လူကြီးဖတ်စာ

လေးကြိမ်မြောက်ပြီးဆုံးခြင်း

လေးကြိမ်မြောက်ပြီးဆုံးခြင်း ထူးကျော် ဆုံးပြီးကတည်းက သီတာတစ်ယောက် နေ့စဉ်လို မျက်ရည်နှင့် မျက်ခွက်ဖြစ်နေရှာသည်။ မိခင်ဖြစ်သူ နေ့စဉ် ငိုနေသည်မို့လည်း ရှယ်လီ လေးခမျာ အချော့ခံရမည့်အစား သူမ ကပင် မိခင်ဖြစ်သူ သီတာကို ပြန်၍ ချော့မော့ရမလို ဖြစ်နေသည်။ အဆိုးဆုံးကား သီတာ အရက်သောက်တတ်လာ၏။ “ သီတာ…အရက်သောက်တတ်လာတာတော့ မကောင်းဘူး…” “ အော်…အော်….ကိုချစ်ထွန်းက ကျမကို သတိပေးဖော်ရသေးသားပဲ….အဟတ်ဟတ်….” ဒီနေ့လည်း သီတာ တစ်ယောက် ထုံးစံအတိုင်း မူးနေပြန်သည်။ “ ကျနော်က စေတနာနဲ့ သတိပေးတာပါ သီတာ…” “ စေတနာ….ဟလား…သီတာ့ကို ရှင်ဘယ်လောက်အထိ နားလည်ထားသလဲ ကိုချစ်ထွန်း…” မှေးစင်းထားသော မျက်တောင်ကော့ကြီးများဖြင့် သီတာက ချစ်ထွန်းကို ခပ်ငေါ့ငေါ့မေးလိုက်သည်။ “ ကျနော်က သီတာတို့လို ပညာတတ် တစ်ယောက်မဟုတ်ပါဘူး […]