အချစ်ကြောင့်ရှင်သန်ခြင်း နှင်းတွေဝေတဲ့သီတင်းကျွတ် လကိုရောက်ခဲ့ပြီမနက်ဖြန်သီတင်း ကျွတ်မီးထွန်းပွဲတော်လုပ်ကြတော့ မည်မည်။ဟိုနေရာကကျွတ်စီ ကျွတ်စီနှင့်အသံကြားရသည်။မနောရဲ့ ဗိုလ်အောင်၊စပယ်ပန်းလေးချစ်သူစ သည့်သီချင်းသံများကိုလေအသင့် မှာကြားရတဲ့ အတွက် မခင်လေးသိမ့် တစ်ယောက်ဒေါသစိတ်၊ဝမ်းနည်း စိတ်တို့ဖြစ်လာသည်။အိပ်ရာကလူး လထလိုက်ပေမယ့်ထ၍မရပေ။ အားယူပြီးထထိုင်လိုက်ရပေမယ့် လမ်းထလျောက်နိုင်သည့်ဘဝမ ဟုတ်ပေ။တစ်ခြားတစ်ယောက်ကထူမပေးမှသာလမ်းလျောက် နိုင် သည့်ဘဝ။ဝမ်းနည်းစိတ်ကြောင့်အလိုလိုနေရင်းမျက်ရည်များကျလာ သည်။ဆီးကလည်းသွားချင်လာပြန် သည်။ထို့ကြောင့် ပင် “ကျွတ် ကျွတ် ညီမလေး နှင်းနှင်းရေ “ “ရှင် မမသမီးလာပြီ” ညီမလေးနှင်းနှင်းကိုလှမ်းခေါ်လိုက် ရသည်၊ နှင်းနှင်းမှာအမဖြစ် သူမခင်လေးသိမ့် အားကူညီရန်ရောက်လာပြီးအမ ဖြစ်သူ၏မျက်နှာကိုကြည့်ကာစိတ် မကောင်းဖြစ်ရသည်။ “မမရယ် စိတ်မကောင်းတာတွေမ တွေးပါနဲ့လား” “အင်းငါမတွေးချင်ပါဘူးနှင်းနှင်း၊ ဒါပေမယ့်ဒီအချိန်ဒီရာသီရောက်ရင် ငါရဲ့ ဒဏ်ရာဟောင်းကပြန်ပေါ်လာ တယ်၊ငါဒီလူ့ကိုအရမ်းစိတ်နာတယ်” “ကဲပါမမရယ်၊လူဆိုတာကဖြစ်ချိန် တန်လို့ဖြစ်ရမှာမဟုတ် လား” “အေးလေ ဒါပေမယ့်ငါဒီလိုဖြစ်ရင် ငါကိုတော့လာကြည့်သင့်တယ်မ ဟုတ်လား၊စားပြီးနားမလည်လုပ် တာမျိုး၊ချစ်တယ် ဆိုပြီးဒုက္ခိတဖြစ် တော့စွန့်ပစ်သွားတဲ့လူမျိုးကလူ့ လောကမှာရှိသင့်လားနှင်းနှင်း” “သူလည်းသူ့အကြောင်းနဲ့သူရှိပါ […]