ဗဟုတုသ

ကိုယ်လုံးတီးနေခြင်းကရလာမယ့် ကျန်းမာရေးအကျိုးရလာဒ်..

ကိုယ်လုံးတီးနေရင် ဘာဖြစ်တတ်သလဲ။ ကိုယ်လုံးတီးနေရင် ဘာဖြစ်တတ်သလဲဆိုတော့ မထင်မှတ်ထားရလောက်တဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိနေတာပေါ့။ ကိုယ်လုံးတီးနေခြင်းရဲ့ အကျိုးကျေးဇူး တွေက သင့်ကျန်းမာရေးအတွက် တချို့သောကောင်းကျိုးတွေ ရရှိစေနိုင်ပါတယ်။ အဝတ်မဲ့နေခြင်းက ကျန်းမာရေးကောင်းကျိုးရှိတယ်ဆိုပေမယ့် အပြင်ထွက်သွားလာတာမျိုးမှာ ဆိုလိုခြင်းမဟုတ်ပါ။ ကိုယ့်ဘာသာ ပေါ့ပေါ့ပါးပါး နေအိမ်မှာ နေထိုင်တာမျိုး၊ တစ်ကိုယ်တည်း နေတဲ့ အခါမျိုးမှာ အဝတ်အစားချွတ်ပြီး နေလေ့ရှိတာမျိုးကို အထူးသဖြင့်ဆိုလိုပါတယ်။ ကဲ ဒီတော့ ကိုယ်လုံးတီးနေရင် ဘယ်လိုကျန်းမာရေးကောင်းကျိုးတွေ ရနိုင်မလဲဆိုတာ လေ့လာကြည့်မယ်နော်..

ကိုယ်လုံးတီးနေခြင်းက နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို ဖြစ်စေပါတယ်။ အိပ်ရေးဝဝအိပ်နိုင်ဖို့အ တွက်ဆို ရင် ညဘက်အိပ်ရာဝင်တဲ့အခါ အဝတ်အစားချွတ်ပြီး အိပ်စက်သင့်ပါတယ်။ အိပ်မပျော်တဲ့ရောဂါ၊ အိပ် ရာဝင်ရခက်ခဲပြီး အိပ်ရေးမဝတဲ့ အချိန်တွေရှိလာပါက အိပ်ရာဝင်ချိန်မှာ အဝတ်အစားတွေ ချွတ်အိပ် ခြင်းက သင့်ကိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။ ကိုယ့်အဖော် နဲ့ပဲဖြစ်စေ အိပ်ယာထက်အတူ အိပ်စက်တဲ့အခါမျိုးမှာဆိုရင်လည်းပဲ ကိုယ်လုံးတီးအတူ အိပ်စက် တဲ့အခါ အရေပြားခြင်းထိတွေ့ခြင်းကနေ အောက်ဆီတိုစင်ထွက်လာစေပြီးတော့ ဟော်မုန်း ဓာတ်က သွေးအတွင်းဖိအားကို လျှော့ချ ပေးခြင်း၊ စိတ်ဖိစီးခြင်းတွေလျော့ ကျပေးနိုင်ပါတယ်။

အဝတ်အစားမဲ့နေထိုင်ခြင်းက စိတ်အာရုံခံစားမှုကို မြှင့်တင်ပြီးပေး နေထိုင်ရကောင်းမွန်စေပါ တယ်။ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ ခံစားမှုတွေကို လျှော့ချပေးနိုင်ကာ စိတ်ခံစားမှုအသစ်တွေ ဖြစ်စေခြင်း၊ လန်းဆန်းတက်ကြွခြင်းတွေ တဖန်ပြန် လည်ခံစားရစေနိုင်ပါတယ်။ ဦးနှောက်လုပ်ဆောင်မှုတွေကို နိုးကြွတက်ကြွစေကာ စိတ်အာရုံလန်း ဆန်းပြီးတော့ ပျော်ရွှင်မှု၊ ပေါ့ပါး သွက်လက်မှုတွေနဲ့ စိတ်လက်ကိုယ်ပါ လန်းဆန်းစေနိုင်ပါတယ်။

အရေပြားကျန်းမာရေးနဲ့ ခန္ဓာကိုယ်တွင်းလုပ်ဆောင်မှုတိုးမြှင့်စေနိုင်ပါတယ်။ ဗိုက်တာမင်ဒီဓာတ် ချို့ တဲ့ခြင်းကြောင့် ကိုယ်တွင်းသွေးတွင်းလှုပ်ရှားမှုကို အားနည်းစေနိုင်ပါတယ်။ နောက်ပြီး အရေပြားကျန်းမာရေးမှာလည်း နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကြောင့် အရေပြားပြဿ နာတွေ ဖြစ်ပေါ်လာစေ နိုင်ပါတယ်။ အရေပြားမှာ ချွေးထွက်လွန်ပြီးတော့ မလိုလားအပ်တဲ့ အရေပြားခြောက်သွေ့အက်ကွဲခြင်း နဲ့ နေရောင်ခြည်ထိတွေ့လို့ နေလောင်တာမျိုးတွေဖြစ်တဲ့ အခါမှာ နေအိမ်အတွင်း အဝတ်မဲ့နေထိုင်ခြင်း ဒီပြဿနာကို လျော့ချပေးနိုင်ပါတယ်။ ပုံမှန်အခန်း တွင်းအပူချိန်နဲ့ အသားအရေကို တိုက်ရိုက်ထိတွေ့ ခွင့်ပေးကာ အရေပြားကျန်းမာရေးကို ထိန်းသိမ်းနိုင်ပါတယ်။

Source: sheknows.com

Leave a Reply

Your email address will not be published. Required fields are marked *