လူကြီးဖတ်စာ

အခွင့်အခါ သာတဲ့အခါ

အခွင့်အခါ သာတဲ့အခါ သီတာတစ်ယောက်စိတ်ညစ်ညူး စွာဖြင့်အောင်မင်္ဂလာကားဝင်းထဲ   Taxiကိုလိုက်ပို့ခိုင်းပြီးELiteကားဂိတ်ကိုရောက်ခဲ့ရတယ်။မိမိ ဘဝ  အခြေအနေကြောင့်ခရီးမထွက်ထွက်ဖြစ်ရတာကြောင့်စိတ်မောလူမောဖြစ်ကာခရီးဆောင်အိတ်ကိုဆွဲ၍ခ   ရီးသည်နားနေခန်း ထံဝင်  လိုက်ပြီးထိုင်လို့ရမယ့်နေရာကိုရှာ   လိုက်တော့သူငယ်ချင်းတစ်ယောက်   ကိုတွေ့ပြီးဝမ်းသာသွားကာ   “ဟယ်ကျော်ဇင်”   “ဟေ့ သီတာမ ဘယ်သွားမလို့လဲ”    “ဟယ် ကျော်ဇင် နင်ကောဘယ်သွား   မလို့လဲ”   “အေး ငါမုံရွာသွားမလို့”   “ဟယ် ငါလဲမုံရွာ ကိုသွားမှာဟ”  “ဟုတ်လား နင်တစ်ယောက်တည်း   လား”   “အေးလေ တစ်ယောက်တည်း၊   နင်ရောတစ်ယောက်တည်းလား”   “အေးနင်နဲ့ အဖော်ရပြီ”   “အေးဟယ်၊ဒါနဲ့နင်ကကိုယ့်ကားနဲ့   ကိုယ်ဘာလို့မသွားတာလဲ” “တစ်ယောက်တည်းမမောင်းချင်ဘူး  လေ၊ဟိုမှာလဲကားတစ်စီးရှိသေး   တယ်”   “အော “   “နင်ကရောဘာလို့မုံရွာသွားတာလဲ”   “ဒီ  လိုပါပဲဟယ်၊ငါ့မှာငွေရေးကြေး ရေးကိစ္စတစ်ခုရှိလို့”   “ဟုတ်လား၊အလုပ်လုပ်ထားတာရှိလို့လား”    “အေးဟယ်ငါငွေချေးထား တာပြန်မ  ရလို့”   “နင်ကလဲခုလိုခေတ်ကြီးငွေချေးစား   ရတယ်လို့   “နင့်လိုဘောစိမှမဟုတ်တာဟယ်၊ရှိတာလေးတိုးပွားအောင်ကြံ ရတာပဲ”  “နင်ဘယ်သူ့ဆီချေးထားလို့လဲ”  […]