လူကြီးဖတ်စာ

ရင်ဘတ် အတွင်းက ကွက်လပ်လေးတစ်ခု

ရင်ဘတ် အတွင်းက ကွက်လပ်လေးတစ်ခု မဇင်…အတူးလေးအိပ်သွားပြီလား…  အိပ်သွားပြီတေဇ…မင်းရော မအိပ်သေးဘူးလား…  ဧည့်ခန်းထဲရှိထင်းမိုးဖိုလေးရှေ့တွင် မီးဖို ကအလင်းရောင်ရယ် နံရံကပ်မီးအဝါလေးတွေရဲ့ မစို့မပို့ အလင်းရောင်ထဲ မွေးပွကော်ဇော်ပေါ်ထိုင်ကာ ဆိုဖာကိုမီထားသည့် စိုး တေဇ အမေးကိုဖြေလည်းဖြေသလို ဇင်မိုးသူ အနိမ့်သံလေးဖြင့် ပြန်လည် မေးလိုက်လေသည်…   စိုးတေဇလည်း အသားဖြူဖြူ  မှာ နက်ပြာရောင်ဆွယ်တာလေးနဲ့ လိုက်ဖက်လှတဲ့ ဇင်မိုးသူကို မော့ကြည့်နေရင်း… အကြည့်ပြန်လွဲလိုက်ကာ   ကျွန်တော်စဉ်းစား နေတာ…မဇင်တို့သားအမိဘာလို့ ပြင်ဦးလွင်ကိုလိုက်လာတာလည်းလို့  အမကိုတစ်ခွက်လောက်တိုက်ပါလား တေဇ   မှန်စားပွဲပု ပေါ်ရှိ စိုးတေဇသောက်လက်စ ဝိုင်ပုလင်းနှင့် ဖန်ခွက်ကိုကြည့်ပြီးမေးလိုက်ကာ စိုးတေဇမီထားသည့် ဆိုဖာပေါ်တွင် ညှင်သာစွာ ထိုင်ချလိုက်သည်…ပိန် ပါးသွယ်လျတဲ့ မဇင်ခန္ဓာကိုယ်လေဟာ ဆိုဖာပေါ်ကြွကြွလေးဖြင့် အရုပ်လေးတင်ထားသလို လှပ နေသည်… စိုးတေဇလည်း ဇင်မိုးသူကို ခေါင်းငြိမ့်ပြကာ ခါးဆန့်ရင်း ထမင်းစားခန်းက ဝိုင်ဖန်ခွက် […]