လူကြီးဖတ်စာ

ပိုင်ရှင်ဆီသို့

ပိုင်ရှင်ဆီသို့ “မောင် ..ယမင်းလေမောင့်မွေးနေ့မှာ ဘုရားမှာပန်းလှူပြီးကုသိုလ်ဒါနပြု   ပါတယ်မောင်၊မောင်စိမ်းကားပစ်ခွာ   သွားပေမယ့်ယမင်း လေမောင့်ကို  ချစ်နေဆဲပါမောင်၊မောင်တစ်ယောက်အသက်ရှည်လို့ဘုန်းကြီးပါစေ၊  သွားလေရာခုလုတ်မထိစူးမငြိပါစေ   နဲ့မောင် ရယ်”  ဘုရားမှာမောင့်အတွက်ရည်စူးပြီး  စပါယ်ပန်းတွေကပ်လှူးရင်းဆု   တောင်းကာဦးချကန်တော့ပြီးဘုရား   ရင်ပြင်ပေါ်ကနေ  ယမင်းတစ်  ယောက်ဆင်းလာခဲ့တော့တယ်။   ဘုရားပေါ်တက်လာတဲ့ဦးအောင်  မောင်းတစ်ယောက်ယမင်းကို   မြင်ပြီးပြုံးပြီး ကြည့်နေလိုက်ကာ သားအတွက်ဘုရားပန်းနှင့်ဆွမ်းကပ်   လှူလိုက်တယ်  “မိုက်လိုက်တဲ့သား၊မင်းအတွက်   ကလေးမလေးက ဘုရားမှာလာဆု  တောင်းနေတယ်သား”  မိန်းကလေးအတွက်စိတ်မကောင်း   ဖြစ်ကာသားကိုစိတ်ထဲကဒေါသ   ထွက်မိတယ်။ဦး အောင်မောင်းဟာ  ဒီရွာသား၊ဒီရွာရဲ့သူကြီး ၊အားလုံး  ကလေးစားရတဲ့လူ၊အခုတော့သား   လုပ်ရပ်ကြောင့်ဦးအောင်မောင်း   ယမင်း နှင့်သူမမိခင်ကိုမျက်နှာ  ပူနေမိတယ်။ ဦးအောင်မောင်းဟာ  ညီဖြစ်သူအစာဆိပ်ဖြစ်ပြီးမျက်စိ   ရှေ့မှာသေဆုံးခဲ့တာကိုမြင်ခဲ့ရတဲ့အ   တွက် သားဖြစ်သူကိုဆရာဝန်ဖြစ်ရ  မယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့မလှိုင်  မှာသားကိုကျောင်းအိပ်ကျောင်းစား   ထားကာပညာသင် စေခဲ့လူ၊မိမိရွာကို  တိုက်နယ်အဆင့်အထိဖြစ်အောင်  ကြိုးစားပြီးဆေးရုံတစ်ရုံရဖို့ကြိုး   စားနေတဲ့လူ၊ရွာသားတိုင်းကဦး  အောင် မောင်းရဲ့စေတနာကိုနား   လည်တော့လေးစားကြရတယ်။မိမိ  ငွေကိုအကုန်ခံပြီးအစိုးရဆီမှာဆေး   ရုံရဖို့ကြိုးစားခဲ့တော့အစိုးရရဲ့ […]