လူကြီးဖတ်စာ

ရက်သမားဆိုသိပ်မုန်းတယ်

ရက်သမားဆိုသိပ်မုန်းတယ် ဤပုံပြင်သည် တောရွာလေးတစ်ရွာအား နောက်ခံထား၍ရေးသားထားခြင်းဖြစ်ပါသည်။ ဤရွာလေး၌နေထိုင်သော..မောင်ဘိုသန်း..သူ၏သရုပ်သည်ကား အသားမဲသည်။ ရုပ်မချော။ တောင့်သည်၊ ဖြောင့်သည်၊ ညာဘက်မျက်နှာ၌ အမာရွတ်ကြီးတစ်ခုရှိသည်။ ဆင်းရဲသည်။ သဘောထားရိုးသားဖြူစင်သည်။ ဟိုဟာလား၊ အင်း..သူရဲ့ကောင်မလေး မဆေး နဲ့တွေ့တဲ့ အခါကြမှ လုံးစေ့ပတ်စေ့ဖေါ်ပြပါမည်။ သူ့ရဲ့ချစ်သူ မဆေး ၏သရုပ်သည်ကား အသားလတ်သည်၊ကိုယ်လုံးကိုယ်ထည်တောင့်သည်၊ရုပ်ချောသည်။ ရွာအနေဖြင့်ချမ်းသာသည်။ စကားပြောသည့်အခါမပြေပြစ်။ ဘိုသန်း အပေါ်၌နွဲ့ဆိုး ဆိုးသည်။ အရမ်းလည်းချစ်သည်။ ဘိုသန်း အရက်သောက်ပြီးဆိုးတဲ့အခါတိုင်း သိပ်မုန်းဘို့ကောင်းတာပဲ..အရက်သမားဆို သိပ်မုန်းတယ်..ဟုညင်သာစွာပြောတတ်သည်။“ကျွန်တော့်မမပုသိမ်သူ.. ချောပုံရင်ရင်ပုံလှပုံတမူ.. အများနဲ့မတူ..အလှဘွဲ့ယူ..စံပယ်ကြည့် ကြည့်ရင်စွဲငြိမယ်တမူ..ခင်မင်စရာလဲကောင်းလှသူ.. ကျွန်တော့်မမ..မမ..ပုသိမ်သူ… ဒန်ဒန်..ဒန်ဒန်..တန် တန့် တန့်တန်…၏ဒန်တန်……၏” အဲဒီသီချင်းကို ဟိုဘက်ယာခင်းထဲမှာ လယ်ထွန်နေတဲ့ ကိုဘိုသန်း သီဆိုနေတာပါ။ မဆေး တို့ယာခင်းနဲ့ကပ်လျှက်မှာ။ ဒီဘက်ယာခင်းရဲ့ မန်ကျည်းပင်ထိပ်မှာ သူ့ရဲ့ချစ်သူ မဆေး က မန်ကျည်းရွက်ခူးနေမှန်းသိလို့ သီချင်းဆိုအားပိုကောင်းနေတာပါ။ဥသြသံ၏ သာယာမူကို […]