လူကြီးဖတ်စာ

လန်ဒန်မြို့ရောက် မိန်းကလေးတယောက်

လန်ဒန်မြို့ရောက် မိန်းကလေးတယောက် အပြင်ဘက်မှာ လျှောက်သွားနေတဲ့သူတွေကို ကြည့်ရင်း ကော်ဖီကို တကျိုက်သောက်လိုက်တယ်။ ဒီနေ့ဟာ လန်ဒန်မှာ အုံ့ဆိုင်းမှိုင်း တဲ့နေ့တနေ့ပါ။ ဆောင်းအကုန်ရက်ကို ရောက်နေပေမဲ့ လမ်းသွားလမ်းလာတွေကတော့ အနွေးထည်အထူတွေ မာဖလာတွေနဲ့  လေအေးအေးကို အန်တုနေကြပါတယ်။ နေရောင်ပြောက်ပြောက်လေးက တချက်တချက်တော့ ပွင့်လာရှာပါတယ်။ ပီဇာကို ကိုက် ပြီး ဖုန်းကို ပွတ်နေမိတယ်။ မနေ့ညနေပိုင်းမှာ email တစောင်ဝင်လာတယ်။ အန်တီမေဇော်ဆီကပါ။ သူမက ရံဖန်ရံခါ နေကောင်းလား ပျော်ရဲ့လား မေးဖို့ ဒါမှ မဟုတ် မိသားစုသတင်းတွေပေးဖို့ စာရေးတတ်ပါတယ်။ အခု mail ကတော့ အဲဒီအကြောင်းတွေ မဟုတ်ပါဘူး။ ကျွန်မမောင် ဝမ်းကွဲ အာကာတယောက် လန်ဒန်ကို ဒီတပတ်ထဲ ရောက်မယ်ဆိုတာနဲ့ အာကာ့ကို အဆင်ပြေအောင် ကူညီပေးဖို့ အကြောင်းပါ။    […]