လူကြီးဖတ်စာ

မှားမိလေသော အခါ

မှားမိလေသော အခါ သက်ထွေး ရင်တွေ ခုံနေမိသည်။ သူတကယ်ပဲ ကြုံရတော့မည်လား။ ဒါမှ မဟုတ် သူ့ကို အင်သွားတာလား၊ မကြာခင် အဖြေပေါ် တော့မှာပဲလေ။  သူဆိုင်ကယ် အစုတ်ကလေး နှင့် စစ်ကိုင်းတံတားကို ဖြတ်ကာ သူငယ်ချင်းတယောက်ညွှန်လိုက်သော ဟက်ပီး ဟော်တယ် လေးသို့ ရောက်လာခဲ့သည်။ ကောင်တာက ကောင်ကလေးကို တနေ့လုံးတခန်းယူမည် ညမအိပ်ဟု ပြောကာ အခန်းတ ခု ယူကာ ပိုက်ဆံပေးလိုက်သည်။ နောက်တော့ အခန်းရှိရာသို့ တက်လာလိုက်သည်။ အခန်းလေး ထဲမှာ နှစ်ယောက်အိပ်ကုတင် လေး တလုံး နှင့် သိပ်အကျယ်ကြီးမဟုတ်သော်လည်း သပ်သပ်ယပ်ယပ် ရှိသည်။ အတွင်းထဲက တံခါးလေးတချပ်တွေ့လို့ တွန်းဖွင့် ကြည့်လိုက်တော့ ဝရံတာ သေးသေးလေး တွေ့ရသည်။ မြို့ပြရှုခင်းတွေ တွေ့နေရသည်။ တံခါးပြန်ပိတ်လိုက်သည်။ မှန်ပြတင်း […]