည့်ပါ။ မွှေပေးပါ။ အပျစ်အကြဲအတွက် ဂျုံဖျော်ထားတာကို ဟင်းခတ်ဇွန်းနှင့် ၄ ဇွန်းထည့်ပါ၊ မွှေပေးပါ။ အရသာမြည်းကြည့်ပါ။ လိုတာထပ်ထည့်ပါ။ အနေတော်ဆိုရင်ငရုတ်ဆီရပါပြီ။

အအေးခံပြီးရင် လေလုံဘူးထဲ ထည့်ပြီးရေခဲသေတ္တာ မခဲသည့်နေရာမှာ ထားရင် တာရှည်ထားလို့ရပါတယ်။ ရေခဲသေတ္တာမရှိရင် နဲနဲပဲလုပ်ပြီး အပြင်မှာ သုံးလေးရက်လောက် ထားလို့ ရပါတယ်။ အိမ်မှာလုပ်တဲ့ဆိုးဆေးမပါ တာရှည်ခံဆေး မပါတဲ့ ငရုတ်ဆီရပါပြီ။ စားကောင်းကြပါစေ။

Credit-U Kyaw Shwe

(Zawgyi)

ဆိုးေဆးမပါ သန္႔ရွင္းလတ္ဆတ္သည့္ င႐ုတ္ဆီကို အိမ္မွာ အလြယ္တကူလုပ္လို႔ရပါတယ္။ ျမန္မာၾကက္သြန္ျဖဴ ၅ လုံးကို အခြံႏႊာၿပီးႀကိတ္စက္ႏွင့္ ညက္ညက္ႀကိတ္ထားပါ။ ပန္းကန္လုံး တစ္ခုမွာ ဂ်ဳံမႈန္႔ကို စတီးဟင္းခတ္ဇြန္း ၂ ဇြန္း ထည့္ၿပီးေရ ၅ ဇြန္းထည့္ကာ
ညက္ေနေအာင္ေဖ်ာ္ထားပါ။

အိုးတလုံးမွာ ေရကို ႏို႔ဆီခြက္ ၁ ခြက္စာထည့္ပါ။ ၾကက္သြန္ျဖဴ ႀကိတ္ထားတာထည့္ပါ။ င႐ုတ္သီးအစိမ္းမႈန္႔ အေကာင္းစားကို ဟင္းခတ္ဇြန္း ၃ ဇြန္းထည့္ပါ။ ဆားဟင္းခတ္ဇြန္း တဝက္ထည့္ပါ။ ထန္းလ်က္လုံး 7 လုံးထည့္ပါ။ ဆူေအာင္ အပူေပးၿပီး ေမႊေပးပါ။ ဗနီကာရွာလကာရည္ကို ဟင္းခတ္ဇြန္းႏွင့္ ၁၀ ဇြန္းထည့္ပါ။ ေမႊေပးပါ။ အပ်စ္အႀကဲအတြက္ ဂ်ဳံေဖ်ာ္ထားတာကို ဟင္းခတ္ဇြန္းႏွင့္ ၄ ဇြန္းထည့္ပါ၊ ေမႊေပးပါ။ အရသာျမည္းၾကည့္ပါ။ လိုတာထပ္ထည့္ပါ။ အေနေတာ္ဆိုရင္င႐ုတ္ဆီရပါၿပီ။

အေအးခံၿပီးရင္ ေလလုံဘူးထဲ ထည့္ၿပီးေရခဲေသတၱာ မခဲသည့္ေနရာမွာ ထားရင္ တာရွည္ထားလို႔ရပါတယ္။ ေရခဲေသတၱာမရွိရင္ နဲနဲပဲလုပ္ၿပီး အျပင္မွာ သုံးေလးရက္ေလာက္ ထားလို႔ ရပါတယ္။ အိမ္မွာလုပ္တဲ့ဆိုးေဆးမပါ တာရွည္ခံေဆး မပါတဲ့ င႐ုတ္ဆီရပါၿပီ။ စားေကာင္းၾကပါေစ။

Credit-U Kyaw Shwe

Leave a Reply

Your email address will not be published. Required fields are marked *