လူကြီးဖတ်စာ

သို့

သို့ ( စ/ဆုံး ) တောင်ကုန်းလေးပေါ်မှာ တည်ဆောက်ထားတဲ့ နှစ်ထပ်အိမ်မြင့်မြင့်ကြီး။ နှစ်ထပ်အိမ်ကြီးရဲ့ ပြတင်းပေါက်တစ်ခုက အိမ်ကြီးဆီကို  လာတဲ့ လမ်းဘက်ကို မျက်နှာမူထားသည် ။ ထိုပြတင်းပေါက်ကနေပြီးတော့ လမ်းလေးကို မျှော်ငေးနေတဲ့ မိန်းမလှလေး တစ်ဦး ။  အသက်အရွယ်အားဖြင့် သုံးဆယ်ဝန်းကျင်လောက်ရှိမည်။ နက်မှောင်သော ဆံပင်ရှည်တွေ မှိုင်းညှို့သော မျက်ဝန်းတွေက ချောမော လှပမှု့ကို ပံ့ပိုးပေးထားပေမယ့် ဆွေးရိပ်သန်းပြီး တစ်စုံတစ်ယောက်ကို မျှော်လင့်နေတာကိုလည်း သိသာစေသည် ။ ပိုပြီး ထူးခြားစေတာက သူမရဲ့ လက်နှစ်ဘက်ကို စတီးလက်ထိပ်လေးက လက်နောက်ပြန်ခတ်ထားခြင်းဖြစ်သည် ။ စတီး လက်ထိတ်လေးက တစ်ချိန်တုန်းက သစ်လွင်ခဲ့ပေမယ့် ခုတော့ အရောင်တွေက မှေးမှိန်ဖျော့တော့နေပြီ ။  ညနေတိုင်း ခုလို  အနေအထားနဲ့ မျှော်နေမိတာ တစ်ရက်မဟုတ် နှစ်ရက်မဟုတ် […]