လူကြီးဖတ်စာ

ရေမီးအစုံ

ရေမီးအစုံ အင်း…..ဟင်း…..ဟင်း….အင်း……ဟင်း..ဝမ်းခေါင်းထဲမှ လှိုက်လှိုက်လှဲလှဲညီးညူသံကြီးကို ကြားလိုက်ရသောကြောင့် ဖိုးဇော်  ကျောရိုးထဲ စိမ့်ကနဲဖြစ်ကာ ကြက်သီးမွေးညင်းထသွားရသည်။ အချိန်က ညသန်းခေါင်ကျော်နေပြီ။ နေရာက  ပုဂ္ဂလိကဆေးခန်းအကြီးစားကြီးတစ်ခု။ ဆေးရုံဆေးခန်းလိုနေရာမှာ ညအချိန်မတော် ညီးညူသံကြီးကို အမှတ်မထင်ကြားလိုက်ရသော  ဖိုးဇော်မှာ ကြက်သီးမွေးညင်း ထသွားရခြင်းပင်။ နိုက်ဂျူတီကျသဖြင့် တတိယထပ်အခန်းမှ လူနာတစ်ယောက်ကို  ဒရစ်ပုလင်းလဲချိတ်ပေးပြီး ပြန်အလာတွင် ဓာတ်လှေကား ဘေးတစ်ဖက်ရှိ လှေကားထစ်များဘက်ဆီမှ ထိုညီးညူသံကြီးကို  ဖိုးဇော်ကြားလိုက်ရခြင်းပင်ဖြစ်သည်။ အကူသူနာပြုရာထူးဖြင့်ထိုပုဂ္ဂလိကအထပ်မြင့် ဆေးခန်းကြီးမှာအလုပ်လုပ်နေသော ဖိုးဇော်မှာ  လုပ်သက် နှစ် နှစ်ကျော်ကြာခဲ့သည့်တလျောက် ထိုသို့ အချိန်မတော် ညီးညူသံကြီးကို ပထမဆုံးစပြီး ကြားလိုက်ရသဖြင့်  စိတ်ဝင်စားစိတ်က တစ်ဖက်၊ ထိတ်လန့်စိတ်က တစ်ဖက်ဖြင့် ထိုညီးညူသံ ကြားရာဆီသို့ဦးတည်လျှောက်လာမိသည်။ ဓာတ်လှေကားဘေးရှိ ပုံမှန်လှေကားထစ်များအတိုင်း ဖိုးဇော် ခြေသံတိုးတိတ်စွာ ဆင်းလျှောက်လာခဲ့သည်။ လှေကားတစ်ထစ်၊ နှစ်ထစ်၊  သုံးထစ်မှ သည် […]