လူကြီးဖတ်စာ

အိမ်မက်ကလေး တစ်ခုနောက်မှာ

အိမ်မက်ကလေး တစ်ခုနောက်မှာ မထွေး တစ်ယောက် လူအခြေအနေကြည့်ပြီး တဖြေးဖြေး သွားနေမိသည်။ဆူးတောများအတွင်းကို တိုးဝင်ပြီး အရိပ်အခြေ ကြည့်နေလိုက်သည်။  ရေကန် အပျက်ကြီးအနားကို သွားပြီး အုတ်ရိုးကျိုးနေသော ကြာဇံလုပ်ဖို့ ပဲများစိမ်ကြသော ရေကန်အပျက်ကြီး  က မြေကြီးထဲ အထိ လူတစ်ရပ်ကျော်ပြီး အောက်ခြေ က နက်သေးသည်။  ခါးအထိ ရှိသော အုပ်ရိုးများ စီထားသည်။    ဆူးခြုံများ  မိုးနှံခြုံများ ထန်းပင်ကြီးများ စက်အတွင်းမှာ နေကြသော ကလေးများ နဲ့ အီးပါဖို့ လာကြသူများ ရှိတတ်သည်။  မိုးနှံခြုံ တစ်ခုကို  အကာအကွယ်ယူပြီး မထွေး အုပ်များကျိုးနေသော ရေကန်အပျက်ကြီးထဲ ကို ခုန်ဆင်းလိုက်သည်။  အမှိုက်များ သစ်ကိုင်းများနဲ့  ကန်ထဲမှာ ရှုပ်ပွနေသည်။   ပိုးကောင်မွှားကောင်များကို ကြည့်နေရသေးသည်။  မထွေး ကန်ထဲမှာ […]