အပျိုကြီးဆိုပဲ(စ/ဆုံး) ဖြူတစ်ယောက်တိုက်ခန်းလေးဝယ်ယူခွင့်ရပြီးနောက်လိပ်စာပါရုံးခန်းဆီသို့လာခဲ့တယ်။ရုံးခန်းမှာလူတစ် ယောက်ကိုတွေ့ပြီး “ဒီမှာ ရှင့်” “ဗျာ ကျနော့်ကိုခေါ်တာလား” ကျနော်မော့ကြည့်ပြီးပြောလိုက်ရာ။ယူနီဖောင်းနဲ့တော်တော်လှတဲ့အမျိုးသမီးတစ် ယောက်ကိုတွေ့လိုက်မိ တယ်။ “ဟုတ်တယ်ရှင့်” “ဘာကိစ္စရှိလို့လဲဗျ” “ကျမ အခန်းတစ်ခန်းရထားတယ်” “ဟုတ်ကဲ့ကျနော်ဘာ ကူညီပေးရမလဲ” “ကျမအခန်းမှာ လိုအပ်တာမှန်သမျှ ရှင်လုပ်ပေးရမှာပဲ” “ဒီမှာ အမ ကျနော်ပြုပြင်ပေးထား တာမှန်သမျှကလူ နေရုံအသင့်ပဲ” “မရဘူး ၊ကျမစစ်ဆေးပြီးမှလက်ခံနိုင်မယ်” “ဟုတ်ပြီ ကျနော်စီစဉ်ပေးမယ်” “ညီလေး ဒီအမအခန်းကိုသွားပြ လို က္ကြာ” “ရှင်အလုပ်သမားတွေနဲ့ကျမကို လွှတ်မလို့လား” “ဟုတ်တယ်ဗျ” “အလုပ်သမားနဲ့လွှတ်မယ်ဆိုရင်ကျမ မလိုက်နိုင်ဘူး” “အဲဒါတော့ခင်များသဘောပဲ၊ကျနော်အလုပ်ရှုပ်နေတယ်” “ရှင့်သူဌေးနဲ့တိုင်မယ်” “ဟောဗျာ” ကျနော်လဲတကယ်အလုပ်ရှုပ်နေ တဲ့အချိန်မှာဒီလိုပြောတော့စိတ်ကမရှည်နိုင်ပါ။ထိုအမျိုးသမီးကဖုန်းကိုထုတ်ပြီးရုံးခန်းအပြင်ကိုထွက်ကာ ဖုန်းဆက်လေ တော့သည်။ ဖြူတစ်ယောက် အခန်းထဲကလူကို သူဌေးလို့မထင်မိပါ။ငယ်ကလဲငယ်သေးတယ်၊ပြီးတော့သူဌေးတော် တော်များများက လုပ်ငန်းခွင်မှာထိုင်လေ့မရှိဘူးလေ၊လူကရုပိကတော့ မဆိုးဘူး၊အလုပ်ရှုပ်နေပုံရပေမယ့် ဝယ်ယူတစ်ယောက်ကို အလုပ်သမားနဲ့ လွှတ်မယ်ဆိုတော့သည်းမခံနိူင်ပါ။သူဌေးဆီဖုန်းလှမ်း ဆက်လိုက်တယ်။ “တူ […]