လူကြီးဖတ်စာ

သူများနဲ့ညားတဲ့ ငါရည်းစား

သူများနဲ့ညားတဲ့ ငါရည်းစား ကျေးရွာဓလေ့ပျော်မွေ့စရာအလွန်ကောင်းတယ်။ ကျုပ်နာမည်ကလင်းထင်ပါ ရွာအခေါ်အဝေါ်ကတော့ ငလင်းပေါ့။ ကျုပ်မှာမိဘ တွေမရှိတော့ဘူး ညီမတစ်ဝမ်းကွဲ လေးတစ်ယောက်ပဲရှိတာ။ ကျုပ်မိဘတွေနဲ့ ကျုပ်ညီမဝမ်းကွဲလေးမိဘတွေက ခရီးသွားရင်းကား မှောက်ပြီး ဆုံး ပါးသွားကြတယ်ဗျာ။ ကျုပ်မှာငယ်ငယ်ကလေးတည်းက မိခြူးလေးရဲ့အဖေဆိုလည်းကျုပ် အမေဆိုလည်းကျုပ်  ပေါ့ဗျာ။ ကျုပ်ကတော့ ရွာမှာသူများခိုင်းရာအလုပ်ကို လုပ်နေရတဲ့သူပေါ့။ ကျုပ်ကကျောင်းမနေဘူး ဒါပေမယ့် ညီမလေးကိုတော့  ပညာတတ်ကြီးဖြစ်စေချင်တာ။ အဲဒီ တော့မိဘတွေပိုင်တဲ့ လယ်ငါးဧကကို မောင်နှမနှစ် ယောက်လုပ်ကိုင်ရင်းစီးပွားရှာရတာပေါ့။  သီးနှံအထွက် တိုးတဲ့နှစ်တွေဆိုပျော်ရတာပေါ့ဗျာ မဟုတ်ရင် ကျုပ်မှာ ကြိုးစားရတယ်ပိုပြီးတော့လေ။ ဒီလိုနဲ့နေလာခဲ့ကြတာ ညီမ လေးလည်းဆယ်တန်းအောင်လို့ မြို့ကိုကျောင်းသွား တက်ရတော့ကျုပ်မှာ နှစ်ဆကြိုးစားရတော့တာပဲ။ ဒီလိုနဲ့ ကျုပ်တို့ရွာရဲ့မျက်နှာဖုံးဦးကြီးရဲ့ သမီးတော်ကို ကျုပ်စွဲလမ်းမိပါလေရော။ သူ့နာမည်က မေနှင်း တဲ့။ ကျုပ်မှာ မရမကလိုက် ရင်း ကာလကြာတော့ သူမဆီကနေ […]