ဗဟုတုသ

ကလေးတွေ စားကြတဲ့ ဂျယ်လီတွေကို ဘယ်ကနေ ပြုလုပ်သလဲဆိုတာ သင်သိပါသလား

ကလေးတွေ စားကြတဲ့ ဂျယ်လီတွေကို ဘယ်ကနေ ပြုလုပ်သလဲဆိုတာ သင်သိပါသလား

ဂျယ်လီဟာ လူကြီးလူငယ် မရွေး နှစ်သက်စွာ စားသုံးကြတဲ့ အစားအစာပဲ ဖြစ်ပါတယ်။ ကလေးငယ်တွေ အတွက် လည်း အလွန်ကြိုက်နှစ်သက်တဲ့ အစားအစာဆိုလဲ မမှားပါဘူးနော်။ သင်ဂျယ်လီ တစ်ထုပ်ကို ဝယ်ပြီး အနောက်မှာပါတဲ့ ပါဝင်ပစ္စည်းတွေကို ကြည့်လိုက်ရင် ပုံမှန်သဘာဝဖြစ်တဲ့ သကြား၊ အသီးအနှံအရသာ တို့အပြင် Gelatin ဆိုတဲ့အရာတစ်မျိုးကိုပါ တွေ့မြင်ရမှာဖြစ်ပါတယ်။

ပုံမှန်ကြည့်ရင် Gelatin ဟာ တခြား ပါဝင်ပစ္စည်းတစ်မျိုးအမည်လို့ ထင်ရပေမယ့် တကယ်တော့ သူဟာအနံ့မရှိ၊ အရသာမရှိတဲ့ အဝါရောင် စေးကပ်ကပ် ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

သူ့ကို ဘယ်နေရာကနေ ရသလဲဆိုတော့ တိရစ္ဆာန်အရေခွံနဲ့ အရိုးတွေကို အကြာကြီး ပြုတ်ထားပြီးမှ နောက်ဆုံး ထွက်လာတဲ့ ပစ္စည်းလို့ ဆိုပါတယ်။ ဒီတိရစ္ဆာန် အရေခွံနဲ့ အရိုးတွေကို စက်ရုံတွေကနေ မလိုအပ်ပဲ စွန့်ပစ်တဲ့နေရာမှာ ရလာတယ်လို့ ယူဆလို့ရပါတယ်။ တကယ်တော့ Gelatin ဟာ အဆိုးကြီးလဲ မဟုတ်ပါဘူး။ သူဟာအာဟာရ ဖြစ်စေပြီး အမိုင်နိုအက်ဆစ် (၁၈)မျိုးတောင် ပါဝင်တယ်လို့ သိရပါတယ်။

ဒီ Gelatin ကိုအခြားသော အချိုစားစရာတွေနဲ့ ဆေးဝါးအချို့မှာလဲ သုံးတယ်လို့ သိရပါတယ်။ အကယ်၍ သင်ဟာသတ်သတ်လွတ် သမားတစ်ယောက် ဖြစ်မယ်ဆိုရင် ဒီဝါးလို့ကောင်းတဲ့ ဂျယ်လီတွေ မစားမိဖို့လိုပြီနော်။ အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-Original Uploader

(Zawgyi)

ကေလးေတြ စားၾကတဲ့ ဂ်ယ္လီေတြကို ဘယ္ကေန ျပဳလုပ္သလဲဆိုတာ သင္သိပါသလား

ဂ်ယ္လီဟာ လူႀကီးလူငယ္ မေ႐ြး ႏွစ္သက္စြာ စားသုံးၾကတဲ့ အစားအစာပဲ ျဖစ္ပါတယ္။ ကေလးငယ္ေတြ အတြက္ လည္း အလြန္ႀကိဳက္ႏွစ္သက္တဲ့ အစားအစာဆိုလဲ မမွားပါဘူးေနာ္။ သင္ဂ်ယ္လီ တစ္ထုပ္ကို ဝယ္ၿပီး အေနာက္မွာပါတဲ့ ပါဝင္ပစၥည္းေတြကို ၾကည့္လိုက္ရင္ ပုံမွန္သဘာဝျဖစ္တဲ့ သၾကား၊ အသီးအႏွံအရသာ တို႔အျပင္ Gelatin ဆိုတဲ့အရာတစ္မ်ိဳးကိုပါ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ပုံမွန္ၾကည့္ရင္ Gelatin ဟာ တျခား ပါဝင္ပစၥည္းတစ္မ်ိဳးအမည္လို႔ ထင္ရေပမယ့္ တကယ္ေတာ့ သူဟာအနံ႔မရွိ၊ အရသာမရွိတဲ့ အဝါေရာင္ ေစးကပ္ကပ္ ပစၥည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။

သူ႔ကို ဘယ္ေနရာကေန ရသလဲဆိုေတာ့ တိရစာၦန္အေရခြံနဲ႔ အ႐ိုးေတြကို အၾကာႀကီး ျပဳတ္ထားၿပီးမွ ေနာက္ဆုံး ထြက္လာတဲ့ ပစၥည္းလို႔ ဆိုပါတယ္။ ဒီတိရစာၦန္ အေရခြံနဲ႔ အ႐ိုးေတြကို စက္႐ုံေတြကေန မလိုအပ္ပဲ စြန႔္ပစ္တဲ့ေနရာမွာ ရလာတယ္လို႔ ယူဆလို႔ရပါတယ္။ တကယ္ေတာ့ Gelatin ဟာ အဆိုးႀကီးလဲ မဟုတ္ပါဘူး။ သူဟာအာဟာရ ျဖစ္ေစၿပီး အမိုင္ႏိုအက္ဆစ္ (၁၈)မ်ိဳးေတာင္ ပါဝင္တယ္လို႔ သိရပါတယ္။ ဒီ Gelatin ကိုအျခားေသာ အခ်ိဳစားစရာေတြနဲ႔ ေဆးဝါးအခ်ိဳ႕မွာလဲ သုံးတယ္လို႔ သိရပါတယ္။ အကယ္၍ သင္ဟာသတ္သတ္လြတ္ သမားတစ္ေယာက္ ျဖစ္မယ္ဆိုရင္ ဒီဝါးလို႔ေကာင္းတဲ့ ဂ်ယ္လီေတြ မစားမိဖို႔လိုၿပီေနာ္။ အဆုံးထိဖတ္ရႈေပးၾကတဲ့အတြက္ ေက်းဇူးအထူးတင္ရွိပါတယ္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *