လှိုင်း နဲ့ တွေ့ခဲ့တဲ့လေ အချိန်ကာလတစ်ခုမှာ ကျနော် အိမ်ပေါ်ကဆင်းခဲ့ဖူးတယ် ဘာကြောင့် ဆိုတာကို အသေးစိတ်ပြောမနေချင်တော့ဘူးဗျာ… ဖအေ နဲ့ သားတွေမှာ ဖြစ်တတ်တဲ့ ထူးမခြားနား အကြောင်းအရာတွေကြောင့်ပါပဲ… သားအဖ နှစ်ယောက်ကြား ဗျာများနေတဲ့ အမေ့ မျက်နာ လဲ လှည့်မကြည့်ဖြစ်ဘူး အဲ့ဒီအချိန်ကပေါ့ … ဖုံးတစ်လုံး… ဆိုင်ကယ်တစ်စီး… ငွေလေးငါးသောင်း နဲ့ အဝတ်အစားသုံးစုံ လောက် အိတ်ထဲထည့်ပီး ဆင်းလာလိုက်တာ သန်းဇော် ဆိုတဲ့ အပေါင်းအသင်း တစ်ယောက်အိမ် အကျိုးအကြောင်းပြောပြီး တက်နေဖြစ်တယ်… သန်ဇော်တို့အိမ်မှာက သူရယ် သူ့အဖေ အမေ နဲ့ သူ့ညီ လေးယောက်ပဲနေကြတယ် အားလုံးကလဲ ကိုယ်နဲ့ ရင်းနှီးကြတော့ ကြည်ကြည်ဖြူဖြူပါပဲ… ဒီကောင့်မိဘတွေကိုတော့ အိမ်ပေါ်ကဆင်းလာတာ အသိမပေးဖြစ်ဘူး တော်ကြာ ငါ့တူ ဘာဖြစ်တယ် […]