လူကြီးဖတ်စာ

အရမ်းဆိုးတဲ့ မောင်

အရမ်းဆိုးတဲ့ မောင် ဇော်ထွန်းနိုင်ဆိုတဲ့ကျနော်ကအခုတစ် ကောင်ကြွက်ဖြစ်နေပြီ။ငယ်ငယ်ကတည်းကအမေဆုံးတယ်။ကျောင်းပြီးတော့အဖေဆုံးပါးသွားပြန်တယ်။လူ့လောကအလယ်မှာတစ်ယောက်တည်းကျန်နေတယ်။ပျင်းရိစရာအရမ်းကောင်းတယ်။ဒါတောင်မှအဖေကနေစ ရာအခန်းလေးတခန်းပေးထားခဲ့ပြီးပညာ လေးတတ်အောင်ကျောင်းထားပေးခဲ့လို့ပါ။ ကျနော်မှာနေ ထိုင်ဖို့အိမ်ရှိတယ်။အဲဒီအတွက် စိတ်မပူရဘူး၊ ဒါပေမယ့်ငွေမရှိဘူး။ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်ရင်းကခင်ခင်ငြိမ်းဆိုတဲ့မိန်းကလေးနှင့်တွေ့ကြတယ်။ခင်ခင်ငြိမ်းက လည်းနယ်ကပဲအဆောင်မှာနေရင်းအလုပ်လာလုပ်တာပါ။ တစ်ယောက်နှင့်တစ်ယောက်ဖေးမကူညီကြရင်းနီးစပ်လာခဲ့တယ်။ ကုမ္ပဏီကCEOကလည်းသဘောကျတယ်။ရိုးသားတဲ့အပြင်လုပ်ငန်းစီစဉ်တာကောင်းမွန်တဲ့အတွက်သူ ဌေးကလည်းချစ်တယ်။ အစကတော့ ကျနော်ခင် ခင်ငြိမ်းအပေါ်ရိုးရိုးသားသားပဲခင်တယ်။စနောက်တာတော့ရှိတယ်။ခင်ငြိမ်းလဲဒီလိုပဲနေမှာပါ။ဒါပေမယ့် ခင်ငြိမ်းကကျနော့်အတွက်ဆိုရင်စေတနာပိုပါတယ်။ယောက်ကျားလေးကတစ်ယောက်တည်းဘဝဆိုတော့ကောင်းကောင်းချက်မ စားနိုင်ဖြစ်သလိုပဲချက်ပြုတ်စားသောက်တတ်တာ။သူကတော့သူ့ဘာသာချက်ပြုတ်စားတတ်တဲ့အတွက်အမြဲပဲကျနော့်အတွက် ဟင်းပိုထည့်ခဲ့တယ်။”ခင်ငြိမ်း ဘာချ က်လာသလဲ” ကိုဇော် ကရောဘာချက်လာသလဲ” “ကြက်ဥကြော်ပဲ” ထင်သားပဲ” အင်းလေငါ လဲဒါပဲချက်တတ်တယ်” လာပါခင်ငြိမ်းမှာစုံတယ်၊ခင်ငြိမ်းအပိုချက်လာတယ်” ဟ့ခင်ငြိမ်းနင်ကကိုဇော့်အတွက်ပဲချက်လာသလား၊ ငါတို့အတွက်မပါဘူးလား” CEOကလှမ်းစတယ်။ “အာဆရာကလည်းဆရာမှာကအစစအရာရာပြည့်စုံတယ်။ သမီးဟင်းဆရာဘယ်စားမလဲ””နင်ကမကျွေးချင်ရင်ဒီလိုပဲ””မဟုတ်ပါဘူးဆရာရယ်၊ဆရာစားချင်တာပြောခင်ငြိမ်းသေချာချက်လာ ပါ့မယ်””ဟားးးဟားးစတာပါခင်ငြိမ်းရာ၊ကိုဇော်ကိုပဲသေချာချက်ကျွေးလိုက်ပါ။ဒီကောင်ဟင်းကြည့်လိုက်ရင်ကြက်ဥကြော် ပဲ””ဟုတ်တယ်ဆရာရေ” “ကိုဇော် မင်းငါ့ဆီကဟင်းလာယူ၊မင်းအမလဲ မင်းအတွက်ပိုထည့်ပေးလိုက်တယ်””ဟုတ်ကဲ့ပါဆရာ”  “ခင်ငြိမ်း နင်နှော်ငါမပြောမရှိနဲ့၊ကိုဇော်ကငါ တွေ့ဖူးတဲဝန်ထမ်းထဲမှာ တော်တဲ့လူထဲပါတယ်” “ဆရာကလည်းမြှောက်နေပြန် ပြီ””တကယ်ပြောတာ ၊ဥက္ကဌကလည်းမင်းကိုမျှော့်လင့်ချက်ထားတယ်ကွ” “ဆရာရယ် ကျတော်ကဘာကောင်မှမဟုတ်ပါဘူး”  “မဟုတ်ဘူးကိုဇော်မင်းကရိုးသားတယ်ထက်မြက်တယ်၊ငါတို့ကုမ္ပဏီအတွက်အားကိုးရတယ်””ကျေးဇူးပါဆရာရေ” ကျ နော်CEOဆီကဟင်းသွားယူတယ်။သူကလည်းပိုပိုသာသာထည့်ပေးတယ်။ကျနော်ခင်ငြိမ်းဆီပြန်လာပြီး “ခင်ငြိမ်းစားတော့မ လား””စားမယ်လေကိုဇော်” “အင်းစားလေ”ထမင်းဘူးတွေကိုဖွင့်လိုက်တယ်။ခင်ငြိမ်းကသူ့ထမင်းချိုင့်ထဲကဟင်းကိုကျနော့်ကိုအ ရင် […]