လူကြီးဖတ်စာ

အချစ်သင်္ကေတေ

အချစ်သင်္ကေတေ သာယာကြည်လင်တဲ့ မနက်ခင်း လေးရဲ့အေးမြတဲ့လေညင်းလေးတွေနဲ့အတူသားသားတစ်ယောက် နိုးထလာခဲ့တယ်။ ဒီနေ့ဆိုရင်ဒီအိမ်ကိုပြောင်းလာတာတစ်ပတ်တိတိရှိပြီလေ။ ဖေဖေရယ်မေမေရယ်တစ်ခန်း ကျွန်တော်ကတစ်ခန်း ၊ မမနဲ့ညီမလေးကတော့ကျွန်တော့်ဘေးကအခန်းမှာပေါ့။ ရန်ကုန်မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တာနဲ့အညီ လူတွေလဲသွားလာလို့ မနက်ခင်းလေးကသက်ဝင်လှုပ်ရှားနေပြီ။ အိပ်ရာထဲမှာဟိုဒီတွေနေရင်းနဲ့ အခန်းအပြင်ကမေမေအသံကိုကြားလိုက်ရတယ်။ ခဏဆိုမနက်စာစားပြီးဖေဖေ စက်ရုံသွားတော့မယ်လေ။ မေမေလဲဆိုင်သွားတော့မှာဆိုတော့အိမ်မှာမမရယ်ကျွန်တော်ရယ်ညီမလေးရယ်သုံးယောက်ထဲကျန်ခဲ့ရတဲ့ရက်တွေကများတယ်။ မမက မေမေ အမရဲ့သမီးပေါ့ ငယ်ငယ်ထဲကမိဘတွေမရှိတော့ ဖေဖေနဲ့မေမေပဲသမီးလေးလိုစောင့်ရှောက်လာခဲ့တာလေ။ အခုဆို မမက နှစ်ဆယ့်ရှစ် ကျွန်တော်က နှစ်ဆယ့်သုံး ၊ညီမလေးက ဆယ့်ကိုး ရှိပြီပေါ့။ အားလုံးငယ်ငယ်ထဲကသိုက်သိုက်ဝန်းဝန်းပါပဲ ချစ်လဲ ချစ်ကြတယ်။ ကျွန်တော်တို့အောက်အလွှာမှာတော့ မေမေမောင်အငယ်တို့လင်မယားနေကြတယ်လေ။ ဒီလိုနေလာကြရင်းနဲ့ တစ်နေ့ပေါ့မေမေအကိုအကြီးဆုံးကဖုန်းဆက်လာတယ်။ သူလျေှှာက်ပေးထားတဲ့ ဂရီး ကဒ် ကရပြီတဲ့လေ။ အဲ့ဒီတော့အိမ်မှာလဲတစ်မျိုးပြောင်းစဉ်းစားရတော့တာပေါ့။ သူတို့သွားမယ်ဆိုရင်ကျွန်တော်တို့သုံးယောက်ပဲကျန်ခဲ့မှာလေ။ ဖြစ်ရဲ့လားပေါ့။ နောက်ဆုံးတော့သွားဖြစ်ပါတယ် သူတို့အရင်သွားကြည့်မယ် ညီမလေးကနှစ်ဆယ့်တစ် နှစ်မကျော်သေးတော့လိုက်သွားလို့ရတယ်အဆင်ပြေပြီဆိုလာခေါ်မယ်ပေါ့။ အဲ့လို့နဲ့ ကျွန်တော်တို့မောင်နှမသုံးယောက်နေလာကြတာ သုံးလေး လလောက်ရှိလာတဲ့တစ်နေ့ပေါ့၊ အဲ့ဒီနေ့ကညီမလေးမွေးနေ့လေ ။အိမ်မှာ […]