လူကြီးဖတ်စာ

အရမ်းကောင်းတယ်

အရမ်းကောင်းတယ် တစ်နေ့ … ကျနော် ပထမနှစ်ကျောင်းပိတ်တုန်းကပေါ့။ ဧပြီလနွေရာသီကျောင်းပိတ်တော့ အိမ်ကအဖေရယ်၊ အမေရယ်၊ ကျနော်ရယ် သုံးယောက်သား ကားလေးနဲ့ ပြင်ဦးလွင်ကိုသွားလည်ဖြစ်တယ်ဗျ။ ကျနော်တို့နေတာက မန္တလေးဆိုတော့ ပြင်ဦးလွင်နဲ့ နေ့ချင်းပြန်သွားလို့ရတယ်။ ဘာရယ်မဟုတ်ပါဘူး။ တစ်နေကုန်ဟိုသွားဒီသွားလျောက်သွားကြမယ်ပေါ့။ မရောက်တာကြာတာလဲပါတာပေါ့။ မနက်စောစော မဟာအံ့ထူးကံသာဘုရားကိုဝင်ဖူးတယ်။ အဲဒီမှာစတွေ့တာပဲ။ ဘုရားဖူးနေရင်းနဲ့ မလှမ်းမကမ်းမှာ ကောင်မလေးတစ်ယောက်ကိုတွေ့တာ..။ ကျနော်နဲ့ ရွယ်တူလောက်တော့ရှိမယ်။ ကောင်မလေးတစ်ယောက် ဆံပင်လေးမတိုမရှည်နဲ့ အသားဖွေးဖွေး၊ လူကောင်သေးသေးလေး၊ နှာခေါင်းလေးက ချွန်ချွန်လေးနဲ့ နှုတ်ခမ်းပါးလေးတွေက နီနီလေး။ အဲဒီတော့ အီဖေကိုယ်လဲ ဘုရားဖူးပြီးတာနဲ့ နှစ်ယောက်ကျော်လောက်က ကောင်မလေးကို ခဏခဏလှမ်းကြည့်ဖြစ်တယ်ပေါ့။ သူလဲ သူ့အဖေအမေတို့နဲ့လာတယ်ထင်တာပဲ။ သူနဲ့ပါလာတဲ့မိန်းမကြီးက သူနဲ့ရုပ်ချင်းခပ်ဆင်ဆင်တူတယ်။ သူနဲ့ ပါလာတဲ့ ဘိုးတော်ကြီးနဲ့ ဘွားတော်ကြီးက ဘုရားရှစ်ခိုးတာ တော်တော်နဲ့မပြီးဘူး။ သူလေးကတော့ ဘုရားရှိခိုးပြီးတာနဲ့ ဟိုဟိုဒီကြည့်ရင်းကျနော်နဲ့ အကြည့်ချင်းသွားဆုံဖြစ်တယ်။ […]