အလိုက်သိသော ဦးချစ်သူ “နုဖြူ……” “ရှင်” တစိမ့်စိမ့်တိုက်ခတ်နေသော လေနုစိမ်းလေးက ဗြုန်းကနဲအတင်းတိုးဝှေ့ကာ တိုက်ခတ်လိုက်သဖြင့် တ လှုပ်လှုပ် ဖြစ်နေသော သစ်ရွက်သစ်ခက်လေးများက ရုတ်ရက် ယိမ်းနွဲ့ယမ်းခါကာ တရှဲရှဲမြည်သံနှင့်အတူ လှုပ်ရှားသွားကြပြီး သူ တို့နှစ်ဦး၏ ခန္ဓာကိုယ်နှစ်ခု တို့သည်လည်းရင်ထဲအထိအေးစိမ့်စွာခံစားလိုက်ရသည်။ “ပြောလေ မောင်” “နုဖြူ ဘာလို့မောင့်ကို ချစ်တာလဲဟင်” “မောင်မုန်းတဲ့နေ့ဟာ နုဖြူသေတဲ့နေ့ဆိုတာ နုဖြူပြောရဲတယ် မောင်” ဝင်းကိုသက်ပြင်းတခုကို လေးလေးပင်ပင် ချလိုက်သည်။ မုးိတဖွဲဖွဲကျနေသော ကန်ရေပြင် မှုန်ဝါးဝါးလေးကို အဓိပ္ပါယ်မဲ့ငေးကြည့်နေမိသည်။ နုဖြူက ထီးလေးအား ဝင်းကိုဘက်သို့တိုး၍ ဆောင်းပေးသည်။ ဝင်းကို၏လက်တဖက်က နုဖြူ၏ခါးသေးသေးကို ဖက်ထားပြီး ကျန်လက် တဖက်က နုဖြူ၏မျက်နှာလေးကို ဆွဲလှည့်လိုက်ကာ မေးဖျားလေးကိုမော့လိုက်ပြီး သူမ၏ နှုတ်ခမ်းလေးကိုဖိကပ်ကာ စုပ်နမ်း ပေးလိုက်သည်။ ထိုမှတဖန်နုဖြူ၏ ကိုယ်လုံးလေးကိုဖက်လိုက်ကာ ပါးချင်းအပ်ထားမိပြန်သည်။ […]