လူကြီးဖတ်စာ

တိုက်ပွဲဝင် အချစ်ဇာတ်လမ်း

တိုက်ပွဲဝင် အချစ်ဇာတ်လမ်း ” အကို….နာသေးလား ဟင်….” အေးသီက သူ့အကို မျိုးစစ်ကို ဒဏ်ရာများအား ဆေးထည့်ပေးရင်း လှမ်းမေး၏။ မျိုးစစ် အံကို  တင်းတင်းကြိတ်သည်။  ” သက်သာနေပါပြီ….ညီမလေးရယ်….တောက်….ဒီကောင်ငဘ တမင်ယုတ်မာတာ….ဒီကောင် ငါ့ကို  ရန်ငြိုးထားပြီး တမင်ချောက်ချတယ်…ဆိုတာ…ငါသိတယ်….အေးသီ….”  ” အကိုရယ်….ဒေါသမထွက်ပါနဲ့….သူ့အကုသိုလ်နဲ့သူ သွားမှာပါ….”  အေးသီက ဂွမ်းကို အရက်ပျံညှစ်ချပေးရင်း ပတ်တီးစည်းပေးရင်း သူ့အကိုအား နှစ်သိမ့်သည်။ မျိုးစစ်မှာ တောက်တ  ခေါက်ခေါက်နှင့် ငဘနှင့် ဂျပန်တွေကို စက်ဆုပ်ရွံရှာ မုန်းတီးသွားသည်။  ” နေနှင့်ဦးပေါ့ ငဘရာ….ကံကြမ္မာဟာ ဘယ်တော့မှ  မျက်နှာမလိုက်ပါဘူး….”  အေးသီ မျိုးစစ်ကိုကြည့်ရင်း ပင့်သက်ကို ရှူသွင်းလိုက်သည်။ နာကျင်သော သက်ပြင်းမောကို အရှည် ကြီးချသည်။ လပြည့်ညဖြစ်သည်။ အေးသီ အိပ်မပျော်နိုင်သေး သူ့ချစ်သူ ကိုထွန်းကျော် ဤနေ့ည […]