လူကြီးဖတ်စာ

အပျိုမလေး

အပျိုမလေး ကျောင်းမှပြန်လာသောပိုးအိလွင်တယောက်အိပ်ခန်းထဲရောက်သည်နှင့် ကျောပိုးအိပ်လေးကိုအသာချကာ ရေချိုးဖို့ပြင်သည်။တံခါးလည်းလော့ချပြီးသား ပြူတင်းပေါက်ခန်းစီးတွေလည်းပိတ်ပြီးသားမို့ လွတ်ဘွတ်လပ်လပ်ပင်အဝတ်တွေတခုပြီးတခုချွတ်ကာ အိပ်ခန်းနှင့်တွဲလျက်ရှိသောရေချိုးခန်းထဲဝင်ခဲ့သည်။အိမ်မှာက အိမ်ဖော်များအတွက်မှလွဲလျင် ရှယ်အခနိး တွေချည်းဖြစ်သည်။ဖေဖေနှင့်မေမေကတစ်ခန်း သူမကတစ်ခန်း မမ နှင်းအိလွင်ကတစ်ခန်း ဧည့်သည်များအတွက်ထားသောအိပ်ခန်းသုံးခန်းလည်းရှိသေးသည်။ဖိုးဖိုးရှိစဉ်က အိပ်ခန်းလည်းအခုတော့ ဧည့်သည်ခန်းထဲပါသွားပြီ။မနှစ်က သူမစာမေးပွဲရက်မှာ ဖိုးဖိုးကွယ်လွန်သွားခဲ့သည်။ဖေဖေနဲ့မေမေမှာ ပထမတော့ သမီးနှင်းအိလွင်တယောက်သာရှိသည်။နှင်းအိလွင်ဆယ်နှစ်သမီးအရွယ်ခန့်မှာ ဖိုးဖိုးငယ်သူငယ်ချင်းတယောက်ရဲ့တဦးတည်းသောသားဖြစ်သူ အသက်သုံးဆယ်အရွယ်မှာကွယ်လွန်သွားတာကိုမြင်တော့ ဖေဖေနဲ့မေမေကို ဖိုးဖိုးကနားချသည်။ သားသမီးတယောက်တည်းမွေးထားခြင်းဖြင့် မိဘများအရွယ်လွန်ချိန်ကျမှ သားသမီးဆုံးပါးသွားခဲ့လျင် မိမိမျိုးဆက်မကျန်နိုင်ကြောင်း မိဘများကအရင်ကွယ်လွန်ခဲ့လျင်လည်း လောကအလယ်တွင် ကျန်ခဲ့မည့်သားသမီးအနေဖြင့် အရင်းဆုံးဆွေမျိုးဟူသည်မှာ တဝမ်းကွဲသာဖြစ်လိမ့်မည်ဖြစ်ကြောင်း အကြောင်းကိစ္စကြီးငယ်ပေါ်ပေါက်လာပါက မောင်နှမအရင်းအခြာကသာ ကျောချင်းကပ် ရင်ချင်းအပ်လေ့ရှိကြောင်း စသည်ဖြင့်နားချသောကြောင့် ပိုးအိလွင်ကိုထပ်မွေးခဲ့ခြင်းဖြစ်သည်။ဖိုးဖိုးကလည်း မြေးအငယ်ဆုံးလေးကိုတုန်နေအောင်ချစ်သလို သူမဆန္ဒမှန်သမျှအကုန်ဖြည့်ဆည်းပေးသောဖိုးဖိုးကိုသူမကလည်း အလွန်ချစ်ခဲ့သည်။သူမကိုအလွန်ချစ်သောဖိုးဖိုး သူမကလည်းအလွန်ချစ်သောဖိုးဖိုးကွယ်လွန်တော့ သူမစာမေးပွဲဆက်မဖြေနိုင်တော့။ ထိုကြောင့် ဆယ်တန်းကိုပြန်တက်နေရခြင်းဖြစ်သည်။Car showroom နှင့်သွင်းကုတ်ထုတ်ကုန်လုပ်ငန်းရှင်ဖခင်နှင့် စိန်ရွှေရတနာဆိုင်ဖွင့်ထားသောမိခင်တို့၏ကြွယ်ဝမှုများကြောင့် အပူအပင်မရှိ ဘော်ဒါတက်နိုင်သော်လည်း အိမ်နှင့်မခွဲနိုင်သောသူမက သူငယ်ချင်းများနှင့်စုပြီး ဝိုင်းကျူရှင်သာတက်သည်။ ငယ်စဉ်ကတည်းကစာတော်ခဲ့သောသူမကို […]