Month: March 2018

သတင်း

၂၀၁၇၏ ကမ္ဘာ့လုံခြုံမှုမရှိဆုံးမြို့များစာရင်းတွင် ရန်ကုန်ဒုတိယချိတ်

၂၀၁၇၏ ကမ္ဘာ့လုံခြုံမှုမရှိဆုံးမြို့များစာရင်းတွင် ရန်ကုန်ဒုတိယချိတ် ================== ================== The Economist Intelligence Unit အဖွဲ့က ထုတ် ပြန်သော ၂၀၁၇ ဘေးအန္တရာယ် ကင်းသောမြို့များညွှန်းကိန်းစာ ရင်းတွင် ရန်ကုန်မြို့သည်အောက် ဆုံးဒုတိယနေရာ၌ ရပ်တည်နေ သည်။ မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့သည် ကျန်းမာရေးနှင့် အခြေခံ အဆောက်အအုံတို့တွင် ရင်းနှီး မြှုပ်နှံမှုနည်းခြင်း၊ စီမံခန့်ခွဲမှုညံ့ ဖျင်းခြင်းနှင့် ယာဉ်အသွားအလာ၊ အကြမ်းဖက်မှုနှင့် ရာသီဥတု ပြောင်းလဲမှုအန္တရာယ်များ၏ဒဏ် ကို ခံစားနေရသည်ဟု ဗြိတိန်အ ခြေစိုက်စီးပွားရေးခန့်မှန်းမှုနှင့် အ ကြံပေးရေးအဖွဲ့ The Economist Intelligence Unit ၏ ၂၀၁၇နှစ် ကုန်ပိုင်းတွင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းစာရင်းအရ ပါကစ္စ တန်နိုင်ငံ ကရာချိမြို့သည်နေထိုင် ရန် အန္တရာယ်အရှိဆုံးမြို့ဖြစ်ပြီး၊ လုံခြုံမှုအနည်းဆုံးမြို့များမှာ […]

သတင်း

တောင်ကြီးမြို့တွင် (၆၉)နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားကျင်းပ

တောင်ကြီးမြို့တွင် (၆၉)နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားကျင်းပ ================== ================== မြန်မာသက္ကရာဇ် ၁၃၇၉ တပေါင်းလပြည့်တွင် ကျရောက်သည့် (၆၉)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို မတ်လ ၁ ရက်နံနက်က တောင်ကြီးမြို့တွင် ကျင်းပရာ ပအိုဝ်းတိုင်းရင်းသူ၊ တိုင်းရင်း သား တစ်သောင်းကျော် ပါဝင် ဆင်နွှဲခဲ့သည်။ တောင်ကြီးမြို့ ဗိုလ်ချုပ် လမ်းတစ်လျှောက် ပအိုဝ်းတိုင်း ရင်းသူ၊ တိုင်းရင်းသား လူအင် အားတစ်သောင်းကျော်က လှူ ဖွယ်ပစ္စည်း၊ ကထိန်ပဒေသာပင် ၃,၅၀၀ ကျော်နှင့်အတူ စီတန်း လှည့်လည်ခဲ့ပြီး တောင်ကျောင်း ကြီး ပရိယတ္တိစာသင်တိုက်သို့ လှူ ဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ‘‘ရိုးရာယဉ်ကျေးမှု မပပျောက်စေဖို့ အလှူအတန်း ရက်ရောမှုနဲ့အတူ ကိုယ့်အမျိုး သားနေ့ကို မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းဖို့ လုပ်ဆောင် […]

သတင်း

လူငယ်နှင့် ၀ိပဿနာ

လူငယ်နှင့် ၀ိပဿနာ ?????? ဘယ်အရွယ်မှာ တရားအားထုတ်ရမလဲ ? ဒီမေးခွန်းရဲ့အဖြေကို မဖြေခင် အာရုံနှိုးတဲ့အနေနဲ့ အားလုံးကြားဖူးပြီးဖြစ်တဲ့ ၀တ္ထုလေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။ မဟာဓနသူဌေးသားရဲ့ ၀တ္ထုလေးပါ။ မြတ်စွာဘုရားလက်ထက်တော်က ကုဋေရှစ်ဆယ်ချမ်းသာတဲ့ သူဌေးသားတစ်ယောက်ရှိပါတယ်။ သူဌေးသားရဲ့ မိဘတွေက သားဖြစ်သူကို ချစ်လွန်းလို့ ဒီတစ်သက် စားမကုန်ဘူးဆိုပြီး ပညာမသင်စေဘဲထားကာ၊ သီချင်းဆိုတာ၊ တီးမှုတ်တာလောက်ပဲ သင်စေပါတယ်။ အရွယ်ရောက်လာတော့ သူ့လိုပဲ ကုဋေရှစ်ဆယ်ချမ်းသာတဲ့ ပညာမတတ်တဲ့ သူဌေးသမီးတစ်ယောက်နဲ့ အိမ်ထောင်ချပေးပါတယ်။ နှစ်ယောက်ပေါင်းလိုက်တော့ ကုဋေတစ်ရာ့ခြောက်ဆယ်ချမ်းသာတဲ့ သူဌေးလင်မယားပေါ့။ ဒီလိုနဲ့ နှစ်ဖက်မိဘတွေ ကွယ်လွန်သွားကြ ရောပဲဆိုပါတော့။ သူဌေးဆိုတော့ ဘုရင့်ဆီကို နေ့စဉ် အခစားဝင်ရပါတယ်။ ဒါကို နေ့စဉ်တွေ့နေရတဲ့ အရက်သမားတွေက စည်းရုံးဖို့ပြင်ဆင်ကြပါတယ်။ တစ်နေ့ သူဌေးသား ဘုရင့်ဆီက ပြန်အလာ လမ်းမှာ အရက်သမားတွေက အရက်ကို […]

သတင်း

သမိုင်းဝင် သျှမ်းပြည်အမျိုးသားတေးသီချင်းရေးစပ်သီကုံးခဲ့သူ ဒေါက်တာ ဘဉာဏ်၏ အုဋ်ဂူတွင် Tai Youth Day ၌လူငယ်များ တွေ့ဆုံကြမည်

သမိုင်းဝင် သျှမ်းပြည်အမျိုးသားတေးသီချင်းရေးစပ်သီကုံးခဲ့သူ ဒေါက်တာ ဘဉာဏ်၏ အုဋ်ဂူတွင် Tai Youth Day ၌လူငယ်များ တွေ့ဆုံကြမည် ============================== 28-2-2018 သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့ရှိ သျှမ်းပြည်အမျိုးသားအလံတင်တေးသီချင်း ရေးစပ်သီကုံးခဲ့သူ ဒေါက်တာ ဘဉာဏ်၏ အုဋ်ဂူအား သီပေါကျားခေါင်းပါတီနှင့် စာပေယဉ်ကျေးမှုအဖွဲ့က မွမ်းမံပြီး မတ်လ ၁ ရက်နေ့ Tai Youth Day တွင် လူငယ်များနှင့်တွေ့ဆုံမှုတရပ်ပြုလုပ်သွားမည်ဟုသိရသည်။ “မတ်လ ၁ ရက်နေ့ ဒေါက်တာဘဉာဏ်မွေးနေ့ကျရင် လူငယ်တွေနဲ့အဲဒီမှာသွားပြီး တွေ့ဆုံကြမယ်။ ဒေါက်တာ ဘဉာဏ်ရဲ့အတ္ထုပ္ပတ္တိ ကိုပြောကြမယ်။ ပထမဆုံးအကြိမ်အုဋ်ဂူများမွမ်းမံခြင်းနဲ့ လူငယ်တွေနဲ့ တွေ့ဆုံခြင်းဖြစ် တယ်။ ဒေါက်တာဘဉာဏ်ဟာ ကျနော်တို့သျှမ်းတွေထဲမှာ ပညာတတ်တယောက်ဖြစ်သလို သျှမ်းစာပေ မြတ်နိုး တဲ့သူတယောက်ဖြစ်တယ်။ ဒါကြောင့်သူ့ကိုမမေ့သင့်ဘူး။ သူ့ရဲ့ ဂုဏ်ကျေးဇူးကိုအောင့်မေ့သတိယအောင် ရည် ရွယ်ပြီးကျနော်တို့ဒီလိုစီစဉ်ရတာဖြစ်ပါတယ် ”- ဟု […]

Back To Top