လူကြီးဖတ်စာ

အိပ်မက် ဒိုင်ယာရီ

အိပ်မက် ဒိုင်ယာရီ ခုလို မိဘနှစ်ပါးကို ကန်တော့ရသော အကျိုးအားကြောင့် ငါ့သမီးလေး သွားရာလမ်းခရီး ခလုတ်မထိ ဆူးမငြိဘဲ သွားလမ်းသာလို့ လာလမ်းဖြောင့်ကာ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေကွယ် ။ မေမေကလည်း သမီးအဖေ လိုပါဘဲကွယ် ။    ကျေးဇူးတင်ပါ တယ် မေမေ ။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ။ သမီးသွားတော့မယ်နော် ။   မိဘနှစ်ပါးကို ကန်တော့ပြီး ခရီးဆောင် အိတ်လေးကို ဆွဲကာ  ကားပေါ်တက်လိုက်တော့ မိသားစုလိုက် လိုက်ပို့ကြသည် ။ အစ်ကိုကြီးလည်း မျက်နှာ မကောင်း ။ မောင်လေးလည်း မျက်ရည်တွေ နဲ့ ။ မောင်နှစ်မ သုံးယောက်မှာ ချယ်ရီက အလတ် ။ ငယ်စဉ်ဘဝကတည်းက ကျောင်းဆရာမ ဖြစ်ချင်သူ ။ […]

လူကြီးဖတ်စာ

အိပ်မက် ဒိုင်ယာရီ

အိပ်မက် ဒိုင်ယာရီ ( ဆုံး ) ချယ်ရီ မြို့ကြီးမှာ မွေးဖွားခဲ့ပေမယ့် တာဝန်ကျရာတော မြှိုလေးမှာ ပျော်နေပြီ။လေကောင်းလေသန့် ရှုရင်း တောင်တန်းကြီးတွေ  စိုက်ခင်းတွေ သဘာဝ အလှတရားတွေမှာ ကြည်နူးကျေနပ်နေပြီ။ဝါသနာပါရာ ကျောင်းဆရာမ အလုပ်မှာ ပျော်မွေ့နေပြီး ဘဝကို  ကျေနပ်စွာ ဖြတ်သန်းနေသည် ။  ချယ်ရီရဲ့ မျက်လုံးတွေကို နောက်ကနေပြီး တစ်စုံတစ်ယောက်က လက်ချောင်းလေးတွေနဲ့ ပိတ် လိုက်သည်။  ဘယ်သူဆိုတာ သိတယ်နော် နွဲ့နွဲ့။   မချယ်က တော်သားဘဲ ။ ဒါနဲ့ ဘာတွေ စဉ်းစားနေတာလဲ ။ ချစ်သူရည်းစားတွေ ရ နေပြီလား မချယ် ။  ကျုပ်ကို ဘယ်သူက ချစ်မှာလဲ ။တော်ဘဲ ကျုပ်ကို အမျိုးမျိုး နှိပ်စက် အနိုင်ကျင့် နေတာလေ။  […]