အမှန်တကယ် စားသုံးသူ အလုပ်လုပ်နေရာမှ အသင်းအမှုဆောင်ကိုသောင်းစိန်နှင့်အတူဝင်လာသောမိန်းမလှလေးဆီမျက်စိကရောက်ဖြစ်သည်။ “အောင်သူ ဒါ မင်းနဲ့အတူ တာဝန်ကျတဲ့ အရောင်းပဲ” ကိုသောင်းစိန်ကတည်တည်တန့်တန့်မိတ်ဆက်ပေး၏။ အောင်သူကသမဝါယမ ကုန်ဝယ် စာအုပ်များအစီအရီထပ်ထားသောစာပွဲဘေး နှစ်တောင်ခန့်ကုန်ဝယ်စာအုပ်များ၏စာအုပ်ပုံလေးပုံကြားမှခါးဆန့်၏။ “ဟုတ်ကဲ့ ဦးလေး သူ့ကို ဘာတာဝန်ပေးရမလဲ ဟင်” “အရောင်းပါဆို ကုန်ချိန်တဲ့ဘက်ကပေါ့ဟ ညနေကျရင် ဥက္ကဌအိမ်ကို ခွေအပ်ရင်းမင်း လာခဲ့အုံးနော် ကြားလား” “အော် ဟုတ်ကဲ့ ဦးခင်မောင်။ (၅)လမ်း အဘဦးအောင်ရှိန် ရှိလား” သူကဆိုင်ရှေ့တွင်ကြိပ်ကြိပ်တိုးနေ သောလူအုပ်အပေါ်မိုး၍ဆိုင်အတွင်းမှအသံကျယ်ကျယ်အော်ရင်းစာအုပ်ထောင်ပြ၏။ “ရှိတယ် ရှိတယ် ဆပ်ပြာ နို့ဆီ ဖယောင်းတိုင်” “အကုန်ယူမယ်ပြောလဲ ပြီးတာပဲဗျာ” “ဟဲ အကုန်မယူဘူး ငွေကမလောက်ဖူးဟဲ့” “အခုပေးနေတာ ဆပ်ပြာ။နို့ဆီ။ ဖယောင်းတိုင်သုံးမျိုးပဲ ကုန်နေပြီး အဒေါ်ရဲ့” အောင်သူဘေးမှဘောက်ချာရေးနေသော “အမာ” ကဇီးထုပ်တစ်ထုပ်ကိုးစားရင်းမှ ခေါင်းထောင်ပြီးပြောသည်။ အမာက (၁၀) […]