လူကြီးဖတ်စာ

အမှောင်ကြိုက်သူများ

အမှောင်ကြိုက်သူများ ကုမ္ပဏီကြီးဖွင့်လိုက်တာဟာ သန်းသန်းစိုးတို့လင်မယားအတွက်လားဟုပင်ထင်ရသည်။   သန်းသန်းစိုးနှင့် စိုးမောင်တို့ကား အစက  ဒီနေရာလေးမှာတိုက်ခန်းကျဉ်းလေးမှာ  လခပေးပြီးငှားနေကြသည်။  အစက ကြုံရာကျပန်းလုပ်စားနေသော သန်းသန်းစိုးတို့ လင်မယားအတွက်  ရေကန်အသင့်ကြာအသင့်ပင်.. ။စိုးမောင်က ကုမ္ပဏီမှာဒရိုင်ဘာဝန်ထမ်းလုပ်သည်။  သန်းသန်းစိုးက အစက  ကုမ္ပဏီမှ ဝန်ထမ်းတွေကို မနက်ပိုင်း  ထမင်းသုတ် ထမင်းပေါင်းများရောင်းချပေးသည်။  ကံကောင်းချင်တော့ သန်းသန်းစိုးကံစမ်း လိုက်တော့ထီက ဆုကြီးထပေါက်ပြီး   ထမင်းဆိုင်ကြီးကြီးမားမားဖွင့်နိုင်သွားသည်။ လင်မယား(၂)ယောက်ကား လောဘဖြင့် ငွေရှာကောင်းသူများဖြစ်ကြသည်။  အသက်ကလည်း(၃၀)ကျော်ကျော်လောက်သာရှိကြ သေးတာကိုး။ စိုးမောင်ကလည်းကုမ္ပဏီမှာ ဝင်လုပ်တော့ အပေါင်းအသင်းကရလာပြီး  အဆက်အစပ်များရှိလာသည်။   ကားပွဲစား လုပ်ကြည့်သည်.။  ကံစပ်သည်ဘဲပြောရမည်လား ရန်ကုန်ကားပွဲစားလောကမှာစိုးမောင်ဆိုလျှင်မသိသူ   မရှိလောက်အောင်ဖြစ် သွားပြီး အောင်မြင်သွားသည်။  ဒီတော့ ကုမ္ပဏီကထွက်ပြီးကားပွဲစားအလုပ်ကိုဇောက်ချလုပ်တော့သည်။  သန်းသန်းစိုးဖွင့်ထား သောဆိုင်ကလည်းအောင်မြင်သည်။  အလုပ်သမားတွေပင် ငှားထားရသည်။ သူမရွာမှ ရပ်ဆွေရပ်မျိုးတော်သူ ကောင်လေး/ကောင်မလေးများကိုခေါ်တော့  စိတ်ချရသည်။  စိုးမောင်ကလည်း စီးပွားရေးအရ […]