လူကြီးဖတ်စာ

အရသာနှစ်ခု

အရသာနှစ်ခု ဘခက်အသက်၄၀အရွယ်လူပျို ကြီး… တွေ့မရှောင်ဆိုတဲ့ဘွဲ့ကတော့ ရင်းနှီးသူများပေးထားတာပါ။ ဟုတ်တော့လဲဟုတ်သည်။ ဘခက်ဆိုတဲ့လူက နုရွယ်စဉ်လူပျို ပေါက် ကတည်းက ပျို ပျို အိုအိုမရွေး ဘယ်မိန်းကလေးမဆို အထာပေးပါက ရှောင်လွှဲခဲ့ခြင်း အလျ ဉ်းမရှိခဲ့ပါ။ ဘခက်သဘောကျသော မိန်းခလေးများဆိုလျှင်လဲ တနည်းနည်းနဲ့ ရအောင်ဖန်တီးယူတတ်သည်။ ထိုကြောင့် ရင်းနှီးသူများက တွေ့မရှောင်ဘွဲ့ပေးထားကြခြင်း ဖြစ်သည်။ ဘခက်ကိုယ်တိုင်ကလဲ ထိုဘွဲ့အမည်ကို သဘောကျ နှစ်ခြို က်နေလေသည်။ ဘခက်ကတဦးထဲသောသား။ မိဘက နယ်မြို့လေးရဲ့ ဆီစက်ပိုင်ရှင်တွေ။ ဘခက်အမေက ဘခက်ကိုသိပ်ချစ်တာ။ အလိုလဲလိုက်တယ်။ သားတော်မောင် မျက်နှာမညို းစေရဘူး။ ဒီတော့ ဘခက်အတွက် အမေရှိရင် ငွေရှိတယ်။ တိတိကျကျပြောရရင် အမေ့ ပိုက်ဆံအိတ်မြင်နေရသ၍ ဘခက်ငွေကြေးပူစရာမလို။ အမေကလဲ ပိုက်ဆံအိတ်ကိုဘယ်တော့မှမဖွက် ။ ဘခက်မြင်သာအောင် ထားနေသလားအောင့်မေ့ရတယ်။ ဘခက်မှာကောင်းတာလေးတခုတော့ရှိတယ်။ […]