လူကြီးဖတ်စာ

ခုနစ်ရက်ခုနစ်လီ

ခုနစ်ရက်ခုနစ်လီ မြန်မာနိုင်ငံ၏ အကြီးဆုံး ဇိမ်ခံသင်္ဘောကြီး ခိုင်ရွှေဝါ။ နိုင်ငံတကာ အဆင့်မီ နည်းပညာများဖြင့် မြန်မာ နိုင်ငံ သီလဝါ သင်္ဘောကျင်းတွင် ဆောက်လုပ်သော သင်္ဘောကြီးဖြစ်သည်။ အင်ဂျင်စွမ်းအား မြင့်မားသဖြင့် မြန် နှုန်းမြင့်မားသည်သာမက သင်္ဘောတွင် ပါဝင်သော ဝန်ဆောင်မှုများကလည်း အလွန်ကောင်းမွန်လှသဖြင့် မြန်မာနိုင်ငံသားများသာမက နိုင်ငံခြားသားခရီးသည်များပါ လက်မှတ်အလုအယက်ဝယ်ယူ စီးနင်းကြသည့် သင်္ဘောကြီးတစ်စင်းလည်းဖြစ်သည်။ အချို့နိုင်ငံခြားသားများက ကမ္ဘာကျော် တိုင်တန်းနစ် သင်္ဘောကြီး လောက် မကြီးမားစေကာမူ လက်ရှိခေတ်နှင့်လျော်ညီသည့် ခေတ်မီဝန်ဆောင်မှုများကြောင့် တိုင်တန်းနစ်ကိုစီးရ သည်ထက် ပိုကောင်းနိုင်ကြောင်း အမွှမ်းတင်ကြလေသည်။ သူတို့ မွှမ်းမယ်ဆိုလည်း မွှမ်းထိုက်ပေသည်။ သင်္ဘောကြီး၏ တည်ဆောက်ပုံက လှပသေသပ်လှသလို သင်္ဘောကြီး၏ တည်ငြိမ်မှုထိန်းစနစ်ကလည်း ခေတ်မီနည်းပညာကို သုံးထားသဖြင့် ကြမ်းပြင်ကို နားကပ် ထောင်ကြည့်လျှင်ပင် အင်ဂျင်စက်သံ တုန်ခါမှုက ကြားရသည်ဆိုရုံမျှသာ […]