သတင္း

၀မ္းေလ်ာသူမ်ားအတြက္ တိမ္ျမႇဳပ္ေနေသာ အစြမ္းထက္ တိုင္းရင္းေဆး

(Zawgyi)
တိမ္ျမႇဳပ္ေနေသာ အစြမ္းထက္ေဆး

” ဗ်ိဳ႕ ဆရာ … ဗ်ိဳ႕ ဆရာ….” ညႀကီးမင္းႀကီး ဘယ္လူနာပါလိမ့္။ ” ဗ်ာ….ဘယ္သူလဲဗ်….” “ကြၽန္ေတာ္ပါ …ေန႔လယ္က ေဆးခန္းလာျပတဲ့လူနာပါ ဆရာ… ထြက္လာပါဦးဆရာရဲ႕… ဝမ္းေလွ်ာတာ မသက္သာလို႔ ဆရာ့ကိုျပန္လာျပတာ…” ” ေအာ္…ေအး ေအး လာၿပီ…” ေဆးခန္းတံခါးကိုဖြင့္၊ မီးကိုဖြင့္ၿပီး လူနာ့မ်က္ႏွာကို ေသေသခ်ာခ်ာ ၾကည့္လိုက္သည္။

အားကုန္ခန္းေနတဲ့ အမူအရာကို သူ႔မ်က္ႏွာေပၚမွာ ျမင္ရတယ္။ ” ဘယ္လိုလဲ မသက္သာဘူးလား…” ” ဟုတ္တယ္ဆရာ… မသက္သာဘူး… အခုညတြင္ပဲ ေလးငါးခါထပ္သြားေသးတယ္… လူလည္းတစ္ကိုယ္လုံး ႏုံးခ်ိေနၿပီ…” ဘာမွျပန္ေျပာမေနပဲ လူနာကို ေသြးေပါင္ခ်ိန္ လိုက္သည္။ ေပးထားေသာဓာတ္ဆားေၾကာင့္ ေသြးေပါင္က ပုံမွန္အေနအထားမွာ ရွိေနသည္။ ဒီအတိုင္းသာ ဝမ္းဆက္သြားေနရင္ လူနာအတြက္ စိုးရိမ္ရတယ္။

ဝမ္းေရာဂါ ႀကီးႀကီးမားမားေတြမွာ ကြၽန္ေတာ့္ရဲ႕ လွ်ိဳ႕ဝွက္ အစြမ္းထက္လက္နက္ကို ကြၽန္ေတာ္ ထုတ္သုံးေလ့ရွိသည္။ ” ေသြးေပါင္က ေကာင္းတယ္… ဓာတ္ဆားဆက္ေသာက္… အိမ္မွာ မီးဖိုရွိလား….” ” ဟုတ္ကဲ့…ရွိတယ္ဆရာ…”” ရွိရင္ မီးဖိုထဲကို မီးေသြးထည့္ၿပီး မီးေမႊး… ၿပီးရင္ ထမင္းကို လက္တစ္ဖက္နဲ႔ က်စ္ေနေအာင္ဆုပ္….ရလာတဲ့ ထမင္းဆုပ္ကို မီးေသြးမီးဖိုထဲ ထည့္ဖုတ္….ထမင္းစုပ္ နီရဲလာရင္ ဆယ္ယူၿပီး လက္ဖက္ေျခာက္ခပ္ထားတဲ့ လက္ဖက္ရည္ၾကမ္း (ငါးၾကင္းဖန္ခြက္) ထဲထည့္လိုက္…ေရနဲ႔မီးထိေတြ႕သံ ‘ရွဲ ‘ဆိုတဲ့အသံ ျမည္လိမ့္မယ္….အဲဒီ ထမင္းဆုပ္ထည့္ထားတဲ့ လက္ဖက္ရည္ကို ခဏခဏေသာက္ေပး….မွတ္မိတယ္ေနာ္…..” ” ဟုတ္ကဲ့….မွတ္မိပါတယ္ဆရာ….”

ေနာက္တစ္ေန႔ ၾကက္ဥဝယ္ေတာ့ ၾကက္ဥဆိုင္နားက ဝက္သားတုတ္ထိုးဆိုင္မွာ ေတြ႕တယ္။ ကြၽန္ေတာ္က ထိုလူနာကို ” ေကာင္းသြားၿပီလား … “လို႔ေမးေတာ့ သူက ” ေကာင္းသြားၿပီဆရာ… ဖန္ခြက္တစ္ခြက္ ကုန္တာနဲ႔ ဝမ္းထပ္မသြားေတာ့ဘူး …… ဆရာကလည္း အေစာကတည္းက အဲဒီေဆးနည္း ေပးလိုက္တာမဟုတ္ဘူး…. ကြၽန္ေတာ့္မွာ ေတာ္ေတာ္ခံလိုက္ရတယ္…”

လူနာက အျပစ္တင္တဲ့ေလသံ အနည္းငယ္ေရာယွက္ၿပီး ကြၽန္ေတာ့္ကို ေျပာလာတယ္။ ” ကြၽန္ေတာ္က အေနာက္တိုင္း ေဆးပညာနဲ႔ ဘြဲ႕ရထားတာေလ…. တိုင္းရင္းေဆးပညာနဲ႔ ဘြဲ႕ရထားတာမွ မဟုတ္တာ.. ဒါေၾကာင့္ ကြၽန္ေတာ့္ရဲ႕အဓိက အေနာက္တိုင္းေဆးပညာနဲ႔ အရင္ဦးစားေပးကုရမွာေပါ့…. ကြၽန္ေတာ့္ေဆးခန္းနာမည္က’………….’ ေဆးခန္းလို႔ တပ္ထားတာေလ….” တိုင္းရင္းေဆးကုခန္းလို႔ တပ္ထားတာမွ မဟုတ္တာ.. .ေပးထားတဲ့ေဆးေတြ ေဆးပတ္လည္ေအာင္ ကုန္ေအာင္ေသာက္ဦးေနာ္..” လို႔ လူနာ နားလည္ေအာင္ ရွင္းျပလိုက္ပါသည္။

ဤနည္းသည္ ဝမ္းေလွ်ာလူနာမ်ားအတြက္ အေနာက္တိုင္းေဆးႏွင့္ တြဲဖက္ကုသလွ်င္ မ်ားစြာအက်ိဳးရွိမည္ဟု ယုံၾကည္မိပါသည္။ ဤနည္းသည္ ဝမ္းေလွ်ာျခင္းေၾကာင့္ ေသဆုံးမႈႏႈန္းကို ေလ်ာ့ခ်ေပးႏိုင္မည္ဟု ယုံၾကည္မိပါသည္။ ဤစာကိုေရးသားရျခင္းအေၾကာင္းေၾကာင့္ ႏွစ္စဥ္ ဝမ္းေလွ်ာျခင္းေၾကာင့္ လူေသဆုံးမႈႏႈန္း က်ဆင္းေသာ အက်ိဳးကိုရပါေစသား အရွင္ဘုရား။

Credit to ဦးတိုးေအာင္

Via -Sai Min Thant

(Medical Cover Nursing)

(Unicode)
တိမ်မြှုပ်နေသော အစွမ်းထက်ဆေး

” ဗျို့ ဆရာ … ဗျို့ ဆရာ….” ညကြီးမင်းကြီး ဘယ်လူနာပါလိမ့်။ ” ဗျာ….ဘယ်သူလဲဗျ….” “ကျွန်တော်ပါ …နေ့လယ်က ဆေးခန်းလာပြတဲ့လူနာပါ ဆရာ… ထွက်လာပါဦးဆရာရဲ့… ဝမ်းလျှောတာ မသက်သာလို့ ဆရာ့ကိုပြန်လာပြတာ…” ” အော်…အေး အေး လာပြီ…” ဆေးခန်းတံခါးကိုဖွင့်၊ မီးကိုဖွင့်ပြီး လူနာ့မျက်နှာကို သေသေချာချာ ကြည့်လိုက်သည်။

အားကုန်ခန်းနေတဲ့ အမူအရာကို သူ့မျက်နှာပေါ်မှာ မြင်ရတယ်။ ” ဘယ်လိုလဲ မသက်သာဘူးလား…” ” ဟုတ်တယ်ဆရာ… မသက်သာဘူး… အခုညတွင်ပဲ လေးငါးခါထပ်သွားသေးတယ်… လူလည်းတစ်ကိုယ်လုံး နုံးချိနေပြီ…” ဘာမှပြန်ပြောမနေပဲ လူနာကို သွေးပေါင်ချိန် လိုက်သည်။ ပေးထားသောဓာတ်ဆားကြောင့် သွေးပေါင်က ပုံမှန်အနေအထားမှာ ရှိနေသည်။ ဒီအတိုင်းသာ ဝမ်းဆက်သွားနေရင် လူနာအတွက် စိုးရိမ်ရတယ်။

ဝမ်းရောဂါ ကြီးကြီးမားမားတွေမှာ ကျွန်တော့်ရဲ့ လျှို့ဝှက် အစွမ်းထက်လက်နက်ကို ကျွန်တော် ထုတ်သုံးလေ့ရှိသည်။ ” သွေးပေါင်က ကောင်းတယ်… ဓာတ်ဆားဆက်သောက်… အိမ်မှာ မီးဖိုရှိလား….” ” ဟုတ်ကဲ့…ရှိတယ်ဆရာ…”” ရှိရင် မီးဖိုထဲကို မီးသွေးထည့်ပြီး မီးမွှေး… ပြီးရင် ထမင်းကို လက်တစ်ဖက်နဲ့ ကျစ်နေအောင်ဆုပ်….ရလာတဲ့ ထမင်းဆုပ်ကို မီးသွေးမီးဖိုထဲ ထည့်ဖုတ်….ထမင်းစုပ် နီရဲလာရင် ဆယ်ယူပြီး လက်ဖက်ခြောက်ခပ်ထားတဲ့ လက်ဖက်ရည်ကြမ်း (ငါးကြင်းဖန်ခွက်) ထဲထည့်လိုက်…ရေနဲ့မီးထိတွေ့သံ ‘ရှဲ ‘ဆိုတဲ့အသံ မြည်လိမ့်မယ်….အဲဒီ ထမင်းဆုပ်ထည့်ထားတဲ့ လက်ဖက်ရည်ကို ခဏခဏသောက်ပေး….မှတ်မိတယ်နော်…..” ” ဟုတ်ကဲ့….မှတ်မိပါတယ်ဆရာ….”

နောက်တစ်နေ့ ကြက်ဥဝယ်တော့ ကြက်ဥဆိုင်နားက ဝက်သားတုတ်ထိုးဆိုင်မှာ တွေ့တယ်။ ကျွန်တော်က ထိုလူနာကို ” ကောင်းသွားပြီလား … “လို့မေးတော့ သူက ” ကောင်းသွားပြီဆရာ… ဖန်ခွက်တစ်ခွက် ကုန်တာနဲ့ ဝမ်းထပ်မသွားတော့ဘူး …… ဆရာကလည်း အစောကတည်းက အဲဒီဆေးနည်း ပေးလိုက်တာမဟုတ်ဘူး…. ကျွန်တော့်မှာ တော်တော်ခံလိုက်ရတယ်…”

လူနာက အပြစ်တင်တဲ့လေသံ အနည်းငယ်ရောယှက်ပြီး ကျွန်တော့်ကို ပြောလာတယ်။ ” ကျွန်တော်က အနောက်တိုင်း ဆေးပညာနဲ့ ဘွဲ့ရထားတာလေ…. တိုင်းရင်းဆေးပညာနဲ့ ဘွဲ့ရထားတာမှ မဟုတ်တာ.. ဒါကြောင့် ကျွန်တော့်ရဲ့အဓိက အနောက်တိုင်းဆေးပညာနဲ့ အရင်ဦးစားပေးကုရမှာပေါ့…. ကျွန်တော့်ဆေးခန်းနာမည်က’………….’ ဆေးခန်းလို့ တပ်ထားတာလေ….” တိုင်းရင်းဆေးကုခန်းလို့ တပ်ထားတာမှ မဟုတ်တာ.. .ပေးထားတဲ့ဆေးတွေ ဆေးပတ်လည်အောင် ကုန်အောင်သောက်ဦးနော်..” လို့ လူနာ နားလည်အောင် ရှင်းပြလိုက်ပါသည်။

ဤနည်းသည် ဝမ်းလျှောလူနာများအတွက် အနောက်တိုင်းဆေးနှင့် တွဲဖက်ကုသလျှင် များစွာအကျိုးရှိမည်ဟု ယုံကြည်မိပါသည်။ ဤနည်းသည် ဝမ်းလျှောခြင်းကြောင့် သေဆုံးမှုနှုန်းကို လျော့ချပေးနိုင်မည်ဟု ယုံကြည်မိပါသည်။ ဤစာကိုရေးသားရခြင်းအကြောင်းကြောင့် နှစ်စဉ် ဝမ်းလျှောခြင်းကြောင့် လူသေဆုံးမှုနှုန်း ကျဆင်းသော အကျိုးကိုရပါစေသား အရှင်ဘုရား။

Credit to ဦးတိုးအောင်

Via -Sai Min Thant

( Medical Cover Nursing )

Leave a Reply

Your email address will not be published. Required fields are marked *