မြန့်မာရိုးရာ မုန့်အများဆုံး ရနိုင်တဲ့မြို့

မြန့်မာရိုးရာ မုန့်အများဆုံး ရနိုင်တဲ့မြို့


ဝက်သားဒုတ်ထိုးကို ထမင်းလွတ်စားသောမြို့

ကားဝယ်ပီးရင် ဘုရားကြီးနဲ့ဘိုးဘိုးကြီးကို ဦးတိုက်သောမြို့

ဘုရားပွဲဆိုဇာတ်စင်ကို လမ်းပိတ်ဆောက်တတ်သောမြို့

ကိုလေးဖြူ ရိုးပွဲ ဆိုရင် အချုပ်ကားပါ အဆင်သင့် ကားထိုးထားရသောမြို့

မိုးရွာရင် အလုပ်မလုပ်သောမြို့

သံဃာထု့အင်အား ကြီးမားသောမြို့

ရပ်ကွက်တိုင်းလိုလိုမှာ ဓမ္မာရုံ ဘုံဆွမ်းလောင်းအသင်း တွေရှိ့သောမြို့

ဝါတွင်းရပ်​ကွက်​တိုင်းဘုံဆွမ်း​လောင်း အသင်း​နဲ့ရပ်​ကွက်​ဓမ္မာရုံများမှာ သီလ​ပေးတရား​နာကာ
ဥပုသ်​​စောင့်​ကြတဲ့မြို့

သင်္ကြန်ချိန်ဆို စတုဒီသာတွေအပေါဆုံးမြို့

မီးနီမိရင်ကိုယ့်ပွိုင့် ကိုယ်မကြည့်ပဲအခြားပွိုင့်မီးဝါနေပီ ဆိုဖြတ်ကူးတတ်သောမြို့

ယာဉ်စည်းကမ်းကို နားလည်မှုနဲ့မောင်းနေသောမြို့

လမ်းမသိလို့ မေးရင် အရှေ့ အနောက် တောင်မြောက် ညွှန်းသုံးတတ်တဲ့မြို့

Rock Showပွဲတွေတိုင်းမှာ Brandများ အပြိုင်ကျဲပီး ဝတ်သောမြို့
(Mdy rockကြီးများ)

ခြင်အပေါဆုံးမြို့

မင်္ဂလာဆောင် ရှေ့ပြေးဆိုင်ကယ်များ ရှေ့ဘီးထောင် စတန့်ပြတဲ့မြို့

ကွမ်းယာဆိုင်အပေါဆုံး ကွမ်းစားသူအများဆုံးမြို့

ပဲပင်ပေါက်ကို တိုရလို့ခေါ်တဲ့မြို့

ရပ်ကွက်ဘုရားပွဲတိုင်း အိမ်တိုင်းစေ့ အပြိုင်အဆိုင်ဧည့်ခံကျွေးမွေးတတ်တဲ့မြို့

တစ်လမ်းမောင်းများမှာ one way ဆိုင်းဘုတ်ဖြုတ်ပီး မမြင်ကွယ်ရာက မော်တော်ပီကယ် စောင့်ဖမ်းတဲ့မြို့

မော်တော်ပီကယ် check pointရှိတဲ့အခါ check မတိုင်ခင်တစ်ပြအလိုက အဖမ်းမခံရအောင်
သေချာထိုင်စောင့်ပြီး ကိုယ့်အချင်းချင်း သိသိ မသိသိ သတိပေးတတ်တဲ့မြို့

ဧရာဝတီမြစ်အရှေ့ဖက် ကမ်းပေါ်မြို့တည်ထားပီး ရေကြောက်တတ်သော မြို့သူမြို့သားတွေနေတဲ့မြို့

ဖလက်ဖောင်းစင်္ကြံများမှာ လမ်းလျှောက်သူနည်းသောမြို့

မြေမနင်းသားများရှိ့တဲ့မြို့

သားစဉ်မြေးဆက် မိရိုးဖလာလုပ်ငန်းကိုသာ
လုပ်ကိုင်ရန်ဆန္ဒရှိသောမြို့(ဝန်ထမ်းလုပ်ရန်ဝါသနာမပါကြ)

Ouality ပစ္စည်းရောင်းသော Store ဆိုင်အများဆုံး ရှိသောမြို့

စက်ဘီးကိုဈေးကြီးဝယ်ပီး အချိန်ပေးစီးတတ်သောမြို့သား
တွေရှိ့တဲ့မြို့

အနုပညာသည်တွေကို အသက်ကြီးပြီးကွယ်လွန်သည်အထိ သည်းသည်းလှုပ် အချစ်မြဲတဲ့သူတွေနေတဲ့မြို့

မိုးအေးပီဆို အနွေးထည်ဝတ် ရှိုးထုတ်သောမြို့

မြန်မာနိုင်ငံရဲ့Rock King ကိုညီထွဋ်ချစ်သောမြို့

ကမ္ဘာကျော် Harley Davidsonဆိုင်ကယ်တွေရှိ့သောမြို့

Bikersတွေဆိုင်ကယ် Groupတွေအပေါဆုံးမြို့

အခါကြီးရက်ကြီးတိုင်း တစ်မြို့လုံးနီးပါး ပြင်ဦးလွင်တက်အပန်းဖြေကြလို့ အဲ့ရက်တွေမှာ တိတ်ဆိတ်နေတတ်တဲ့မြို့

ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့ဆိုလမ်းမများပေါ် စက္ကူများကျဲတဲ့မြို့

မြန်မာနိုင်ငံကမြို့တွေထဲမှာ ကိုယ်ပိုင်နာမည်နဲ့ ဘီယာထုတ်သောမြို့(Mandalay Beer)
မှတ်ချက်-မန်းလေးသားများ မန်းလေးဘီယာမသောက်ကြပါ

သင်္ကြန်မကျခင် ကျုံးဘေးမှာတစ်ပတ် လောက်ကြိုပီးရေပက်သောမြို့

တန်ဆောင်မုန်းလဆို ကလေးလူကြီးမကျန် ဖဲရိုက်တတ်သောမြို့

ဘယ်လောက်နေပူပူ ဆိုင်ကယ်နဲ့ဆို မညည်းညူတတ်သည်အထိ ဆိုင်ကယ်ကြိုက်တဲ့မြို့

ညနေဆို ဆိုင်ကယ် Showroomအလား အောက်မေ့ရတဲ့ ဘီယာဆိုင်တွေရှိ့တဲ့မြို့

သင်္ကြန်​ဆိုရင်​ ​တွေ့တဲ့လူ ယွခမ လို့လိုက်​​ခေါ်တဲ့မြို့

မီး​လောင်​ရင်​မီးသတ်​ကားနဲ့အပြိုင်​ ဆိုင်​ကယ်​ယှဉ်​​မောင်းတဲ့မြို့

မြို့ခံ​တွေက မြို့ပြင်​ကိုထွက်​​နေ​ပေးတဲ့မြို့

အဖြူ.အမဲ​တွေက မြို့လယ်​မှာ​နေတဲ့မြို့

တောင်​ပြုန်းပွဲဆို တစ်​နိင်​ငံလုံးအ​ခြောက်​​တွေလာစုတဲ့မြို့

မြန်​မာ​နောက်​ဆုံးမင်း နန်းဆိုက်​ခဲ့တဲ့မြို့

ကမ္ဘာ့အကြီးဆုံး စာအုပ်​ကြီးရှိတဲ့မြို့

တောင်​​တွေဝန်း၇ံထားတဲ့မြို့

ဆိုင်​ကယ်​စီးခွင့်​မ၇တဲ့မြို့ကလူ​တွေ မနာလိုဖြစ်​ရတဲ့မြို့ ?

၁၂လရာသီ ​ပျော်​ပွဲ၇ွှင်​ပွဲ​တွေနဲ့ဆက်​​နေတဲ့မြို့

မန်း​လေးမြို့ကိုတစ်​ခြားမြို့ကလူ​တွေလာ​စော်​ကားတာနဲ့ မန်း​လေးသား/သူ​တွေက အပြင်​မှာဆို
ဝိုင်းဆွမ်းကြီး​လောင်းပြီး FBမှာဆိုဝိုင်းဆဲကြတဲ့ မြန်​မာနိင်​ငံ၇ဲ့ … ကိုယ့်​မြို့အ​ပေါ်အချစ်​တတ်​ဆုံးလူ​တွေ​နေတဲ့မြို့ ?

ဘဲတွေ တော်ကီအကောင်းဆုံးမြို့..

အငှားကြွားမလုပ်တဲ့မြို့..

သူများစားတာကိုလည်း ရှင်းပေးတဲ့မြို့…

စားပါဦးလို့မပြောဘဲ သုံးဆောင်ပါဦးလို့နန်းဆန်ဆန် ခုထိပြောတဲ့မြို့

စားသောက်ပြီး ပိုက်ဆံရှင်းရင် ဘယ်လောက်ကျလဲ လို့မေး တတ်ပြီး စားပွဲထိုးက ၁၅၀၀ကို တစ်ထောင်နဲ့ မှ ငါးရာ လို့ ပြောတတ်တဲ့ မြို့ 

တစ်ခွက် တစ်လိပ် မသောက်တဲ့မြို့

မိန်းလေးတွေကျနော်ကျနော်ပြောတဲ့မြို့

တရုတ်ပစ္စည်းတွေအပေါဆုံးမြို့

တခြားမြို့ကလူတွေက လိပ်စာမသိလို့မေးရင် အိမ်ထိလိုက်ပို့ကူညီတတ်တဲ့သူတွေနေတဲ့မြို့

ညဖက်အိမ်ပြန်နောက်မကျရဲတော့တဲ့မြို့

ဆက်ဖြည့်ပေးကြပါဦး ?

Credit-Fb

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top